ရှင်ဘုရင်ကို ဆင့်ခေါ်ရာ ဟိလခိ၏သားနန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သားအတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ လာကြ၏။
နေဟမိ 12:7 - မြန်မာ့စံမီသမ္မာကျမ်း သလ္လု၊ အာမောက်၊ ဟိလခိ၊ ယေဒါယ တို့ဖြစ်ကြ၏။ ဤသူတို့သည် ယေရွှာလက်ထက်၌ ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် သူတို့၏ဆွေမျိုးသားချင်းများ ဖြစ်ကြ၏။ Judson Bible သလ္လု၊ အာမောက်၊ ဟိလခိ၊ ယေဒါယတည်းဟူသော ယောရှုလက်ထက်၌ အမျိုးသားချင်း ယဇ်ပုရောဟိတ်တို့တွင် အကြီးအကဲ ဖြစ်ကြ၏။ |
ရှင်ဘုရင်ကို ဆင့်ခေါ်ရာ ဟိလခိ၏သားနန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သားအတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ လာကြ၏။
နှစ်ဆယ့်သုံးယောက်မြောက်မဲကျသူမှာ ဒေလာယ၊ နှစ်ဆယ့်လေးယောက်မြောက်မဲကျသူမှာ မာဇိ တို့ဖြစ်ကြ၏။
ဘုရားသခင်၏လူမောရှေ၏ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း မီးရှို့ရာယဇ်ကိုပူဇော်ရန် ယောဇဒက်၏သား ယေရွှာနှင့် သူ့ညီအစ်ကိုယဇ်ပုရောဟိတ်များ၊ ရှာလသေလ၏သား ဇေရုဗဗေလနှင့် သူ့ညီအစ်ကိုများသည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်အဖို့ ယဇ်ပလ္လင်ကို ထ၍တည်ကြလေ၏။
ရှာလသေလ၏သား ဇေရုဗဗေလ၊ ယေရွှာတို့နှင့်အတူပြန်လိုက်လာသော ယဇ်ပုရောဟိတ်များနှင့်လေဝိအမျိုးများမှာ စရာယ၊ ယေရမိ၊ ဧဇရ၊
လေဝိအမျိုးများတွင် ယေရွှာ၊ ဗိနွိ၊ ကပ်မျေလ၊ ရှေရဘိ၊ ယုဒ၊ မတ္တနိတို့ ဖြစ်ကြ၏။ မတ္တနိသည် မိမိညီအစ်ကိုများနှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းကို ဦးဆောင်သူဖြစ်၏။
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ဆဋ္ဌမလ၊ တစ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလနှင့် ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုတို့ထံသို့ ရောက်လာသည်မှာ ဤသို့တည်း။
ထို့နောက် ယဇ်ပုရောဟိတ်မင်းယောရှုသည် ထာဝရဘုရား၏ကောင်းကင်တမန်တော်ရှေ့၌ရပ်နေ၍ စာတန်သည် သူ့အား စွဲချက်တင်ရန် သူ၏လက်ယာဘက်၌ ရပ်နေသည်ကို ငါမြင်ရ၏။