သူသည် အကျွန်ုပ်တို့ကို တစ်ပါးအမျိုးသားကဲ့သို့ မှတ်ယူသည်မဟုတ်လော။ အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်တို့ကိုရောင်းစားပြီး ရသောငွေကို သူအကုန်အစင်သုံးစွဲလိုက်ပါပြီ။
ယောဘဝတ္တု။ 18:13 - မြန်မာ့စံမီသမ္မာကျမ်း သူ့အသားအရေကို တစ်စပြီးတစ်စစားပစ်လိမ့်မည်။ သေမင်း၏သားဦးသည်လည်း သူ့ခြေလက်အင်္ဂါများကို ဝါးမျိုလိမ့်မည်။ Common Language Bible ထိုဘေးသည် သူ၏အရိုးတို့ကို ကိုက်ခဲ၍၊ သေမင်း၏သားဦးသည် သူ၏ခွန်အားကို မျိုလိမ့်မည်။ Garrad Bible သေ မင်း၏ သား ဦး သည်၊ သူ့ ကိုယ် အင်္ဂါ ရှိ သ မျှ ကို စား မျို လိမ့် မည်။ Judson Bible ထိုဘေးသည် သူ၏အရိုးတို့ကို ကိုက်ခဲ၍၊ သေမင်း၏သားဦးသည် သူ၏ခွန်အားကို မျိုလိမ့်မည်။ |
သူသည် အကျွန်ုပ်တို့ကို တစ်ပါးအမျိုးသားကဲ့သို့ မှတ်ယူသည်မဟုတ်လော။ အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်တို့ကိုရောင်းစားပြီး ရသောငွေကို သူအကုန်အစင်သုံးစွဲလိုက်ပါပြီ။
ရုဗင်၊ သင်သည် ငါ၏သားဦး၊ ငါ၏အစွမ်း၊ ငါ့အဦးဆုံးအားမာန်၊ ဘုန်းအထွတ်၊ ခွန်အားအထွတ်ဖြစ်၏။
ထိုအရာတို့သည် မရဏာတံခါးပေါက်ထဲသို့ ဝင်သွားမည်လော။ ငါနှင့်အတူ မြေမှုန့်ထဲတွင် ဆင်းနေမည်လော”ဟု ဆိုလေ၏။
ဆင်းရဲသောသူတို့၏သားဦးတို့သည် ကျွေးမွေးခြင်းခံရကြလိမ့်မည်။ နွမ်းပါးသောသူတို့သည် ဘေးကင်းလုံခြုံစွာအိပ်ရကြလိမ့်မည်။ သို့သော် သင်၏အမြစ်ကို ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် ငါသေစေမည်။ သင်၏အကြွင်းအကျန်သည်လည်း သတ်ဖြတ်ခြင်းခံရမည်။
တောင်ခြေရင်းတိုင်အောင် အကျွန်ုပ်နစ်မြုပ်သွား၍ မြေကြီးသည် အကျွန်ုပ်ကို အစဉ်ကန့်လန့်ထိုးထားသော်လည်း အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်အသက်ကို သေတွင်းမှ ကယ်နုတ်တော်မူပြီ။
ဂျေရုဆလင်မြို့ကို တိုက်ခိုက်သောလူမျိုးအပေါင်းတို့အား ထာဝရဘုရားဒဏ်ခတ်မည့်ကပ်ရောဂါကား သူတို့သည် ခြေစုံရပ်လျက်နေစဉ်ပင် အသားအရေပုပ်ပျက်သွားလိမ့်မည်။ သူတို့၏မျက်စိသည်လည်း မျက်လုံးအိမ်ထဲ၌ပင် ပုပ်ပျက်သွားလိမ့်မည်။ သူတို့၏လျှာသည်လည်း ခံတွင်းထဲ၌ပင် ပုပ်ပျက်သွားလိမ့်မည်။
ထိုအခါ ငါကြည့်လိုက်ရာစိမ်းဖန့်ဖန့်မြင်းတစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူသည် သေခြင်းဟုနာမည်တွင်၏။ သူ၏နောက်မှ မရဏာနိုင်ငံသည်လိုက်လာ၏။ သူတို့သည် ဓားဘေးဖြင့်လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့်လည်းကောင်း၊ သေဘေးဖြင့်လည်းကောင်း၊ မြေကြီးပေါ်ရှိသားရဲတိရစ္ဆာန်ဘေးဖြင့်လည်းကောင်း လူတို့ကိုသတ်ဖြတ်ရန် ကမ္ဘာမြေကြီး၏လေးပုံတစ်ပုံအပေါ် အခွင့်အာဏာကိုရကြ၏။