စာရာသည် ခါနာန်ပြည်ရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့၌ သေဆုံး၏။ အာဗြဟံသည် စာရာအတွက် ငိုကြွေးမြည်တမ်းရန် လာလေ၏။
နေဟမိ 11:25 - မြန်မာ့စံမီသမ္မာကျမ်း ယုဒအမျိုးအနွယ်အချို့သည် ကိရယအာဘမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒိဘုန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ယေကပ်ဇေလမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများတွင် မိမိတို့အပိုင်မြို့ရွာလယ်မြေများအဖြစ် အခြေချနေထိုင်ကြ၏။ Common Language Bible လူအမြောက်အမြားပင်မိမိတို့လယ်ယာ များအနီးရှိမြို့တို့တွင်နေထိုင်ကြလေ သည်။ ယုဒအနွယ်ဝင်တို့သည်ကိရယ သာဘမြို့၊ ဒိဘုန်မြို့နှင့်ယေကပ်ဇေလမြို့ တို့၌လည်းကောင်း၊ ထိုမြို့များအနီးရှိ ကျေးရွာများ၌လည်းကောင်းနေထိုင်ကြ၏။- Garrad Bible ယု ဒ အ မျိုး သား တို့ နေ သော ကျေး လက် မြို့ ရွာ များ မှာ၊ ကိ ရ ယ သာ ဘ မြို့ နှင့် နိ ဂုံး၊ ဒိ ဘုန် မြို့ နှင့် နိ ဂုံး၊ ယေ ကပ် ဇေ လ မြို့ နှင့် ဆင် ခြေ ဖုံး၊ Judson Bible ယုဒလူအချို့တို့သည် မြို့ရွာကျေးလက်တည်းဟူသော ကိရယသာဘမြို့ရွာ၊ ဒိဘုန်မြို့ရွာ၊ ယေကပ်ဇေလမြို့ရွာ၊ |
စာရာသည် ခါနာန်ပြည်ရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့၌ သေဆုံး၏။ အာဗြဟံသည် စာရာအတွက် ငိုကြွေးမြည်တမ်းရန် လာလေ၏။
ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင်ရှိ ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမုန်မြို့၊
သူတို့ရရှိသောအမွေမြေကား အာနုန်ချောင်းနံဘေးရှိ အာရော်မြို့မှစ၍ ချောင်းအလယ်ပိုင်းရှိမြို့၊ မေဒဘလွင်ပြင်တစ်လျှောက် ဒိဘုန်မြို့အထိ
ယောရှုသည် ယေဖုန္နာ၏သား ကာလက်ကို ကောင်းချီးပေး၍ ဟေဗြုန်မြို့ကိုလည်း အမွေမြေအဖြစ် ပေးလေ၏။
ယခု ဟေဗြုန် ဟုခေါ်သောမြို့သည် ယခင်က ကိရယအာဘမြို့ဟုခေါ်၏။ အာဘသည် အာနကလူမျိုးတို့တွင် အကြီးအကဲဖြစ်၏။ ထို့နောက်တွင် တစ်ပြည်လုံး စစ်ငြိမ်းလေ၏။