ခေါင်းထောင်မိလျှင် ကိုယ်တော်သည် အကျွန်ုပ်ကိုခြင်္သေ့ကဲ့သို့လိုက်ဖမ်း၍ အကျွန်ုပ်အား ကြောက်မက်ဖွယ်အမှုကို ပြတော်မူဦးမည်။
ယောဘဝတ္တု။ 30:15 - မြန်မာ့စံမီသမ္မာကျမ်း ထိတ်လန့်ဖွယ်ဘေးတို့သည် ငါ့ထံသို့ ပြေးဝင်လာ၍ ငါ့ဂုဏ်သရေကို လေကဲ့သို့ တိုက်ချလေပြီ။ ငါ၏စည်းစိမ်ဥစ္စာကိုလည်း တိမ်တိုက်ကဲ့သို့ လွင့်မျောသွားစေပြီ။ Common Language Bible ကြောက်မက်ဘွယ်သော အရာတို့သည် ငါ့ အပေါ်သို့ရောက်၍၊ လေတိုက်သကဲ့သို့ ငါ့ဘုန်းကို လိုက် သဖြင့်၊ ငါ့စည်းစိမ်သည် မိုဃ်းတိမ်ကဲ့သို့ လွင့်ကုန်ပြီ။ Garrad Bible ဥ ပဒ် များ သည် ငါ့ အ ပေါ် တွင် လှည့် ရောက်၍၊ ငါ့ အ သ ရေ ကို လေ ကဲ့ သို့ လိုက် လံ ကြ သ ဖြင့်၊ ချမ်း သာ သု ခ သည် မိုး တိမ် ကဲ့ သို့ လွင့် ပါး လေ ပြီ။ Judson Bible ကြောက်မက်ဖွယ်သော အရာတို့သည် ငါ့အပေါ်သို့ရောက်၍၊ လေတိုက်သကဲ့သို့ ငါ့ဘုန်းကို လိုက်သဖြင့်၊ ငါ့စည်းစိမ်သည် မိုးတိမ်ကဲ့သို့ လွင့်ကုန်ပြီ။ |
ခေါင်းထောင်မိလျှင် ကိုယ်တော်သည် အကျွန်ုပ်ကိုခြင်္သေ့ကဲ့သို့လိုက်ဖမ်း၍ အကျွန်ုပ်အား ကြောက်မက်ဖွယ်အမှုကို ပြတော်မူဦးမည်။
ငါကြောက်ရွံ့ထိတ်လန့်သောအရာသည် ငါ့အပေါ်သို့ ကျရောက်လာပြီ။ ငါစိုးရိမ်သောအမှုကို ငါကြုံရလေပြီ။
အပေါက်အကျယ်ကြီးကို ဖြတ်ဝင်လာသကဲ့သို့ သူတို့သည် ဝင်လာကြ၍ တစ်ဟုန်ထိုးပြေးလာကြ၏။
ဘုရားသခင်ထံမှလာမည့်ဘေးဒုက္ခကို ငါကြောက်၏။ ဘုန်းတော်ကြောင့် မည်သည့်အမှုကိုမျှ ငါမပြုဝံ့ပါ။
အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။
ကိုယ်တော်သည် အိပ်မက်များဖြင့် အကျွန်ုပ်ကို ခြောက်လှန့်ပြီး စိတ်အာရုံများဖြင့် အကျွန်ုပ်ကို ခြိမ်းခြောက်တော်မူ၏။
လေလွင့်ပျောက်ကွယ်သွားတတ်သောမိုးတိမ်ကဲ့သို့ မရဏာနိုင်ငံသို့ဆင်းသွားသောသူလည်း ပြန်တက်လာနိုင်မည်မဟုတ်။
ရန်သူ၏အသံနှင့် ဆိုးယုတ်သောသူ၏ဖိစီးမှုကြောင့် စိတ်ရှုပ်ထွေးနေပါ၏။ အကြောင်းမူကား သူတို့သည် အကျွန်ုပ်အပေါ် ဆင်းရဲဒုက္ခကျရောက်စေ၍ အကျွန်ုပ်ကိုအမျက်ထွက်လျက် အငြိုးထားကြပါ၏။
အကျွန်ုပ်သည် ငယ်ရွယ်စဉ်မှစ၍ အဖိနှိပ်ခံရလျက် သေလုနီးပါးဖြစ်ရပါ၏။ ကိုယ်တော်နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာများနှင့်ကြုံရ၍ စိတ်ပျက်အားငယ်ရပါ၏။
ကိုယ်တော်၏ပြင်းထန်သောအမျက်တော်သည် အကျွန်ုပ်ကိုလွှမ်းမိုးသွား၍ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာများသည် အကျွန်ုပ်ကို ဖယ်ရှားသုတ်သင်ကြပါ၏။
သင်ကျူးလွန်သောအပြစ်တို့ကို တိမ်တိုက်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင်၏အပြစ်တို့ကို မိုးတိမ်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင့်ကိုငါရွေးနုတ်ပြီဖြစ်၍ ငါ့ထံသို့ပြန်လာလော့”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတို့သည် နံနက်အချိန်၌ကျသောမြူခိုးကဲ့သို့၊ စောစောပြယ်လွင့်သွားသောနှင်းစက်ကဲ့သို့၊ လေထဲတွင် လွင့်ပါသွားသောကောက်နယ်တလင်းမှ ဖွဲကဲ့သို့၊ မီးခိုးခေါင်းတိုင်မှ ထွက်သောမီးခိုးကဲ့သို့ ဖြစ်ကြလိမ့်မည်။
“အို ဧဖရိမ်၊ သင့်ကို ငါမည်သို့ပြုရမည်နည်း။ အို ယုဒ၊ သင့်ကို ငါမည်သို့ပြုရမည်နည်း။ သင်တို့၏မေတ္တာသည် နံနက်အချိန်၌ကျသောမြူခိုးကဲ့သို့၊ စောစောပြယ်လွင့်သွားသောနှင်းကဲ့သို့ ဖြစ်ပါသည်တကား။