ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ယောရှု 22:10 - မြန်မာ့စံမီသမ္မာကျမ်း ရုဗင်သားမြေး၊ ဂဒ်သားမြေး၊ မနာရှေသားမြေးတစ်ဝက်တို့သည် ခါနာန်ပြည်၊ ဂျော်ဒန်မြစ်အနီးသို့ရောက်သောအခါ ထင်ရှားမြင်သာသော ယဇ်ပလ္လင်ကြီးတစ်ခုကို တည်လေ၏။ Common Language Bible ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့်အရှေ့ မနာရှေအနွယ်ဝင်တို့သည်ယော်ဒန်မြစ် အနောက်ဘက် ဂဲလိလော့အရပ်သို့ရောက်ရှိကြသောအခါ မြစ်အနီးတွင်ကြီးကျယ်ခမ်းနားသောယဇ် ပလ္လင်ကိုတည်ဆောက်ကြ၏။- Garrad Bible ခါ နာန် ပြည်၊ ယော် ဒန် ခ ရိုင် သို့ ရောက် သော် ယော် ဒန် မြစ် အ နီး ထင် ရှာ သော ပ လ္လင် ကြီး ကို တည် ကြ ၏။ Judson Bible ခါနာန်ပြည်၊ ယော်ဒန်မြစ်နားသို့ ရောက်သောအခါ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့သည် ယော်ဒန်မြစ်နားမှာ ထင်ရှားစွာသော ယဇ်ပလ္လင်ကြီးကို တည်ကြ၏။ |
ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ထို့နောက် သူသည် ထိုအရပ်မှ ဗေသလမြို့အရှေ့ဘက်ရှိ တောင်ပေါ်ဒေသသို့ရွှေ့ပြောင်း၍ တဲကိုဆောက်လေ၏။ ထိုအရပ်၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့ရှိ၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ ထာဝရဘုရား၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြု၏။
ယာကုပ်သည် နံနက်စောစောထ၍ သူခေါင်းအုံးခဲ့သောကျောက်ကိုယူကာ မှတ်တိုင်အဖြစ်စိုက်ထူပြီးလျှင် ထိပ်ဖျား၌ ဆီကိုလောင်းလေ၏။
ထိုနေ့ရက်တွင် အီဂျစ်ပြည်အလယ်၌ ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုရှိလိမ့်မည်။ ထိုပြည်၏နယ်စပ်၌ ထာဝရဘုရားအတွက် ကျောက်တိုင်တစ်တိုင်ရှိလိမ့်မည်။
“ကြည့်ရှုလော့။ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့သည် အစ္စရေးအမျိုးသားတို့နယ်မြေ၊ ဂျော်ဒန်မြစ်အနီး၊ ခါနာန်ပြည်နယ်စပ်၌ ယဇ်ပလ္လင်တည်ကြပြီ”ဟု ပြောဆိုကြသည်ကို အစ္စရေးအမျိုးသားတို့ကြားကြ၏။
သို့ဖြစ်၍ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့သည် အစ္စရေးအမျိုးသားတို့ရှိရာ ခါနာန်ပြည်၊ ရှိလောမြို့မှထွက်ခွာ၍ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူထားသည့်အတိုင်း မိမိတို့အပိုင်ရရှိခဲ့သောဂိလဒ်ပြည်သို့ ပြန်သွားကြ၏။