ငါ့ထက် ဖခင်ကိုဖြစ်စေ၊ မိခင်ကိုဖြစ်စေ ပို၍ချစ်သောသူသည် ငါနှင့်မထိုက်တန်။ ငါ့ထက် သားကိုဖြစ်စေ၊ သမီးကိုဖြစ်စေ ပို၍ချစ်သောသူသည်လည်း ငါနှင့်မထိုက်တန်။
မဿဲ 12:48 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“မည်သူသည် ငါ့အမိဖြစ်ပြီး မည်သူတို့သည် ငါ့ညီများဖြစ်ကြသနည်း”ဟု မိမိထံလျှောက်ထားသောသူကို ပြန်၍မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်က ``ငါ့အမိကားမည်သူနည်း။ ငါ့ညီ၊ ငါ့အစ်ကိုများကားမည်သူနည်း'' ဟုပြန်၍ မေးတော်မူ၏။- Garrad Bible ငါ့ အ မိ ငါ့ ညီ တို့ ကား မည် သူ နည်း ဟု မေး တော် မူ ပြီး လျှင် Judson Bible ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ငါ့မိခင်သည် မည်သူနည်း။ ငါ့ညီများသည် မည်သူတို့နည်း” ဟု မေးတော်မူ၏။ မြန်မာ ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။- |
ငါ့ထက် ဖခင်ကိုဖြစ်စေ၊ မိခင်ကိုဖြစ်စေ ပို၍ချစ်သောသူသည် ငါနှင့်မထိုက်တန်။ ငါ့ထက် သားကိုဖြစ်စေ၊ သမီးကိုဖြစ်စေ ပို၍ချစ်သောသူသည်လည်း ငါနှင့်မထိုက်တန်။
ထိုအခါ လူတစ်ဦးက “ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်နှင့်စကားပြောလို၍ အပြင်၌ ရပ်နေကြပါသည်”ဟု လျှောက်လေ၏။
ထို့နောက် တပည့်တော်များဘက်သို့ လက်တော်ကိုညွှန်လျက်“ကြည့်ရှုလော့။ ဤသူတို့သည် ငါ့အမိနှင့်ငါ့ညီများပေတည်း။
ယေရှုကလည်း“အဘယ်ကြောင့် အကျွန်ုပ်ကိုရှာကြသနည်း။ အကျွန်ုပ်သည် အကျွန်ုပ်ခမည်းတော်၏အိမ်၌နေရမည်ကို မသိကြသလော”ဟု သူတို့အားပြန်ပြောလေ၏။
ယေရှုသည် ကာယ၊ ဉာဏကြီးထွားတိုးပွားလျက် ဘုရားသခင်ရှေ့၊ လူတို့ရှေ့၌ မျက်နှာရတော်မူ၏။
ထို့ကြောင့် ယခုမှစ၍ ငါတို့သည် မည်သူ့ကိုမျှ သွေးသားဇာတိသဘောဖြင့် မသိမှတ်တော့ပေ။ ငါတို့သည် ခရစ်တော်ကို သွေးသားဇာတိသဘောဖြင့် သိမှတ်ခဲ့လျှင်လည်း ယခုတွင် ထိုသို့မသိမှတ်တော့ပေ။
သူတို့သည် ကိုယ်တော်၏စကားတော်ကိုလိုက်နာ၍ ကိုယ်တော်၏ပဋိညာဉ်ကိုစောင့်ထိန်းသောကြောင့် ကိုယ့်မိဘကိုပင်လျှင် ‘သူတို့ကို ငါဂရုမစိုက်’ဟု ဆို၏။ မိမိညီအစ်ကိုကိုလည်း အသိအမှတ်မပြု၊ မိမိသားသမီးတို့ကိုလည်း မသိကျိုးကျွန်ပြု၏။