ခေါင်းထောင်မိလျှင် ကိုယ်တော်သည် အကျွန်ုပ်ကိုခြင်္သေ့ကဲ့သို့လိုက်ဖမ်း၍ အကျွန်ုပ်အား ကြောက်မက်ဖွယ်အမှုကို ပြတော်မူဦးမည်။
ယောဘဝတ္တု။ 5:9 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ကြီးမြတ်သောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ မရေတွက်နိုင်သောအံ့ဖွယ်အမှုတို့ကို ပြုတော်မူ၏။ Common Language Bible ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။ Garrad Bible ကိုယ် တော် သည်၊ စူး စမ်း၍ မ မီ နိုင် သော တန် ခိုး များ ကိုလည်း ကောင်း၊ ရေ တွက်၍ မ ကုန် နိုင် သော အံ့ ဖွယ် ရာ များ ကိုလည်း ကောင်း၊ စီ ရင် တော် မူ၏။ Judson Bible ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍ မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဖွယ်သောအမှုတို့ကို ပြုတော်မူ၏။ |
ခေါင်းထောင်မိလျှင် ကိုယ်တော်သည် အကျွန်ုပ်ကိုခြင်္သေ့ကဲ့သို့လိုက်ဖမ်း၍ အကျွန်ုပ်အား ကြောက်မက်ဖွယ်အမှုကို ပြတော်မူဦးမည်။
စင်စစ် ဤအရာအားလုံးကို ငါ့မျက်စိဖြင့်မြင်ရပြီ၊ ငါ့နားဖြင့်ကြားရ၍ နားလည်ပြီ။
အို ယောဘ၊ နားထောင်ပါလော့။ ငြိမ်ဝပ်စွာနေ၍ ဘုရားသခင်ပြုသောအံ့ဖွယ်အမှုတို့ကို ဆင်ခြင်ကြည့်ပါလော့။
တိမ်တိုက်များ မည်သို့လွင့်မျောနေသည်ကို သင်သိပါသလော။ ထိုအမှုသည် အလုံးစုံကိုသိမြင်သောအရှင် ပြုတော်မူသည့် အံ့ဖွယ်အမှုဖြစ်၏။
ဘုရားသခင်သည် အံ့ဖွယ်သောအသံတော်ဖြင့် မိုးခြိမ်းစေတော်မူ၏။ ကြီးမြတ်သောအမှု၊ ငါတို့နားမလည်နိုင်သောအမှုကို ပြုတော်မူ၏။
‘အသိဉာဏ်မရှိဘဲ အကြံအစည်တော်ကို မျက်ကွယ်ပြုသူကား မည်သူနည်း’ဟု ကိုယ်တော်မေးတော်မူပါ၏။ မှန်ပါ၏။ အကျွန်ုပ်နားမလည်သောအရာ၊ အကျွန်ုပ်အတွက် အံ့မခန်းဖြစ်သောအရာ၊ အကျွန်ုပ်မသိနိုင်သောအရာများကို ပြောဆိုမိပါပြီ။
စူးစမ်း၍မကုန်နိုင်သည့် ကြီးမြတ်သောအမှုများ၊ ရေတွက်၍မကုန်နိုင်သည့် အံ့ဖွယ်သောအမှုများကို ပြုတော်မူ၏။
ထိုအတွေးအကြံတို့ကို ရေတွက်မည်ဆိုလျှင် သဲပွင့်များထက်မက များပြားကြပါလိမ့်မည်။ အကျွန်ုပ်နိုးလာသောအခါ ကိုယ်တော်နှင့်အတူ ဆက်၍ရှိနေဦးမည်။
ထာဝရဘုရားသည် ကြီးမြတ်တော်မူ၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကို စူးစမ်း၍မကုန်နိုင်။
အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတည်းဟူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများနှင့် အကျွန်ုပ်တို့အတွက် ကိုယ်တော်၏အကြံအစည်များသည် များပြားလှပါ၏။ ကိုယ်တော်နှင့်နှိုင်းယှဉ်ရမည့်သူမရှိပါ။ ထိုအမှုတို့ကို အကျွန်ုပ်ထုတ်ဖော်၍ပြောဆိုသောအခါ ရေတွက်မကုန်နိုင်အောင် များပြားလှပါ၏။
ကိုယ်တော်သည် ယဇ်ကောင်နှင့်ပူဇော်သက္ကာကို နှစ်သက်တော်မမူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏နားကိုဖွင့်ပေးတော်မူ၏။ ကိုယ်တော်သည် မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်ကို တောင်းတော်မမူပါ။
အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာပြုတော်မူသော အစ္စရေးလူမျိုးတို့၏ဘုရားသခင်တည်းဟူသော ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။
အကြောင်းမူကား ကိုယ်တော်သည် ကြီးမြတ်၍ အံ့ဖွယ်သောအမှုတို့ကိုပြုတော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူ၏။
ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သူ့အချိန်နှင့်သူလှပအောင်ပြင်ဆင်တော်မူပြီး လူ၏စိတ်နှလုံးထဲ၌ ထာဝရကာလကိုလည်း ထည့်သွင်းထားတော်မူ၏။ သို့သော် အစမှအဆုံးအထိဘုရားသခင်ပြုတော်မူသောအမှုကို လူသည် ရှာဖွေ၍မတွေ့နိုင်။
သင်မသိသလော။ သင်မကြားဖူးသလော။ ထာဝရဘုရားသည် အစဉ်အမြဲတည်တော်မူသောဘုရားသခင်၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် အားအင်ကုန်ခန်းတော်မမူ။ မောပန်းတော်မမူ။ ကိုယ်တော်၏ဉာဏ်ကို စစ်၍မကုန်နိုင်။
ဘုရားသခင်၏အသိပညာနှင့်ဉာဏ်ပညာတော်တို့၏ကြွယ်ဝမှုသည် နက်နဲလှပါတကား။ စီရင်တော်မူချက်တို့ကို စူးစမ်းလေ့လာ၍မကုန်နိုင်။ လမ်းတော်တို့ကိုလည်း ချင့်မျှော်တွေးဆ၍မရနိုင်။