ထိုအခါ ယေရှုက“အို အမျိုးသမီး၊ သင်၏ယုံကြည်ခြင်းသည် ကြီးမားလှပေ၏။ သင်အလိုရှိသည့်အတိုင်း သင်၌ဖြစ်စေ”ဟု မိန့်တော်မူရာ သူ၏သမီးသည် ထိုအချိန်နာရီမှစ၍ ကျန်းမာလာလေ၏။
မဿဲ 9:22 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် လှည့်ကြည့်၍ သူ့ကိုမြင်တော်မူလျှင်“သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ”ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုအမျိုးသမီးသည် ကျန်းမာလာလေ၏။ Common Language Bible သခင်ယေရှုသည်လှည့်၍ကြည့်တော်မူလျှင် ထို အမျိုးသမီးကိုမြင်တော်မူသဖြင့် ``ငါ့သမီး၊ အားမငယ်နှင့်။ သင်၏ယုံကြည်ခြင်းသည်သင်၏ ရောဂါပျောက်စေပြီ'' ဟုမိန့်တော်မူ၏။ ထိုအချိန် ၌ပင်ထိုအမျိုးသမီး၏ရောဂါပျောက်လေ၏။ Garrad Bible ငါ့ သ မီး အား ယူ လော့။ သင်၏ ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု မိန့် တော် မူ သည့် အ တိုင်း ပင် ထို အ ချိန် နာ ရီ က စ၍ ကျန်း မာ လေ၏။ Judson Bible ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင်တော်မူလျှင်၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီဟု မိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် လှည့်၍ ထိုအမျိုးသမီးကို မြင်တော်မူလျှင် “သမီး… မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။ ထိုအခါ ချက်ချင်းပင် ထိုအမျိုးသမီးသည် ရောဂါပျောက်ကင်းလေ၏။ မြန်မာ ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင်တော်မူလျှင်၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီဟု မိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ၏။- |
ထိုအခါ ယေရှုက“အို အမျိုးသမီး၊ သင်၏ယုံကြည်ခြင်းသည် ကြီးမားလှပေ၏။ သင်အလိုရှိသည့်အတိုင်း သင်၌ဖြစ်စေ”ဟု မိန့်တော်မူရာ သူ၏သမီးသည် ထိုအချိန်နာရီမှစ၍ ကျန်းမာလာလေ၏။
ထို့နောက် ယေရှုသည် နတ်ဆိုးကိုဆုံးမတော်မူလျှင် နတ်ဆိုးသည် သူငယ်အထဲမှထွက်သွားသဖြင့် သူငယ်သည် ထိုအချိန်မှစ၍ ကျန်းမာလာလေ၏။
ထို့နောက် ယေရှုသည် တပ်မှူးအား“သွားလော့။ သင်ယုံကြည်သည့်အတိုင်း သင်၌ဖြစ်စေ”ဟု မိန့်တော်မူ၏။ ထိုအချိန်နာရီ၌ပင် သူ၏ငယ်သားသည် ကျန်းမာလာလေ၏။
ထိုအခါ လူတို့သည် အိပ်ရာပေါ်၌လဲလျောင်းနေသည့် လေဖြတ်သောသူတစ်ဦးကို အထံတော်သို့သယ်ဆောင်လာကြ၏။ ယေရှုသည် ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျှင် လေဖြတ်သောသူအား“ငါ့သား၊ မစိုးရိမ်နှင့်။ သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ”ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုသည် သူတို့၏မျက်စိကိုတို့လျက်“သင်တို့၏ယုံကြည်ခြင်းအတိုင်း သင်တို့၌ဖြစ်စေ”ဟု မိန့်တော်မူသော်
ယေရှုကလည်း“သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ”ဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူသည် မျက်စိမြင်၍ လမ်းခရီးတစ်လျှောက် နောက်တော်သို့လိုက်သွားလေ၏။
ကိုယ်တော်ကလည်း“သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ ငြိမ်းချမ်းစွာသွား၍ သင်၏ရောဂါဝေဒနာနှင့်ကင်းလွတ်လော့”ဟု မိန့်တော်မူ၏။
ထို့နောက် ထိုသူအား“ထ၍သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“မျက်စိမြင်စေ။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ”ဟု မိန့်တော်မူ၏။
သို့သော် ကိုယ်တော်သည် ထိုအမျိုးသမီးအား“သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ။ ငြိမ်းချမ်းစွာသွားလော့”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ ငြိမ်းချမ်းစွာသွားလော့”ဟု သူ့အား မိန့်တော်မူ၏။
ထိုအချိန်သည်“သင်၏သား အသက်ချမ်းသာရာရပြီ”ဟု ယေရှုမိန့်တော်မူသောအချိန်ဖြစ်ကြောင်းကို ဖခင်သိသဖြင့် သူကိုယ်တိုင်မှစ၍ သူ၏အိမ်သူအိမ်သားအပေါင်းတို့သည် ယုံကြည်ကြ၏။
ထိုသူသည် ပေါလုဟောပြောသည်ကို နားထောင်နေ၏။ ပေါလုသည် ထိုသူကို စေ့စေ့ကြည့်၍ အကောင်းပကတိဖြစ်ရန် သူ၌ ယုံကြည်ခြင်းရှိကြောင်း မြင်လျှင်
သူသည် ရက်ပေါင်းများစွာ ထိုသို့ပြုနေ၍ ပေါလုသည် စိတ်အနှောင့်အယှက်ဖြစ်သဖြင့် နောက်သို့လှည့်ကာ “သူ့အထဲမှ ထွက်သွားရန် ယေရှုခရစ်တော်၏နာမတော်၌ သင့်ကို ငါအမိန့်ပေး၏”ဟု ထိုနတ်အားဆိုလျှင် ၎င်းသည် ထိုအချိန်၌ပင် ထွက်သွားလေ၏။
အကြောင်းမူကား ငါတို့သည်လည်း ကောင်းမြတ်သောသတင်းကို ထိုသူတို့နည်းတူ ကြားရကြပြီ။ သို့သော် သူတို့ကြားရသောနှုတ်ကပတ်တော်သည် သူတို့၌ ယုံကြည်ခြင်းနှင့်မပေါင်းစပ်သောကြောင့် သူတို့အတွက် အကျိုးမရှိခဲ့ချေ။