ငါသည် ပတ်သာနှင့်စောင်းတီးလျက်၊ ဝမ်းမြောက်စွာသီချင်းဆိုလျက် သင့်ကိုလွှတ်လိုက်လိုသည်ကို သင်သည် ငါ့ကိုဘာမျှမပြော၊ မလိမ့်တပတ်လုပ်၍ အဘယ်ကြောင့်တိတ်တဆိတ်ထွက်ပြေးရသနည်း။
ယောဘဝတ္တု။ 17:6 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ငါ့ကို လူတို့ပုံခိုင်းစရာဖြစ်စေပြီ။ ငါ့မျက်နှာကို တံတွေးထွေးစရာဖြစ်စေပြီ။ Common Language Bible ငါ့ကို သူတပါးကဲ့ရဲ့စရာ အကြောင်းဖြစ်စေတော်မူ၍၊ သူတို့သည် ငါ့ကိုရွံ့ကြ၏။ Garrad Bible ငါ့ ကို လူ မျိုး တို့ ပုံ ခိုင်း ရာ ထား တော် မူ၍၊ မျက် နှာ လည်း ထွေး ခံ သ ဖွယ် ဖြစ်၏။ Judson Bible ငါ့ကို သူတစ်ပါးကဲ့ရဲ့စရာအကြောင်း ဖြစ်စေတော်မူ၍၊ သူတို့သည် ငါ့ကိုရွံကြ၏။ |
ငါသည် ပတ်သာနှင့်စောင်းတီးလျက်၊ ဝမ်းမြောက်စွာသီချင်းဆိုလျက် သင့်ကိုလွှတ်လိုက်လိုသည်ကို သင်သည် ငါ့ကိုဘာမျှမပြော၊ မလိမ့်တပတ်လုပ်၍ အဘယ်ကြောင့်တိတ်တဆိတ်ထွက်ပြေးရသနည်း။
အစ္စရေးလူမျိုးတို့ကို ငါပေးထားသောပြည်ပေါ်မှ ငါဖယ်ရှားပစ်မည်။ ငါ့နာမအဖို့ ငါသန့်ရှင်းစေသောအိမ်တော်ကိုလည်း ငါ့ရှေ့မှောက်မှ ဖယ်ရှားပစ်မည်။ အစ္စရေးလူမျိုးတို့သည် လူမျိုးတကာတို့အလယ်တွင် ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ ဖြစ်ရလိမ့်မည်။
ယခုမှာ ငါသည် မိတ်ဆွေတို့ ပြက်ရယ်ပြုစရာအကြောင်း ဖြစ်ရလေပြီ။ ဘုရားသခင်ကိုခေါ်လျှင် ဘုရားသခင်ထူးသောသူ၊ အပြစ်တင်စရာမရှိ ဖြောင့်မတ်သောသူသည် ပြက်ရယ်ပြုစရာ ဖြစ်ရလေပြီတကား။
အကယ်စင်စစ် လှောင်ပြောင်သူတို့သည် ငါ့ကို ဝိုင်းရံလျက်ရှိ၏။ သူတို့လှောင်ပြောင်ထေ့ငေါ့သည်ကို ငါကြည့်နေရပါ၏။
သူတို့သည် ငါ့ကို စက်ဆုပ်ရွံရှာသဖြင့် ဝေးဝေးရှောင်နေကြ၏။ ငါ့မျက်နှာကို တံတွေးထွေးဖို့ပင် ဝန်မလေးကြ။
ယခုမှာ ငါသည် သူတို့အဖို့ လှောင်ပြောင်သီဆိုစရာ၊ သူတို့အလယ်တွင် ပုံခိုင်းပြောဆိုစရာ ဖြစ်ရလေပြီ။
ကိုယ်တော်သည် အကျွန်ုပ်တို့ကို တိုင်းနိုင်ငံတို့အလယ်တွင် လူအများပြောစရာဖြစ်စေပြီး လူတို့အလယ်တွင် ဟားစရာဖြစ်စေတော်မူ၏။
ကဲ့ရဲ့ပြစ်တင်သောသူ၊ စော်ကားပြောဆိုသောသူများ၏အသံကြောင့်လည်းကောင်း၊ ရန်သူနှင့် လက်တုံ့ပြန်သူရှိနေသောကြောင့်လည်းကောင်း အကျွန်ုပ်သည် တစ်နေ့လုံးအသရေပျက်ရပါ၏။ အကျွန်ုပ်၏မျက်နှာသည်လည်း အရှက်ကွဲခြင်းနှင့် ဖုံးလွှမ်းလျက်ရှိပါ၏။
သူတို့၏စားသောက်ပွဲများ၌ စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စပျစ်ဝိုင်တို့ပါရှိ၏။ သူတို့သည် ထာဝရဘုရားပြုသောအမှုကို အလေးမထားကြ။ ကိုယ်တော်၏လက်တော်ဖြင့်လုပ်သောအရာကိုလည်း မမြင်ကြ။
ထာဝရဘုရားက မောရှေအား “သူ့ဖခင်သည် သူ့မျက်နှာကို တံတွေးထွေးလျှင် သူသည် ခုနစ်ရက်ပတ်လုံး အရှက်ရမည်မဟုတ်လော။ သူ့ကို တပ်စခန်း၏အပြင်ဘက်၌ ခုနစ်ရက်ပတ်လုံး နေစေရမည်။ ထို့နောက်မှ သူ့ကိုပြန်ခေါ်လာရမည်”ဟု မိန့်တော်မူ၏။