ယခုလည်း သင်တို့ပြုသော ဤမကောင်းမှုကြီးကို ငါတို့လက်ခံရမည်လော။ ဘုရားသခင်အပေါ် သစ္စာမဲ့၍ တစ်ပါးအမျိုးသားမိန်းမပျိုတို့နှင့်စုံဖက်သည်ကို ငါတို့လက်ခံရမည်လော”ဟု ငါပြော၏။
သို့ဖြစ်၍ငါတို့သည်လူမျိုးခြားအမျိုး သမီးများနှင့်ထိမ်းမြားစုံဖက်ခြင်းသင် တို့၏စံနမူနာအားဖြင့်ဘုရားသခင် ကိုပြစ်မှားရမည်လော'' ဟုပြော၏။
ထို့ ကြောင့်၊ မျိုး ခြား မိန်း မ တို့ နှင့် ထိမ်း မြား ခြင်း အ ပြစ် ကြီး ပြု၍၊ ငါ တို့ ဘု ရား သ ခင့် သ စ္စာ တော် ကို ဖောက် ကျော် သော သင် တို့ စ ကား အ တိုင်း၊ ငါ တို့ လိုက် ရ မည် လော ဟု ဆို ၏။
ငါတို့သည် သင်တို့စကားကို နားထောင်၍ တစ်ပါးအမျိုးသားမိန်းမတို့နှင့် စုံဖက်သဖြင့်၊ ဤမျှလောက်ကြီးသော ဒုစရိုက်ကိုပြုလျက်၊ ငါတို့၏ ဘုရားသခင်ကို ပြစ်မှားရမည်လောဟု ဘုရားသခင်ကို တိုင်တည်၍ သူတို့ကိုကျိန်ဆိုစေ၏။
ထိုအခါ ဧလံသားမြေးဖြစ်သော ယေဟေလ၏သားရှေခနိက ဧဇရအား “အကျွန်ုပ်တို့သည် ဤပြည်ရှိတစ်ပါးအမျိုးသား မိန်းမပျိုတို့နှင့်စုံဖက်ခြင်းဖြင့် အကျွန်ုပ်တို့၏ဘုရားသခင်ကို ပြစ်မှားကြပါပြီ။ သို့သော်လည်း အစ္စရေးလူမျိုးတို့အဖို့ မျှော်လင့်စရာရှိပါသေး၏။
အကျွန်ုပ်တို့သည် ပညတ်တော်များကို ထပ်မံချိုးဖောက်၍ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောလူမျိုးနှင့် ထိမ်းမြားမည်ဆိုလျှင် အကျွန်ုပ်တို့သည် အသက်ဘေးမှမလွတ်၊ ကြွင်းကျန်သူတစ်ယောက်မျှမရှိသည့်တိုင်အောင် ကိုယ်တော်သည် အမျက်ထွက်၍ ဖျက်ဆီးတော်မူမည်မဟုတ်လော။
ထိုပြည်သားတို့သည် ဥပုသ်နေ့တွင် ကုန်ပစ္စည်းများနှင့် အစားအစာများကို လာရောက်ရောင်းချပါက ဥပုသ်နေ့ဖြစ်စေ၊ သန့်ရှင်းသောနေ့ဖြစ်စေ ထိုနေ့တို့တွင် သူတို့ထံမှ ငါတို့ဝယ်မည်မဟုတ်။ ငါတို့သည် ခုနစ်နှစ်မြောက်သောနှစ်၌ သီးနှံမစိုက်၊ လက်ဝယ်ရှိ အကြွေးအားလုံးကိုလည်း လျှော်ပစ်မည်ဟု အတူတကွ တိုင်တည်ကျိန်ဆိုကြ၏။
ထိုကာလတွင် အာဇုတ်အမျိုးသမီး၊ အမ္မုန်အမျိုးသမီး၊ မောဘအမျိုးသမီးတို့နှင့်စုံဖက်သော ဂျူးလူမျိုးတို့ကိုလည်း ငါတွေ့ရ၏။
ဤအမှုနှင့်ပတ်သက်၍ သင်တို့စကားကို မည်သူနားထောင်မည်နည်း။ စစ်တိုက်သွားသောသူရသောဝေစုအတိုင်း ပစ္စည်းစောင့်ကျန်ခဲ့သောသူကိုလည်း ညီတူညီမျှဝေစုခွဲဝေပေးရမည်”ဟု ဆို၏။