အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ညီအစ်ကိုများအား ပြောကြားပါမည်။ လူအစုအဝေးအလယ်၌ ကိုယ်တော်ကိုချီးမွမ်းပါမည်။
မဿဲ 13:54 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် မိမိ၏နေရင်းမြို့သို့ကြွ၍ ဝတ်ပြုစည်းဝေးကျောင်း၌ လူတို့ကိုသွန်သင်တော်မူ၏။ ထိုအခါ လူတို့သည် အံ့အားသင့်လျက် “ဤသူသည် ဤဉာဏ်ပညာနှင့်တန်ခိုးများကို အဘယ်ကရသနည်း။ Common Language Bible မိမိနေရင်းမြို့သို့ရောက်ရှိတော်မူ၏။ တရားဇရပ် တွင်ဟောပြောသွန်သင်တော်မူသောအခါ လူတို့သည် လွန်စွာအံ့သြကြသဖြင့် ``ဤသူသည်ဤသို့သော အသိပညာများကိုအဘယ်ကရရှိပါသနည်း။ ဤသို့သောအံ့ဖွယ်နိမိတ်လက္ခဏာများကိုအဘယ် သို့ပြနိုင်ပါသနည်း။- Garrad Bible ဓ မ္မာ ရုံ တွင် ဒေ သ နာ ပေး တော် မူ သော် မြို့ သူ မြို့ သား တို့ အံ့ သြ ကြ လျက် ဤ သူ သည် ဤ မျှ သော ဉာဏ် ပ ညာ နှင့် အ မှု ကြီး များ ကို မည် သို့ ရ သ နည်း။ Judson Bible ထိုနောက်မှ မိမိမြို့သို့ရောက်တော်မူ၍ တရားဇရပ်၌ ဆုံးမဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်းမောတွေဝေခြင်း ရှိကြသဖြင့်၊ ဤသူသည် ဤပညာကိုလည်းကောင်း၊ ဤတန်ခိုးကိုလည်းကောင်း အဘယ်မှာရသနည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် မိမိနေရပ်မြို့ဖြစ်သည့် နာဇရက်မြို့သို့ရောက်သော် ဂျူးဝတ်ပြုဆောင်တွင် ဟောပြောတော်မူ၏။ ထို့ကြောင့် မြို့သူမြို့သားတို့က အံ့အားသင့်လျက် “သူသည် ဤပညာနှင့် အံ့ဖွယ်တန်ခိုးတို့ကို အဘယ်ကရသနည်း။ မြန်မာ ထိုနောက်မှ မိမိမြို့သို့ရောက်တော်မူ၍ တရားဇရပ်၌ ဆုံးမဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်းမောတွေဝေခြင်း ရှိကြသဖြင့်၊ ဤသူသည် ဤပညာကိုလည်းကောင်း၊ ဤတန်ခိုးကိုလည်းကောင်း အဘယ်မှာရသနည်း။- |
အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ညီအစ်ကိုများအား ပြောကြားပါမည်။ လူအစုအဝေးအလယ်၌ ကိုယ်တော်ကိုချီးမွမ်းပါမည်။
နာဇရက်ဟုခေါ်သောမြို့တွင် သွားရောက်နေထိုင်လေ၏။ ဤသည်ကား “ကိုယ်တော်သည် နာဇရက်မြို့သားဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်”ဟူ၍ ပရောဖက်များအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်နယ်လုံးကို လှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ သွန်သင်တော်မူကာ နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောလျက် လူတို့ထဲ၌စွဲကပ်နေသော ရောဂါအမျိုးမျိုးနှင့်အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
ဤတရားစကားတို့ကို ယေရှုသွန်သင်တော်မူပြီးသောအခါ လူထုပရိသတ်တို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြ၏။
ယေရှု၏စကားကိုကြားရသောသူအပေါင်းတို့သည် သူ၏ဉာဏ်စွမ်းနှင့် ဖြေကြားချက်များကို အံ့ဩငေးမောနေကြ၏။
ကိုယ်တော်သည် မိမိအရပ်သို့ကြွလာသော်လည်း မိမိလူမျိုးတို့သည် ကိုယ်တော်ကိုလက်မခံကြ။
ထိုအခါ ပေါလုနှင့်ဗာနဗတို့သည် ရဲရင့်စွာဟောပြောလျက် “ဘုရားသခင်၏နှုတ်ကပတ်တရားကို သင်တို့အား ဦးစွာဟောပြောရန်လိုအပ်၏။ သို့သော် သင်တို့သည် ၎င်းကိုငြင်းပယ်၍ မိမိတို့ကိုယ်ကို ထာဝရအသက်နှင့်မထိုက်တန်ဟု စီရင်ကြသောကြောင့် ငါတို့သည် လူမျိုးခြားတို့ထံသို့ လှည့်သွားကြ၏။
ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ရဲရင့်ခြင်းကိုမြင်၍ သူတို့နှစ်ဦးသည် ပညာမတတ်သော သာမန်လူများဖြစ်ကြောင်းသတိထားမိသဖြင့် အံ့သြကြလေ၏။ သူတို့နှစ်ဦးသည် ယေရှုနှင့်အတူရှိခဲ့ကြကြောင်းကိုလည်း မှတ်မိကြ၏။
ပရောဖက်တို့နှင့်အတူ ရှောလုပရောဖက်ပြုသည်ကို သူနှင့်သိကျွမ်းခဲ့သောသူတို့တွေ့သောအခါ ထိုသူတို့က “ကိရှ၏သားကား မည်သို့ဖြစ်သွားပါသနည်း။ ရှောလုသည်လည်း ပရောဖက်တို့အပါအဝင် ဖြစ်သလော”ဟု အချင်းချင်းမေးမြန်းကြ၏။