သင်တို့၏မှတ်သားစရာစကားများသည် ပြာပုံစကားပုံမျှသာဖြစ်၏။ သင်တို့ချေပသောစကားများသည်လည်း ကွဲလွယ်သောမြေထည်ကဲ့သို့သာဖြစ်၏။
ယောဘဝတ္တု။ 21:34 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သင်တို့သည် အဓိပ္ပာယ်မရှိသောစကားများဖြင့် ငါ့ကို မည်သို့နှစ်သိမ့်ပေးနိုင်မည်နည်း။ သင်တို့ပြောသောစကားတို့သည် မုသားအဖြစ်သာ ကျန်ခဲ့သည်”ဟု ဆိုလေ၏။ Common Language Bible သို့ဖြစ်၍ သင်တို့ပြန်ပြောသော စကား၌ မုသာပါသောကြောင့်၊ အဘယ်သို့ငါ့ကို အချည်းနှီးနှစ်သိမ့်စေ ကြလိမ့်မည်နည်းဟု မြွက်ဆို၏။ Garrad Bible သို့ ဖြစ်၍၊ သင် တို့ ပြန် ပြော ချက် များ သည် တ ရား နှင့် မ ညီ သော ကြောင့်၊ ငါ့ ကို နှစ် သိမ့် စေ ခြင်း ကား၊ အ ချည်း နှီး ဖြစ် လေ သ တည်း ဟု မြွက် ဆို၏။ Judson Bible သို့ဖြစ်၍ သင်တို့ပြန်ပြောသောစကား၌ မုသားပါသောကြောင့်၊ အဘယ်သို့ ငါ့ကို အချည်းနှီး နှစ်သိမ့်စေကြလိမ့်မည်နည်းဟု မြွက်ဆို၏။ |
သင်တို့၏မှတ်သားစရာစကားများသည် ပြာပုံစကားပုံမျှသာဖြစ်၏။ သင်တို့ချေပသောစကားများသည်လည်း ကွဲလွယ်သောမြေထည်ကဲ့သို့သာဖြစ်၏။
သင်တို့သည် မုသားကို ဖုံးကွယ်ထားသောသူများ၊ သင်တို့အားလုံးသည် အသုံးမဝင်သောသမားတော်များ ဖြစ်ကြ၏။
“ဤသို့သော အကြောင်းအရာကို ငါများစွာကြားဖူးခဲ့ပြီ။ ငါ့ကို နှစ်သိမ့်ပေးသောသင်တို့အားလုံးကို ငါစိတ်ပျက်လှ၏။
ယောဘကို ပြန်မချေပနိုင်ဘဲ အပြစ်ကိုသာတင်ကြသော ယောဘ၏မိတ်ဆွေသုံးယောက်ကိုလည်း အမျက်ထွက်လေ၏။
ဤသို့ ထာဝရဘုရားသည် ယောဘနှင့်စကားပြောဆိုပြီးမှ ထာဝရဘုရားက တေမန်အမျိုးသား ဧလိဖတ်အား “သင်နှင့်သင့်မိတ်ဆွေနှစ်ဦးတို့သည် ငါ့အစေအပါးယောဘကဲ့သို့ ငါ့အကြောင်းကို မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့ကို ငါအမျက်ထွက်၏။