သူတို့ကို မြေမှုန့်ထဲမှာ အတူမြှုပ်ပစ်လိုက်ပါ။ မှောင်မိုက်ထဲ၌ သူတို့မျက်နှာကို စည်းထားလိုက်ပါ။
ယောဘဝတ္တု။ 40:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ပြုနိုင်လျှင် သင့်လက်ရုံးသည် သင့်ကို ကာကွယ်နိုင်ပါသည်တကားဟု ငါအသိအမှတ်ပြုမည်။ Common Language Bible သို့ပြုလျှင် သင်၏လက်ျာလက်ရုံးသည် သင့်ကို ကယ်တင်နိုင်သည်ဟု ငါဝန်ခံမည်။ Garrad Bible သို့ ပြု လျှင်၊ ကိုယ့် လက် ရုံး ဖြင့် ကိုယ် ကို ကယ် နိုင် လေ စွ ဟု၊ ငါ ချီး မွမ်း လိမ့် သ တည်း။ Judson Bible သို့ပြုလျှင် သင်၏လက်ယာလက်ရုံးသည် သင့်ကို ကယ်တင်နိုင်သည်ဟု ငါဝန်ခံမည်။ |
သူတို့ကို မြေမှုန့်ထဲမှာ အတူမြှုပ်ပစ်လိုက်ပါ။ မှောင်မိုက်ထဲ၌ သူတို့မျက်နှာကို စည်းထားလိုက်ပါ။
ဗေဟမုတ်ကို ကြည့်လော့။ သင့်ကိုငါဖန်ဆင်းသကဲ့သို့ သူ့ကိုလည်း ငါဖန်ဆင်းခဲ့၏။ သူသည် နွားကဲ့သို့ မြက်ကိုစား၏။
အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။
အကြောင်းမူကား အကျွန်ုပ်သည် အကျွန်ုပ်၏လေးကိုမကိုးစားပါ။ အကျွန်ုပ်၏ဓားသည်လည်း အကျွန်ုပ်ကိုမကယ်တင်နိုင်ပါ။
ကိုယ်တော်သည် မောပန်းသောသူတို့ကို ခွန်အားပေးတော်မူ၏။ အစွမ်းမရှိသောသူတို့ကို စွမ်းအားနှင့်ပြည့်စုံစေတော်မူ၏။
ငါတို့အားနည်းလျက်ရှိနေကြစဉ် ခရစ်တော်သည် အချိန်တန်သည်နှင့် ဘုရားတရားမဲ့သောသူများအတွက် အသေခံတော်မူ၏။