‘ကိုယ်တော့်ကို မမြင်ရ’ဟု သင်မည်သို့ပင်ဆိုစေကာမူ သင့်အမှုသည် ရှေ့တော်သို့ရောက်နှင့်နေပြီဖြစ်၍ ကိုယ်တော်ကိုသာ စောင့်မျှော်လျက်နေပါတော့။
ယောဘဝတ္တု။ 9:11 - မြန်မာ့စံမီသမ္မာကျမ်း ငါ့အနားမှ ဖြတ်သွားသည်ကို ငါမမြင်။ ငါ့ကို ကျော်သွားသော်လည်း ကိုယ်တော်ကို ငါမမှတ်မိ။ Common Language Bible ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ ရှောက်ဘွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ။ Garrad Bible အ နား မှာ သီ ကြွ တော် မူ၍ ငါ မ မြင်၊ လွန် ကြွ တော် မူ၍ လည်း၊ ငါ မ သိ။ Judson Bible ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကို ငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ။ |
‘ကိုယ်တော့်ကို မမြင်ရ’ဟု သင်မည်သို့ပင်ဆိုစေကာမူ သင့်အမှုသည် ရှေ့တော်သို့ရောက်နှင့်နေပြီဖြစ်၍ ကိုယ်တော်ကိုသာ စောင့်မျှော်လျက်နေပါတော့။
ကိုယ်တော်၏လမ်းသည် ပင်လယ်ကိုဖြတ်ကျော်၍ ကိုယ်တော်၏လမ်းခရီးသည် ကျယ်ဝန်းသောရေပြင်ကို ဖြတ်ကျော်ပါ၏။ သို့သော် ကိုယ်တော်၏ခြေရာတော်တို့ကို မသိမမြင်ရပါ။
ကိုယ်တော်တစ်ပါးတည်းသာလျှင် သေခြင်းနှင့်ကင်းသောအဖြစ်၌ရှိလျက် ချဉ်းကပ်၍မရသောအလင်း၌ ကိန်းဝပ်တော်မူ၏။ လူတို့တွင် မည်သူတစ်ဦးတစ်ယောက်မျှ ကိုယ်တော်ကိုမမြင်ဖူးသကဲ့သို့ မြင်လည်းမမြင်နိုင်ပေ။ ထိုဘုရားသခင်၌ ဂုဏ်သရေနှင့်ထာဝရတန်ခိုးအရှိန်အဝါရှိတော်မူပါစေသော။ အာမင်။