သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ငါ့ယောက်ျားအတွက် သားသုံးယောက်ကို ငါဖွားမြင်ပြီဖြစ်၍ ယခုတစ်ခါ သူသည် ငါ့ကိုတွယ်တာလိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို လေဝိ ဟုမှည့်ခေါ်လေ၏။
ဗျာဒိတ် 7:7 - မြန်မာ့စံမီသမ္မာကျမ်း ရှိမောင်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ လေဝိအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဣသခါအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ Garrad Bible ရှိ မောင့် အ နွယ် တစ် သောင်း နှစ် ထောင်၊ လေ ဝိ အ နွယ် တစ် သောင်း နှစ် ထောင်၊ ဣ သ ခါ့ အ နွယ် တစ် သောင်း နှစ် ထောင်၊ Judson Bible ရှိမောင်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ လေဝိ အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ဣသခါအမျိုးထဲက တစ်သောင်းနှစ်ထောင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှိမောင်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ လေဝိအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဣသခါအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ |
သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ငါ့ယောက်ျားအတွက် သားသုံးယောက်ကို ငါဖွားမြင်ပြီဖြစ်၍ ယခုတစ်ခါ သူသည် ငါ့ကိုတွယ်တာလိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို လေဝိ ဟုမှည့်ခေါ်လေ၏။
လေအာက “ငါသည် ငါ၏ကျွန်မကို ငါ့ယောက်ျားအားပေးသောကြောင့် ဘုရားသခင်သည် ငါ့အားအဖိုးအခကိုပေးတော်မူပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ဣသခါ ဟုမှည့်ခေါ်လေ၏။
လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။
သူ၏မြည်းကို စပျစ်ပင်၌ချည်ထား၏။ သူ့မြည်းမ၏သားကို အကောင်းဆုံးစပျစ်ပင်၌ချည်ထား၏။ သူ၏အဝတ်တန်ဆာကို စပျစ်ဝိုင်ဖြင့် လျှော်၏။ သူ၏ဝတ်ရုံကို စပျစ်သွေးဖြင့် လျှော်၏။
ရှိမောင်နှင့်လေဝိသည် ညီအစ်ကိုဖြစ်၏။ သူတို့၏ဓားများသည် ရက်စက်ကြမ်းကြုတ်သောလက်နက်များဖြစ်၏။
လေဝိသားမြေးတို့၏ဆွေစဉ်မျိုးဆက်အမည်များကား ဂေရရှုန်၊ ကောဟတ်၊ မေရာရိ တို့ဖြစ်ကြ၏။ လေဝိအသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်ခုနစ်နှစ်ဖြစ်၏။
ရှိမောင်၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် တစ်ဦးချင်းစီ၏အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သော ယောက်ျားအားလုံး၏အရေအတွက်မှာ
မိဒျန်အမျိုးသမီးနှင့်အတူ အသေသတ်ခံရသည့် အစ္စရေးအမျိုးသား၏အမည်မှာ ဇိမရိဖြစ်၍ သူသည် ရှိမောင်အမျိုး၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်ဖြစ်သော သာလု၏သားဖြစ်၏။
ဒုတိယအကြိမ်မဲချရာတွင် ရှိမောင်အမျိုးအနွယ်သည် မဲကျ၏။ သူတို့သည် မျိုးနွယ်စုအလိုက် ယုဒအမျိုးသားတို့၏အမွေမြေထဲတွင် အမွေမြေရရှိ၏။
အာရှာအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ နဿလိအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ မနာရှေအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
ဇာဗုလုန်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ယောသပ်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဗင်္ယာမိန်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ်နှိပ်ခြင်းခံရကြ၏။
ထိုအခါ ယုဒအမျိုးတို့က မိမိတို့အစ်ကိုရှိမောင်အမျိုးတို့အား “ခါနာန်လူမျိုးတို့ကို တိုက်ခိုက်ရန် ငါတို့အမွေမြေသို့ ငါတို့နှင့်အတူ ချီတက်ပါလော့။ ငါတို့သည်လည်း သင်တို့အမွေမြေသို့ သင်တို့နှင့်အတူ ချီတက်မည်”ဟု ဆိုသဖြင့် ရှိမောင်အမျိုးတို့လည်း သူတို့နှင့်အတူ ချီတက်လေ၏။