အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယောဘဝတ္တု။ 23:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မြောက်ဘက်​တွင် အလုပ်လုပ်​တော်မူ​သည်​ဟု​ဆို​သော်လည်း ငါ​မ​တွေ့​ရ​။ တောင်ဘက်​သို့​လှည့်​တော်မူ​ပြီ​ဟု​ဆို​ပြန်​သော်လည်း ငါ​မ​မြင်​ရ​ပါ​တကား​။

အခန်းကိုကြည့်ပါ။

Common Language Bible

လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင် လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။

အခန်းကိုကြည့်ပါ။

Garrad Bible

ပြု ပြင် တော် မူ ရာ ဝဲ ဘက်၌ မ ဖူး ရ။ ယာ ဘက်၌ လည်း ငါ မ မြင် အောင် ပုန်း ရှောင် တော် မူ၏။

အခန်းကိုကြည့်ပါ။

Judson Bible

လုပ်​တော်​မူ​ရာ လက်​ဝဲ​ဘက်​သို့​သွား​လျှင် ကိုယ်​တော်​ကို​မ​ဖူး​မ​တွေ့​ရ။ လက်​ယာ​ဘက်၌ ပုန်း​ရှောင်​လျက် နေ​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကို​မ​မြင်​ရ။

အခန်းကိုကြည့်ပါ။



ယောဘဝတ္တု။ 23:9
9 ပူးပေါင်းရင်းမြစ်များ  

သို့သော် အကျွန်ုပ်​၌ ဖြစ်​နေ​သည့်​အမှု​တို့​သည် ကိုယ်တော့်​စိတ်​ထဲမှ တိတ်တဆိတ်​ကြံစည်​ခြင်း​များ​ဖြစ်ကြောင်း အကျွန်ုပ်​သိ​ပါ​၏​။


သို့သော် ကိုယ်တော်​သည် ငါ​သွား​ရာ​လမ်း​ကို သိ​တော်မူ​၏​။ ကိုယ်တော်​သည် ငါ့​ကို စစ်ဆေး​တော်မူ​ပြီးမှ ငါ​သည် ရွှေ​ကဲ့သို့ ပေါ်လာ​လိမ့်မည်​။


ယခု​မူကား အရှေ့ဘက်​သို့​သွား​လျှင်​လည်း ကိုယ်တော်​မ​ရှိ​။ အနောက်ဘက်​သို့​သွား​လျှင်လည်း ကိုယ်တော့်​ကို​မ​တွေ့​။


ကိုယ်တော်​နှုတ်ဆိတ်​နေ​လျှင် မည်သူ​အပြစ်တင်​ဝံ့​မည်နည်း​။ ကိုယ်တော်​မျက်နှာလွှဲ​တော်မူ​လျှင် လူမျိုး​တစ်​မျိုး​ဖြစ်စေ​၊ လူ​တစ်ဦးချင်း​ဖြစ်စေ မည်သူ​မြင်​နိုင်​မည်နည်း​။


‘​ကိုယ်တော့်​ကို မ​မြင်​ရ​’​ဟု သင်​မည်သို့​ပင်​ဆို​စေ​ကာ​မူ သင့်​အမှု​သည် ရှေ့​တော်​သို့​ရောက်​နှင့်​နေ​ပြီ​ဖြစ်၍ ကိုယ်တော်​ကို​သာ စောင့်မျှော်​လျက်​နေ​ပါ​တော့​။


ငါ့​အနား​မှ ဖြတ်သွား​သည်​ကို ငါ​မ​မြင်​။ ငါ့​ကို ကျော်သွား​သော်လည်း ကိုယ်တော်​ကို ငါ​မ​မှတ်မိ​။


အို ထာဝရဘုရား​၊ မည်သည့်​အချိန်​အထိ​နည်း​။ ကိုယ်တော်​သည် အစဉ်​ပုန်းရှောင်​လျက် နေ​တော်မူ​မည်လော​။ ကိုယ်တော်​၏​အမျက်ဒေါသ​သည် မီး​ကဲ့သို့ တောက်လောင်​လျက်​နေ​တော်မူ​မည်လော​။


အို အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ကယ်တင်ရှင်​၊ အကယ်စင်စစ် ကိုယ်တော်​သည် လျှို့ဝှက်နက်နဲ​သော​ဘုရား ဖြစ်​တော်မူ​၏​။


ယာကုပ်​အမျိုးအနွယ်​ထံမှ မျက်နှာ​လွှဲ​တော်မူ​သော​ထာဝရဘုရား​ကို ငါ​မျှော်လင့်​စောင့်စား​မည်​။