ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသမျှသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ သစ္စာတော်သည် အစဉ်အမြဲတည်၏။
မြည်တမ်းစကား 3:23 - မြန်မာ့စံမီသမ္မာကျမ်း နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံစားရပါ၏။ သစ္စာတော်သည် ကြီးမြတ်တော်မူပါ၏။ Judson Bible နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။ |
ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသမျှသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ သစ္စာတော်သည် အစဉ်အမြဲတည်၏။
အကြောင်းမူကား ကိုယ်တော်၏အမျက်တော်သည် ခဏသာဖြစ်၏။ ကိုယ်တော်၏ကျေးဇူးတော်မူကား တစ်သက်လုံးတည်၏။ နေဝင်ချိန်၌ ငိုကြွေးခြင်းသည် လာ၍တည်းခိုသော်လည်း နံနက်အချိန်၌ ရွှင်လန်းစွာကြွေးကြော်ခြင်းသည် ရောက်လာ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကောင်းကင်သို့ရောက်၍ ကိုယ်တော်၏သစ္စာတော်သည် မိုးတိမ်ထိတိုင်အောင် ရောက်ပါ၏။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် မြင့်မားသောတောင်များကဲ့သို့လည်းကောင်း၊ ကိုယ်တော်၏တရားစီရင်ခြင်းတို့သည် အလွန်နက်ရှိုင်းရာအရပ်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် လူနှင့်တိရစ္ဆာန်တို့ကို ကယ်တင်တော်မူ၏။
သို့သော် ငါ၏မေတ္တာကရုဏာကို သူ့ထံမှဖယ်ရှားမည်မဟုတ်။ ငါ၏သစ္စာကိုလည်း ဖောက်ဖျက်မည်မဟုတ်။
ထာဝရဘုရားသည် သူ့ရှေ့မှဖြတ်သွား၍ “ထာဝရဘုရား၊ ထာဝရဘုရားသည် သနားစုံမက်တတ်သောဘုရား၊ ကျေးဇူးပြုတတ်သောဘုရား၊ စိတ်ရှည်သောဘုရား၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။
အို ထာဝရဘုရား၊ အကျွန်ုပ်တို့ကို သနားတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို စောင့်မျှော်ကြပါ၏။ နံနက်အချိန်၌ အကျွန်ုပ်တို့ကို ခွန်အားပေးတော်မူပါ။ ဆင်းရဲဒုက္ခရောက်သည့်ကာလ၌ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။
ထိုမြို့တွင် စံနေတော်မူသောထာဝရဘုရားမူကား မတရားမှုကို မပြု၊ ဖြောင့်မတ်တော်မူသောဘုရားဖြစ်၏။ နံနက်အရုဏ်လင်းချိန်တိုင်းတွင် မိမိ၏ဖြောင့်မတ်ခြင်းကို မပျက်မကွက်ဖော်ပြတော်မူ၏။ သို့သော် မတရားသောသူသည် ရှက်ကြောက်ရမည်ကို မသိပါတကား။
မုသားနှင့်ကင်းစင်တော်မူသောဘုရားသခင်သည် ထိုထာဝရအသက်ကို ရှေးကာလများမတိုင်မီကပင် ကတိပေးတော်မူပြီး
ကတိပေးတော်မူသောအရှင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ ယိမ်းယိုင်ခြင်းမရှိဘဲ ငါတို့ဝန်ခံသောမျှော်လင့်ခြင်းကို စွဲကိုင်ထားကြကုန်စို့။
ဤသည်ကား ရှေ့၌ပြင်ဆင်ထားသောမျှော်လင့်ခြင်းကို ဆွတ်ခူးနိုင်ရန်အတွက် ထွက်ပြေးလာသောငါတို့သည် ဘုရားသခင်မုသားမသုံးနိုင်သောအရာတည်းဟူသော မပြောင်းလဲနိုင်သည့်အရာနှစ်ပါးအားဖြင့် ကြီးမားသောနှစ်သိမ့်မှုကိုခံစားရကြမည့်အကြောင်းတည်း။