ဖြောင့်မတ်သောသူသည် ဒုက္ခများစွာခံရသော်လည်း ထိုဒုက္ခအားလုံးထဲမှ သူ့ကို ထာဝရဘုရားကယ်နုတ်တော်မူ၏။
ယောဘဝတ္တု။ 5:19 - မြန်မာ့စံမီသမ္မာကျမ်း ဆင်းရဲဒုက္ခခြောက်မျိုးထဲမှ သင့်ကို ကယ်နုတ်တော်မူမည်။ ခုနစ်မျိုးသောဘေးအန္တရာယ်သည်လည်း သင့်ကို ထိခိုက်နိုင်မည်မဟုတ်။ Common Language Bible သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။ Garrad Bible ဘေး ခြောက် ပါး မှ သင့် ကို လွတ် မြောက် စေ၍၊ မု ချ အား ဖြင့် ဘေး ခု နစ် ပါး ထိ ခိုက် ခွင့် ပြု တော် မ မူ။ Judson Bible သင့်ကို အမှုခြောက်ပါးထဲက နုတ်ယူတော်မူသည် သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစ်စုံတစ်ခုမျှ မထိမခိုက်ရ။ |
ဖြောင့်မတ်သောသူသည် ဒုက္ခများစွာခံရသော်လည်း ထိုဒုက္ခအားလုံးထဲမှ သူ့ကို ထာဝရဘုရားကယ်နုတ်တော်မူ၏။
သူ၏အရိုးရှိသမျှတို့ကိုစောင့်ရှောက်တော်မူ၍ ထိုအရိုးတစ်ချောင်းမျှချိုးဖဲ့ခြင်းမခံရ။
လူတို့ကို အကျွန်ုပ်တို့၏ခေါင်းပေါ်၌ ကျော်နင်းစေတော်မူပြီ။ အကျွန်ုပ်တို့သည် မီးထဲ၌လည်းကောင်း၊ ရေထဲ၌လည်းကောင်း ဖြတ်သွားကြရပါ၏။ သို့သော် ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကြွယ်ဝသောအရပ်သို့ခေါ်ဆောင်တော်မူ၏။
သူသည် ငါ့ကိုခေါ်သောအခါ သူ့ကိုငါထူးမည်။ ဆင်းရဲဒုက္ခရောက်သောအခါ သူနှင့်အတူငါရှိမည်။ ငါသည် သူ့ကိုကယ်မ၍ သူ့ကိုဂုဏ်ပြုမည်။
အကြောင်းမူကား ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲကျသော်လည်း ပြန်ထလိမ့်မည်။ ဆိုးယုတ်သောသူတို့မူကား ဘေးအန္တရာယ်ကြောင့် ကျရှုံးရလိမ့်မည်။
ထာဝရဘုရားမုန်းတော်မူသောအရာခြောက်ပါးမက ကိုယ်တော်၏စိတ်ဝိညာဉ် စက်ဆုပ်ရွံရှာတော်မူသောအရာခုနစ်ပါးမှာ
သင်သည် ရေကိုဖြတ်ကူးသောအခါ သင်နှင့်အတူငါရှိမည်။ မြစ်ကိုဖြတ်ကူးသောအခါ သင့်ကို ရေလွှမ်းမည်မဟုတ်။ မီးထဲလျှောက်သောအခါ သင့်ကိုမီးလောင်မည်မဟုတ်။ မီးလျှံသည် သင့်ကို ဟပ်မည်မဟုတ်။
ထာဝရဘုရားက ထိုနေ့၌ သင့်ကို ငါကယ်နုတ်မည်။ သင်ကြောက်သောသူတို့လက်သို့ သင်မရောက်ရ။
အကျွန်ုပ်တို့ ကိုးကွယ်သောဘုရားသခင်သည် မီးတောက်လောင်နေသောမီးပြင်းဖိုထဲမှ အကျွန်ုပ်တို့ကို ကယ်တင်နိုင်ပါ၏။ အရှင်မင်းကြီးလက်မှလည်း အကျွန်ုပ်တို့ကို ကယ်တင်တော်မူလိမ့်မည်။
ရှင်ဘုရင်ကလည်း “ကြည့်ကြလော့။ လူလေးဦးတို့သည် ထိခိုက်မှုမရှိ။ အတုပ်အနှောင်ကင်းလျက် မီးထဲ၌သွားလာနေကြသည်ကို ငါမြင်ရ၏။ လေးယောက်မြောက်သောသူသည် ဘုရားသားတော်နှင့်အဆင်းသဏ္ဌာန် တူ၏”ဟု မိန့်ဆို၏။
ထို့ကြောင့် ရှင်ဘုရင်အမိန့်ပေး၍ သူတို့သည်လည်း ဒံယေလကို ခေါ်လာကြပြီး ခြင်္သေ့တွင်းထဲသို့ ပစ်ချလိုက်လေ၏။ ရှင်ဘုရင်ကလည်း ဒံယေလအား “သင် အမြဲကိုးကွယ်သောသင်၏ဘုရားသခင်သည် သင့်ကိုကယ်တင်တော်မူပါစေသော”ဟု မိန့်ဆို၏။
ထို့နောက် ကျောက်တုံးတစ်တုံးသယ်လာကြပြီး တွင်းဝကို ပိတ်ထားကြ၏။ ဒံယေလနှင့်ပတ်သက်၍ ချမှတ်ထားသည့်အရာ အပြောင်းအလဲမဖြစ်စေရန် ရှင်ဘုရင်သည် မိမိတံဆိပ်တုံးနှင့် မှူးမတ်တို့တံဆိပ်တုံးကို တွင်းဝတွင် ခတ်နှိပ်ထားလေ၏။
လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့ခံနိုင်သည်ထက် ပိုလွန်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အားခံစေတော်မူလိမ့်မည်မဟုတ်။ ထို့ပြင် သင်တို့ခံနိုင်မည့်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းနှင့်တကွ ထွက်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူလိမ့်မည်။
ညီအစ်ကိုတို့၊ အာရှပြည်၌ ငါတို့ကြုံတွေ့ရသောဆင်းရဲဒုက္ခအကြောင်းကို သင်တို့မသိဘဲ မနေစေလိုပါ။ ငါတို့သည် မိမိတို့ခံနိုင်စွမ်းရှိသည်ထက်ပိုလွန်သည့် အတိုင်းထက်အလွန်ကြီးလေးသောဒုက္ခကိုခံခဲ့ရသဖြင့် အသက်ရှင်ရန်ပင် မျှော်လင့်ချက်ကင်းမဲ့ကာ
သို့ဖြစ်၍ ထာဝရဘုရားသည် ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့ရက်၌ အပြစ်ဒဏ်ခံစေရန်ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။