သင်ဖြောင့်မတ်လျှင်လည်း ကိုယ်တော့်ကို မည်သို့ပြုပေးနိုင်မည်နည်း။ သင့်လက်မှ ကိုယ်တော် မည်သည့်အရာကို ရရှိနိုင်မည်နည်း။
သင်သည် ဖြောင့်မတ်သော်လည်း၊ ဘုရားသခင်၏ အကျိုးတော်ကို အဘယ်သို့ပြုစုနိုင်သနည်း။ သင့်လက် မှ အဘယ်ကျေးဇူးကို ခံတော်မူမည်နည်း။
ဖြောင့် မတ် လျှင် မူ ကား၊ မည် သည့် ပ ဏ္ဏာ၊ မည် သည့် လက် ဆောင် ကို ရ တော် မူ သ နည်း။
သင်သည် ဖြောင့်မတ်သော်လည်း၊ ဘုရားသခင်၏အကျိုးတော်ကို အဘယ်သို့ပြုစုနိုင်သနည်း။ သင့်လက်မှ အဘယ်ကျေးဇူးကို ခံတော်မူမည်နည်း။
အကျွန်ုပ်တို့အား ဤမျှလောက်စေတနာစိတ်နှင့်ပေးလှူနိုင်ခွင့်ကိုပေးသနားသည်မှာ အကျွန်ုပ်ကား မည်သူဖြစ်ပါသနည်း။ အကျွန်ုပ်၏လူတို့ကား မည်သူတို့ဖြစ်ကြပါသနည်း။ အရာခပ်သိမ်းတို့သည် ကိုယ်တော့်ထံမှဖြစ်၍ ကိုယ်တော်ပိုင်သမျှကို အကျွန်ုပ်တို့ ပြန်လည်ပေးလှူကြပါ၏။
သင်ဆိုးယုတ်လျှင် သင်ကဲ့သို့သောလူကို ထိခိုက်နိုင်၏။ သင်ဖြောင့်မတ်လျှင် လူသားကို အကျိုးပြုနိုင်၏။
ငါသည်ထာဝရဘုရားအား “ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားရှင်ဖြစ်တော်မူ၏။ ကိုယ်တော်မှတစ်ပါး အခြားသောကောင်းကျိုးချမ်းသာ အကျွန်ုပ်၌မရှိပါ”ဟု လျှောက်၏။
သင်သည် ဉာဏ်ပညာရှိလျှင် ထိုဉာဏ်ပညာရှိခြင်းသည် သင့်အတွက်ဖြစ်၏။ သင်သည် ပြက်ရယ်ပြုလျှင် သင်သာ ခံရလိမ့်မည်။
ထိုနည်းတူ သင်တို့သည်လည်း သင်တို့အားစေခိုင်းသည့်အရာအားလုံးကို ဆောင်ရွက်ပြီးသောအခါ ‘အကျွန်ုပ်တို့သည် အကျိုးမပြုသောအစေအပါးများဖြစ်ကြပါ၏။ ဆောင်ရွက်ရမည့်အမှုကို ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါ၏’ဟု ဆိုကြလော့”ဟူ၍ မိန့်တော်မူ၏။
မိမိအပေါ် ကိုယ်တော်ကျေးဇူးတုံ့ပြန်ရလေအောင် မည်သူသည် ကိုယ်တော်အား ဦးစွာကျေးဇူးပြုဖူးသနည်း။”