ထို့နောက် ငါသည် ယုဒအကြီးအကဲတို့ကို မြို့ရိုးပေါ်သို့ တက်သွားစေ၏။ ကျေးဇူးတော်ချီးမွမ်းမည့်သံစုံသီချင်းအဖွဲ့ကြီးကိုလည်း နှစ်ဖွဲ့ခွဲထား၍ တစ်ဖွဲ့ကို နောက်ချေးပုံတံခါးဘက်သို့ဦးတည်၍ မြို့ရိုးပေါ်တွင် လက်ယာရစ်စီတန်းသွားစေ၏။
နေဟမိ 12:38 - မြန်မာ့စံမီသမ္မာကျမ်း ကျေးဇူးတော်ချီးမွမ်းမည့်သံစုံသီချင်းအဖွဲ့ နောက်တစ်ဖွဲ့သည် လက်ဝဲဘက်သို့လှည့်လည်စီတန်းသွား၏။ ငါနှင့်လူထုတစ်ဝက်သည် မြို့ရိုးပေါ်တွင် သူတို့နောက်မှလိုက်၍ မီးခိုးခေါင်းတိုင်ကိုဖြတ်ပြီး မြို့ရိုးကျယ်အထိ သွားကြ၏။ Common Language Bible ကျေးဇူးတော်ချီးမွမ်းသည့်အခြားလူစုသည်မြို့ရိုးပေါ်တွင်လက်ဝဲရစ်လှည့်၏။ ငါသည်ကျန်ပရိသတ်တစ်ဝက်နှင့်အတူသူတို့၏နောက်မှလိုက်ကြ၏။ ငါတို့သည်မုန့်ဖိုပြအိုးကိုဖြတ်၍မြို့ရိုးကျယ်အထိလျှောက်သွားကြပြီးလျှင်၊- Garrad Bible မြို့ ရိုး ထက် လက် ဝဲ ရစ် လှည့် သွား သော သီ ဆို သူ တစ် သွယ် သည်၊ ငါ နှင့် ကျန် ပ ရိ သတ် တစ် ဝက် လိုက် လျက်၊ Judson Bible သီချင်းသည် တစ်စုကား၊ လက်ဝဲဘက်သို့လှည့်၍၊ ငါနှင့်တစ်ဝက်သော လူများတို့သည် မြို့ရိုးပေါ်၊ မီးဖိုပြအိုးမှ ကျယ်သောမြို့ရိုးတိုင်အောင် လိုက်ကြ၏။ |
ထို့နောက် ငါသည် ယုဒအကြီးအကဲတို့ကို မြို့ရိုးပေါ်သို့ တက်သွားစေ၏။ ကျေးဇူးတော်ချီးမွမ်းမည့်သံစုံသီချင်းအဖွဲ့ကြီးကိုလည်း နှစ်ဖွဲ့ခွဲထား၍ တစ်ဖွဲ့ကို နောက်ချေးပုံတံခါးဘက်သို့ဦးတည်၍ မြို့ရိုးပေါ်တွင် လက်ယာရစ်စီတန်းသွားစေ၏။
ဟာရိမ်၏သားမာလခိယနှင့် ပါဟတ်မောဘ၏သားဟာရှုပ်တို့သည် မြို့ရိုးနောက်တစ်ပိုင်းနှင့် မီးခိုးခေါင်းတိုင်ကို ပြုပြင်ကြ၏။
သူတို့၏ဘေးတွင် ဟာဟာယ၏သား ပန်းထိမ်ဆရာဩဇေလ ပြုပြင်၏။ သူ၏ဘေးတွင် အမွှေးနံ့သာဖော်ဆရာဟာနနိယ ပြုပြင်၏။ သူတို့သည် ဂျေရုဆလင်မြို့ရိုးကို မြို့ရိုးကျယ်အထိ ပြုပြင်ကြ၏။