မြေကြီးတည်နေသရွေ့ မျိုးကြဲချိန်နှင့်ရိတ်သိမ်းချိန်၊ ပူသောအချိန်နှင့်အေးသောအချိန်၊ နွေရာသီနှင့်ဆောင်းရာသီ၊ နေ့အချိန်နှင့်ညအချိန်တို့သည် မပြတ်မစဲရှိနေမည်”ဟု စိတ်တော်ထဲ၌ မြွက်ဆိုတော်မူ၏။
ယောဘဝတ္တု။ 26:10 - မြန်မာ့စံမီသမ္မာကျမ်း အလင်းနှင့်အမှောင်ဆုံရာရေမျက်နှာပြင်တွင် စက်ဝိုင်းနှင့်မှတ်တော်မူ၏။ Common Language Bible အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။ Garrad Bible အ လင်း နှင့် အ မိုက် စပ် မိ ရာ တိုင် အောင်၊ သ မု ဒ္ဒ ရာ မျက် နှာ ပြင် အ ဝန်း ကို သတ် မှတ် တော် မူ လေ ပြီ။ Judson Bible အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။ |
မြေကြီးတည်နေသရွေ့ မျိုးကြဲချိန်နှင့်ရိတ်သိမ်းချိန်၊ ပူသောအချိန်နှင့်အေးသောအချိန်၊ နွေရာသီနှင့်ဆောင်းရာသီ၊ နေ့အချိန်နှင့်ညအချိန်တို့သည် မပြတ်မစဲရှိနေမည်”ဟု စိတ်တော်ထဲ၌ မြွက်ဆိုတော်မူ၏။
ကိုယ်တော်ဆုံးမတော်မူလျှင် ကောင်းကင်တိုင်တို့ အံ့အားသင့်လျက် တုန်လှုပ်ကြလေ၏။
အလင်းရှိရာသို့ ရောက်သောလမ်းကား အဘယ်မှာနည်း။ အမှောင်ထု၏နေရာကား အဘယ်မှာနည်း။
သူ့နေရာသို့ သူ့ကို သင်ခေါ်သွားပေးနိုင်သလော။ သူ့အိမ်သို့သွားသောလမ်းကို သင်သိသလော။
အလင်းဖြာထွက်ရာလမ်းကြောင်းကား အဘယ်မှာနည်း။ အရှေ့လေသည် မည်သည့်အရပ်မှ မြေကြီးပေါ်သို့ တိုက်ခတ်လာသနည်း။
ကိုယ်တော်သည် ပင်လယ်ရေများကို တာတမံကဲ့သို့စုဝေးစေ၍ နက်ရှိုင်းသောရေထုများကို သိုလှောင်တိုက်ထဲ၌ ထားတော်မူ၏။
မိုးကောင်းကင်ကို ကိုယ်တော်တည်တော်မူသောအခါ ငါသည် ထိုအရပ်၌ရှိ၏။ နက်ရှိုင်းသောရေထု၏မျက်နှာပြင်ပေါ်တွင် မိုးကုပ်စက်ဝိုင်းကို အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း၊
ရေသည် ကိုယ်တော်၏အမိန့်ကို မကျူးလွန်မည့်အကြောင်း ပင်လယ်၏နယ်နိမိတ်ကို သတ်မှတ်တော်မူသောအခါ၌လည်းကောင်း၊ ကမ္ဘာမြေကြီး၏အခြေအမြစ်တို့ကို အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း
သင်တို့သည် ငါ့ကို မကြောက်ရွံ့ကြသလော။ ငါ့ရှေ့၌မတုန်လှုပ်ကြသလော။ ပင်လယ်ရေမကျော်လွန်နိုင်အောင် သဲနယ်နိမိတ်ကို အရံအတားအဖြစ် ငါနေရာချထား၏။ ပင်လယ်သည် ဟုန်းဟုန်းမြည်သော်လည်း နယ်နိမိတ်ကိုမကျော်နိုင်။ လှိုင်းတံပိုးထသော်လည်း နယ်နိမိတ်ကို မလွှမ်းမိုးနိုင်။