သူတို့၏အမျက်သည် ခက်ထန်၍ သူတို့၏ဒေါသသည် ကြမ်းတမ်းသောကြောင့် ကျိန်ဆဲခြင်းခံရပါစေ။ ငါသည် သူတို့ကို ယာကုပ်အမျိုးထဲတွင် ကွဲပြားစေမည်။ အစ္စရေးလူမျိုးထဲတွင် ကွဲလွင့်စေမည်။
ယောရှု 21:1 - မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုး၏အိမ်ထောင်စုအကြီးအမှူးတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုနှင့် အစ္စရေးအမျိုးအနွယ်တို့၏အိမ်ထောင်စုအကြီးအမှူးတို့ရှိရာ ခါနာန်ပြည်၊ ရှိလောအရပ်သို့လာ၍ Common Language Bible လေဝိအနွယ်မိသားစုခေါင်းဆောင်တို့သည် ခါနာန်ပြည်၊ ရှိလောမြို့နေယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုနှင့်ဣသရေလ အနွယ်အပေါင်းတို့၏မိသားစုအကြီးအကဲ တို့ထံသို့ချဉ်းကပ်၍``ထာဝရဘုရားသည် အကျွန်ုပ်တို့နေထိုင်ရန်မြို့များနှင့်အကျွန်ုပ် တို့၏သိုးနွားများအတွက် ယင်းမြို့များပတ် ဝန်းကျင်ရှိစားကျက်များကိုသတ်မှတ်ပေး ရမည်ဟူ၍ မောရှေမှတစ်ဆင့်မိန့်မှာတော် မူခဲ့ပါသည်'' ဟုလျှောက်ထားကြ၏။- Garrad Bible ထို နောက် ခါ နာန် ပြည်၊ ရှိ လော မြို့ နေ၊ ပ ရော ဟိတ် ဧ လာ ဇာ၊ နုန့် သား ယော ရှု နှင့် ဣ သ ရေ လ အ မျိုး အ နွယ် အိမ် ထောင် အ အုပ် အ ချုပ် တို့ ထံ လေ ဝိ အ နွယ် အိမ် ထောင် အ အုပ် အ ချုပ် တို့ ချဉ်း လာ၍ ကျွန်ုပ် တို့ နေ ထိုင် ရန် ဝ တ္ထု ကံ မြို့ များ နှင့် တိ ရ စ္ဆာန် စား ကျက် များ ကို ပေး စေ ခြင်း ငှါ၊ မော ရှေ အား ဖြင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ ပါ ပြီ ဟု လျှောက် ဆို ကြ သည့် အ တိုင်း၊ Judson Bible လေဝိသား အဆွေအမျိုးသူကြီးတို့သည်၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ ဣသရေလအမျိုးတို့တွင် အဆွေအမျိုးသူကြီးတို့ထံသို့ချဉ်းကပ်၍၊ |
သူတို့၏အမျက်သည် ခက်ထန်၍ သူတို့၏ဒေါသသည် ကြမ်းတမ်းသောကြောင့် ကျိန်ဆဲခြင်းခံရပါစေ။ ငါသည် သူတို့ကို ယာကုပ်အမျိုးထဲတွင် ကွဲပြားစေမည်။ အစ္စရေးလူမျိုးထဲတွင် ကွဲလွင့်စေမည်။
အစ္စရေးလူမျိုးတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများကား ဤသူတို့တည်း။ အစ္စရေး၏သားဦးဖြစ်သူရုဗင်၏သားများမှာ ဟာနုတ်၊ ဖာလု၊ ဟေဇရုန်၊ ကာမိ တို့ဖြစ်ကြ၏။ ဤသည်ကား ရုဗင်၏မျိုးနွယ်စုဖြစ်၏။
အာရုန်၏သား ဧလာဇာသည် ပုတျေလ၏သမီးတစ်ယောက်နှင့်စုံဖက်၍ ထိုမိန်းမသည် သူ့အတွက် ဖိနဟတ်ကို မွေးဖွားပေး၏။ ဤသည်ကား မျိုးနွယ်စုအလိုက် လေဝိဘိုးဘေးတို့၏အကြီးအမှူးများ ဖြစ်ကြ၏။
တစ်ဖန် ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ ထာဝရဘုရားက မောရှေအား
သင်တို့ပေးသောမြို့များသည် အစ္စရေးအမျိုးသားတို့ပိုင်ဆိုင်ရာမြေထဲမှ ဖြစ်ရမည်။ ပိုင်ဆိုင်ရာမြေများလျှင် များသည့်အလျောက်၊ နည်းလျှင် နည်းသည့်အလျောက် အသီးသီးရရှိသောအမွေပမာဏနှင့်အညီ လေဝိအမျိုးတို့အား မြို့များကို ပေးရမည်”ဟု မိန့်တော်မူ၏။
ခါနာန်ပြည်တွင် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သား ယောရှုနှင့် အစ္စရေးအမျိုးအနွယ်တို့၏အိမ်ထောင်စုအကြီးအမှူးများက အမွေခွဲပေး၍ အစ္စရေးအမျိုးသားတို့ ရရှိသောအမွေမြေကား ဤသို့တည်း။
ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုနှင့် ခေါင်းဆောင်တို့ထံ လာ၍ “အကျွန်ုပ်တို့ကို အကျွန်ုပ်တို့မောင်နှမများနှင့်အတူ အမွေပေးရမည်ဟု ထာဝရဘုရားက မောရှေကို မိန့်မှာခဲ့ပါ၏”ဟု ဆိုသဖြင့် ထာဝရဘုရား မိန့်မှာခဲ့သည့်အတိုင်း သူတို့အား သူတို့ဖခင်၏ညီအစ်ကိုတို့နှင့်အတူ အမွေမြေကို ခွဲဝေပေး၏။
ဤရွေ့ကား ရှိလောအရပ်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်တွင် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ အစ္စရေးအမျိုးအနွယ်တို့၏ခေါင်းဆောင်တို့က မဲချခွဲဝေပေးသောအမွေမြေများ ဖြစ်၏။ ဤသို့ဖြင့် ပြည်ကိုခွဲဝေယူခြင်းအမှု ပြီးစီးလေ၏။