မကောင်းမှုပြုသောသူသည် အပြစ်ဒဏ်နှင့်မည်သို့မျှကင်းလွတ်လိမ့်မည်မဟုတ်။ ဖြောင့်မတ်သောသူတို့၏သားမြေးတို့မူကား မုချကင်းလွတ်လိမ့်မည်။
ယောရှု 9:2 - မြန်မာ့စံမီသမ္မာကျမ်း ယောရှုနှင့်အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရန် တစ်ဖွဲ့တည်း ပူးပေါင်းကြလေ၏။ Common Language Bible သူတို့သည်ယောရှုနှင့်ဣသရေလအမျိုး သားတို့အား စုပေါင်း၍တိုက်ခိုက်ရန်သဘော တူကြ၏။ Garrad Bible ယော ရှု နှင့် ဣ သ ရ လ တပ် ကို တစ် ညီ တစ် ညွတ် တည်း တိုက် ခိုက် ရန် စု ဝေး ကြ သ တည်း။ Judson Bible ယောရှုနှင့် ဣသရေလအမျိုးသားတို့ကို စစ်တိုက်ခြင်းငှာ တညီတညွတ်တည်း စည်းဝေးကြ၏။ |
မကောင်းမှုပြုသောသူသည် အပြစ်ဒဏ်နှင့်မည်သို့မျှကင်းလွတ်လိမ့်မည်မဟုတ်။ ဖြောင့်မတ်သောသူတို့၏သားမြေးတို့မူကား မုချကင်းလွတ်လိမ့်မည်။
တစ်စုံတစ်ဦးသည် သင့်ကို ရန်ပြုခဲ့လျှင် ထိုအမှုသည် ငါ့ထံမှလာသည်မဟုတ်။ သင့်ကိုရန်ပြုသောသူသည် သင့်ရှေ့၌ကျဆုံးလိမ့်မည်။
“လျှို့ဝှက်ကြံစည်မှုပါတကားဟု ဤလူမျိုးတို့ပြောဆိုတိုင်း လျှို့ဝှက်ကြံစည်မှုပါတကားဟု သင်တို့လိုက်မပြောကြနှင့်။ သူတို့ကြောက်ရွံ့သောအရာကို မကြောက်ရွံ့ကြနှင့်။ မထိတ်လန့်ကြနှင့်။
ထို့ကြောင့် အာမောရိဘုရင်ငါးပါးဖြစ်သော ဂျေရုဆလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်တို့သည် သူတို့၏စစ်သည်အပေါင်းတို့နှင့်တကွ ပူးပေါင်းစစ်ချီကြ၏။ ဂိဗောင်မြို့အနီး၌ စခန်းချ၍ ဂိဗောင်မြို့ကို တိုက်ခိုက်ကြ၏။
ဟာဇော်ဘုရင် ယာဘိန်မင်းကြီးသည် အစ္စရေးလူမျိုးတို့၏သတင်းကို ကြားသောအခါ မာဒုန်ဘုရင်ယောဗပ်မင်းကြီး၊ ရှိမရုန်ဘုရင်၊ အာခရှပ်ဘုရင်တို့ထံသို့လည်းကောင်း၊
ထိုဘုရင်အားလုံး စုရုံးကြ၍ အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်ရန် မေရုံအိုင်နားတွင် လာရောက်စခန်းချကြ၏။
သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ဂျေရိခေါမြို့သို့ရောက်သောအခါ ဂျေရိခေါမြို့သားတို့အပါအဝင် အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ ဟိဝိလူမျိုးနှင့် ယေဗုသိလူမျိုးတို့သည် သင်တို့ကိုတိုက်ခိုက်ကြ၏။ ထိုသူတို့ကိုလည်း သင်တို့လက်သို့ ငါအပ်၏။
ထိုဝိညာဉ်တို့သည် နိမိတ်လက္ခဏာများကိုပြုသော နတ်ဆိုးတို့၏ဝိညာဉ်များဖြစ်ကြ၏။ ၎င်းတို့သည် ကမ္ဘာတစ်ဝန်းလုံးရှိ ဘုရင်များကို အနန္တတန်ခိုးရှင်ဘုရားသခင်၏နေ့ရက်ကြီးနှင့်ဆိုင်သောစစ်ပွဲအတွက်စုဝေးစေရန် ထိုဘုရင်များထံသို့ ထွက်ခွာသွားကြ၏။