ဘေဘီလုံဘုရင်သည် လူအမြောက်အမြားကိုသတ်ဖြတ်ရန် မြေကတုတ်များ၊ ရဲတိုက်များကို တည်ဆောက်ထားသောအခါ ဖာရောမင်းကြီးသည် စစ်အင်အား၊ လူအင်အား အမြောက်အမြားဖြင့် သူ့ကိုစစ်ကူတိုက်မည်မဟုတ်။
ဗာဗုလုန်စစ်သည်တို့သည်လူများကိုသတ် ခြင်းငှာ မြေကတုတ်များလုပ်၍ကျုံးမြောင်း များတူးကြသောအခါ အင်အားကြီးမား သောဖာရောဘုရင်၏တပ်မတော်ပင်လျှင် ယုဒမင်းအားအကူအညီပေးနိုင်မည် မဟုတ်။-
လူ အ များ ကို ပယ် ရှား စေ ခြင်း၊ ရင် တား တည် ခြင်း၊ က တုတ် လှန် ခြင်း၊ ရန် သူ တို့ ပြု ကြ သည့် ကာ လ၊ မြောက် မြား သော ဗိုလ် ထု အ လုံး အ ရင်း ပါ သော ဖာ ရော မင်း သည်၊ စစ် ကူ ရ မည် မ ဟုတ်။
ဖာရောဘုရင်သည်လည်း လူများတို့ကိုသတ်ခြင်းငှာ၊ အားကြီးသော ဗိုလ်ပါအလုံးအရင်းများနှင့်အတူ မြေရိုးတို့ကိုဖို့၍ ရဲတိုက်တို့ကို ဆောက်သော်လည်း၊ သူ့အဖို့စစ်တိုက်၍ မနိုင်ရာ။
ကြည့်ရှုလော့။ သင်သည် ကျိုးနေသောကျူတောင်ဝှေးဖြစ်သည့် အီဂျစ်ပြည်ကို ကိုးစား၏။ ထိုတောင်ဝှေးကိုမှီလျှင် မှီသောသူ၏လက်ကို ထုတ်ချင်းပေါက်အောင် စူးတတ်၏။ အီဂျစ်ဘုရင်ဖာရောမင်းကြီးသည် မိမိအား ကိုးစားသောသူအပေါင်းတို့ကို ထိုသို့ပြုတတ်၏။
‘သူတို့သည် ခါလဒဲတပ်နှင့်တိုက်ခိုက်ရန်သွားကြသော်လည်း သူတို့၏မကောင်းမှုများကြောင့် ဤမြို့ကို ငါမျက်နှာလွှဲပြီဖြစ်၍ မြို့ထဲ၌ ငါ့အမျက်ဒေါသဖြင့်ကွပ်မျက်သော အလောင်းကောင်တို့နှင့်သာ ပြည့်လိမ့်မည်။
ထိုအချိန်တွင်ပင် ဖာရောမင်းကြီး၏စစ်တပ်ကြီး အီဂျစ်ပြည်မှချီတက်လာကြောင်း ဂျေရုဆလင်မြို့ကို ဝိုင်းထားလျက်ရှိသော ခါလဒဲစစ်သည်တို့ သတင်းကြားသောအခါ ဂျေရုဆလင်မြို့မှ တပ်ဆုတ်သွားကြ၏။
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါ့ကိုမေးလျှောက်ရန် သင့်ကိုစေလွှတ်လိုက်သော ယုဒဘုရင်အား ပြန်ပြောလော့။ သင့်ကိုစစ်ကူလာသော ဖာရောမင်းကြီး၏စစ်တပ်သည် မိမိနေရင်းအီဂျစ်ပြည်သို့ လှည့်ပြန်သွားလိမ့်မည်။
ဇေဒကိမင်းကြီးနန်းစံကိုးနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့တွင် ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် မိမိစစ်သည်အပေါင်းတို့နှင့်တကွ ဂျေရုဆလင်မြို့သို့ စစ်ချီလာ၍ မြို့ပြင်၌ စခန်းချကြ၏။ မြို့ပတ်ပတ်လည်၌ မြေကတုတ်ကိုဆောက်ကြ၏။
ငါတို့သည် ကူညီမစခြင်းကို အချည်းနှီးစောင့်မျှော်လျက် ငါတို့မျက်စိသည် အားအင်ကုန်ခန်းလေပြီ။ မကယ်တင်နိုင်သောလူမျိုးခြားကို စောင့်မျှော်နေမိပြီ။
ထို့ပြင် ထိုမြို့ကို ဝိုင်းထားသောပုံ၊ ခံတပ်ကိုတည်ထားသောပုံ၊ မြေကတုတ်ကိုလုပ်ထားသောပုံ၊ တပ်စခန်းချ၍ မြို့ပတ်ပတ်လည်တွင် တုံးမောင်းတို့ကိုချထားသောပုံကို လုပ်လော့။
မြောက်ဘုရင်သည် ချီလာ၍ မြေကတုတ်ကိုတည်ဆောက်ကာ ခံတပ်မြို့ကို သိမ်းပိုက်လိမ့်မည်။ တောင်ဘုရင်၏စစ်သည်တို့သည် သူ့ကို ခုခံနိုင်မည်မဟုတ်။ အထူးရွေးချယ်ထားသောစစ်သည်များပင် ခုခံနိုင်သောခွန်အားရှိမည်မဟုတ်။
သင်ဝိုင်းထားသောမြို့ကျရှုံးသည်အထိ တိုက်ခိုက်ရာတွင် သီးစားပင်မဟုတ်ဟု သင်သိသည့်အပင်ကို ခုတ်လှဲ၍ ကတုတ်တည်ဆောက်နိုင်၏။