အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 6:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့သော် သင်​၏​မျက်စိ​မကောင်း​လျှင် သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​မှောင်မိုက်​နေ​လိမ့်မည်။ သို့ဖြစ်၍ သင်​၌​ရှိ​သော​အလင်း​သည် အမှောင်​ဖြစ်​လျှင် ထို​အမှောင်​သည် မည်မျှလောက် မှောင်​လိမ့်မည်​နည်း။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ရာ​တွင်​သင်​တို့​၏​မျက်​စိ​မွဲ​လျှင်​မူ​ကား​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​မှောင်​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​တို့ တွင်​ရှိ​သော​အ​လင်း​သည်​အ​မှောင်​ဖြစ်​လျှင်​ထို အ​မှောင်​သည်​လွန်​စွာ​မှောင်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

မျက် စိ မ ကောင်း လျှင် မူ ကား တစ် ကိုယ် လုံး မှောင် နှင့် ပြည့် လိမ့် မည်။ သင်၌ ရှိ သော အ လင်း မှာ မှောင် ဖြစ် လျှင် ထို မှောင် သည် အ လွန် ကြီး စွ တ ကား။

အခန်းကိုကြည့်ပါ။

Judson Bible

မျက်​စိ​မြှေး​ယှက်​လျှင် တစ်​ကိုယ်​လုံး​မိုက်​လိမ့်​မည်။ သင်၏ အ​လင်း​သော်​ကား၊ မှောင်​မိုက်​ဖြစ်​လျှင် ထို​အ​မိုက်​သည် အ​လွန်​မိုက်​စွ​တ​ကား။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သို့ရာတွင် သင်​၏ မျက်စိ​သည် မကောင်း​လျှင် သင်​၏ ကိုယ်ခန္ဓာ​တစ်ခုလုံး မှောင်မိုက်နေ​လိမ့်မည်။ ထို့ကြောင့် သင့်​အထဲ​၌ ရှိသည့် အလင်း​ဟု သင်​ထင်မှတ်သော​အရာ​သည် အမှောင်​ဖြစ်​ပါက ထို​အမှောင်​သည် အလွန်​မှောင်​လိမ့်မည်။

အခန်းကိုကြည့်ပါ။

မြန်မာ

မျက်​စိ​မြှေး​ယှက်​လျှင် တစ်​ကိုယ်​လုံး​မိုက်​လိမ့်​မည်။ သင်၏ အ​လင်း​သော်​ကား၊ မှောင်​မိုက်​ဖြစ်​လျှင် ထို​အ​မိုက်​သည် အ​လွန်​မိုက်​စွ​တ​ကား။-

အခန်းကိုကြည့်ပါ။



မဿဲ 6:23
22 ပူးပေါင်းရင်းမြစ်များ  

မိမိကိုယ်ကို ပညာရှိ​ဟု ထင်မြင်​သော​သူ​ကို သင်​တွေ့မြင်​သလော​။ ထို​သူ​ထက် မိုက်မဲ​သော​သူ​၌ ပို၍​မျှော်လင့်ချက်​ရှိ​၏​။


ပညတ်တရား​၊ သက်သေခံ​တော်မူ​ချက်​တို့​ကို​သာ မေးမြန်း​သင့်​သည်​မ​ဟုတ်​လော​။ ဤ​စကား​နှင့်အညီ မ​ပြောဆို​ကြ​လျှင် သူ​တို့​ထဲ၌ အရုဏ်အလင်း​မ​ရောက်​သေး​။


“ငါ့​လူမျိုး​တော်​တို့​သည် ဆိုးမိုက်​သော​သူ​များ​ဖြစ်​ကြ​၏​။ ငါ့​ကို​မ​သိ​ကြ​။ မိုက်မဲ​သော​သားသမီး​များ​ဖြစ်​ကြ​၏​။ အသိဉာဏ်​မ​ရှိ​ကြ​။ ဆိုးညစ်​သော​အမှု​ကို​ပြု​ရာ​၌ ကျွမ်းကျင်​၍ ကောင်း​သော​အမှု​ကို​မ​ပြု​ကြ​။”


ငါ​ပိုင်ဆိုင်​သော​ဥစ္စာ​ဖြင့် ငါ​ပြု​လို​သည့်​အရာ​ကို ငါ​ပြု​ပိုင်​ခွင့်​မ​ရှိ​သလော။ သို့မဟုတ် ငါ​သည် သဘော​ကောင်း​သောကြောင့် သင်​သည် မရှုဆိတ်​ဖြစ်​နေ​သလော’​ဟု ဆို​လေ​၏။


မျက်စိ​သည် ကိုယ်ခန္ဓာ​၏​ဆီမီး​ဖြစ်​၏။ ထို့ကြောင့် သင်​၏​မျက်စိ​ကောင်း​လျှင် သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​တောက်ပ​နေ​လိမ့်မည်။


အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​ခြင်း၊ လောဘ​လွန်ကျူး​ခြင်း၊ ဆိုးညစ်​ခြင်း၊ စဉ်းလဲ​ခြင်း၊ ကာမဂုဏ်​လိုက်စား​ခြင်း၊ မနာလို​ခြင်း၊ စော်ကား​ပြောဆို​ခြင်း၊ မာန​ထောင်လွှား​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​သည် လူ​၏​အတွင်း သူ​၏​စိတ်နှလုံး​ထဲမှ ထွက်လာ​ကြ​၏။


သင်​၏​မျက်စိ​သည် ကိုယ်ခန္ဓာ​၏​ဆီမီး​ဖြစ်​၏။ သင်​၏​မျက်စိ​ကောင်း​သောအခါ သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​သည်​လည်း​တောက်ပ​နေ​လိမ့်မည်။ သို့သော် မျက်စိ​မကောင်း​သောအခါ သင်​၏​ကိုယ်ခန္ဓာ​သည်​လည်း မှောင်မိုက်​နေ​လိမ့်မည်။


ကိုယ်တော်​က​လည်း“သင်​တို့​အား ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​များ​ကို သိ​ခွင့်​ပေး​ထား​၏။ အခြား​သော​သူ​တို့​မူကား မြင်​လျက်​ပင် မ​မြင်​စေရန်​နှင့် ကြား​လျက်​ပင် နား​မ​လည်​စေရန် သူ​တို့​အား ပုံ​ဥပမာ​များ​ဖြင့်​ဟောပြော​ရ​၏။


သူ​တို့​သည် မိမိတို့ကိုယ်ကို​ပညာရှိ​များ​ဖြစ်​သည်​ဟု​ဆို​လျက်​နှင့် မိုက်မဲ​သော​သူ​များ​ဖြစ်လာ​ကြ​ပြီး


ဇာတိ​နှင့်ဆိုင်သော​လူ​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​အရာ​တို့​ကို မ​ခံယူ​ပေ။ အကြောင်းမူကား ထို​အရာ​တို့​သည် သူ့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။ ထို​အရာ​တို့​ကို ဝိညာဉ်​အားဖြင့်​သာ ပိုင်းခြား​၍​သိ​နိုင်​သည်​ဖြစ်၍ သူ​သည် ၎င်း​တို့​ကို​နား​မ​လည်​နိုင်။


ထို​သူ​တို့​သည် မိမိ​တို့​စိတ်နှလုံး​မာကျော​မှု​နှင့် သူ​တို့​ထဲ၌​ရှိ​သည့် မသိနားမလည်​မှု​တို့​ကြောင့် အသိဉာဏ်​အမှောင်​ဖုံး​၍ ဘုရားသခင်​၏​အသက်​နှင့်​ကင်းကွာ​လျက်​ရှိ​ကြ​၏။


အဘယ်ကြောင့်​ဆိုသော် တစ်ချိန်က သင်​တို့​သည် အမှောင်​ဖြစ်​ခဲ့​သော်လည်း ယခု​အခါ သခင်​ဘုရား​၌ အလင်း​ဖြစ်​ကြ​၏။ အလင်း​၏​သားသမီး​များ​ကဲ့သို့ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။


မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​မူကား မှောင်မိုက်​၌​ရှိ​၍ မှောင်မိုက်​၌​အသက်ရှင်​လျှောက်လှမ်း​နေ​၏။ မှောင်မိုက်​သည် သူ​၏​မျက်စိ​ကို​ကွယ်​စေ​သဖြင့် သူ​သည် မိမိ​မည်သည့်​အရပ်​သို့​သွား​နေ​သည်​ကို မ​သိ။