ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်၍ အမိန့်တော်သံကိုနာခံကြသည့် တန်ခိုးခွန်အားကြီးသော ကိုယ်တော်၏ကောင်းကင်တမန်တို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။
ယောလ 3:11 - မြန်မာ့စံမီသမ္မာကျမ်း အရပ်ရပ်မှလူမျိုးတကာတို့၊ အလျင်အမြန်လာကြ။ ဤအရပ်၌ လာရောက်စုဝေးကြ။ အို ထာဝရဘုရား၊ ကိုယ်တော်၏စစ်သူရဲတို့ကို ကြွလာစေတော်မူပါ။ Common Language Bible အနီးအနားဝန်းကျင်ရှိလူမျိုးတကာတို့ အလျင်အမြန်လာ၍၊ ချိုင့်ဝှမ်း၌စုရုံး ကြ လော့' ဟုမိန့်တော်မူ၏။'' အို ထာဝရဘုရားထိုသူတို့အားတိုက်ခိုက်ရန် ကိုယ်တော်ရှင်၏တပ်မတော်ကိုစေလွှတ်တော် မူပါ။ Garrad Bible ပတ် ဝန်း ကျင် ရှိ သ မျှ သော အို လူ မျိုး ခြား တို့။ သင်း ဖွဲ့ စု ရုံး ချီ လာ ကြ လော့။ အို ထာ ဝ ရ ဘု ရား။ သူ ရဲ တော် တို့ လည်း ဆင်း ချီ စေ တော် မူ ပါ ဟု ကြော် ငြာ ကြ လော့။ Judson Bible ပတ်လည်၌နေသော တစ်ပါးအမျိုးသားအပေါင်းတို့၊ စုဝေး၍ လာကြလော့။ သင်းဖွဲ့ကြလော့။ စုဝေးရာအရပ်၌ သင်တို့သူရဲများကို ထာဝရဘုရားနှိမ့်ချတော်မူမည်။ |
ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်၍ အမိန့်တော်သံကိုနာခံကြသည့် တန်ခိုးခွန်အားကြီးသော ကိုယ်တော်၏ကောင်းကင်တမန်တို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။
တောအုပ်ကို ပုဆိန်နှင့်ခုတ်ပစ်တော်မူမည်။ လက်ဘနွန်တောင်သည် အားကြီးသောသူကြောင့် ပြိုလဲသွားမည်။
ငါ၏သန့်ရှင်းသူတို့ကို ငါမိန့်မှာထားပြီ။ ငါ့အမျက်တော်အတိုင်းလုပ်ဆောင်ရန် ငါဂုဏ်ယူဝင့်ကြွားရာစစ်သူရဲများကို ငါဆင့်ခေါ်ပြီ။
ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များသာ တွေ့ရ၏။
လူမျိုးတကာတို့ကို စုရုံးပြီး ယောရှဖတ်ချိုင့်ဝှမ်းလွင်ပြင်သို့ ငါခေါ်ဆောင်လာမည်။ သူတို့သည် ငါ့လူမျိုးတော်ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်စေပြီး ငါ့ပြည်ကို ကွဲပြားစေခဲ့သောကြောင့် ငါ့လူမျိုးတော်ဖြစ်သည့် ငါ့အမွေတော်အစ္စရေးတို့အတွက် သူတို့ကို ထိုအရပ်၌ ငါတရားစီရင်မည်။
သို့သော် သူတို့သည် ထာဝရဘုရား၏စိတ်တော်တို့ကို မသိ၊ အကြံအစည်တော်ကို နားမလည်ကြ။ စင်စစ် ကိုယ်တော်သည် သူတို့ကို ကောက်နယ်တလင်းမှ ကောက်လှိုင်းများကဲ့သို့ စုစည်းတော်မူမည်။
ထို့ကြောင့် ငါထ၍ လုယက်တိုက်ခိုက်မည့်နေ့ကို စောင့်နေလော့။ အကယ်စင်စစ် ငါသည် တိုင်းနိုင်ငံအရပ်ရပ်မှ လူမျိုးတကာတို့ကို ခေါ်ယူစုစည်းပြီး တရားစီရင်မည်။ ပြင်းထန်သော ငါ့အမျက်၊ ငါ့ဒေါသမီးအလုံးအရင်းကို သူတို့အပေါ်သို့သွန်ချမည်။ ငါ့ဒေါသမီးအရှိန်ကြောင့် မြေတစ်ပြင်လုံးလောင်ကျွမ်းသွားလိမ့်မည်။
ဆင်းရဲဒုက္ခခံရသောသင်တို့အား ငါတို့နှင့်အတူသက်သာခွင့်ကိုလည်းကောင်း ပြန်၍ခံစားစေမည့်အမှုသည် ဘုရားသခင်ရှေ့တော်၌ အမှန်ပင်တရားမျှတသောအမှုဖြစ်၏။
ကောင်းကင်ဗိုလ်ခြေတို့သည် စင်ကြယ်သောပိတ်ချောဖြူကိုဝတ်ဆင်လျက် မြင်းဖြူကိုစီးကာ သူ၏နောက်သို့လိုက်ကြ၏။