ထိုသူက “နှစ်သက်မြတ်နိုးခြင်းခံရသူဒံယေလ၊ ငါပြောသောစကားကို ဆင်ခြင်သုံးသပ်လော့။ ထ၍ ရပ်လော့။ ငါသည် သင့်ထံသို့ စေလွှတ်ခြင်းခံရသောသူဖြစ်၏”ဟု ငါ့အား ဤစကားကိုပြောဆိုလျှင် ငါသည် တုန်ရီလျက် ရပ်လေ၏။
ဒံယေလ 9:22 - မြန်မာ့စံမီသမ္မာကျမ်း သူက ငါ့အား “ဒံယေလ၊ သင့်အား ထိုးထွင်းသိမြင်နိုင်သောဉာဏ်ကိုပေးရန် ယခု ငါရောက်လာခြင်းဖြစ်၏။ Common Language Bible ဂါဗြေလက``ဒံယေလ၊ ငါသည်ဗျာဒိတ် ရူပါရုံကိုသင်သိရှိနားလည်နိုင်ရေး အတွက်အကူအညီပေးရန် ဤအရပ် သို့ရောက်ရှိလာခြင်းဖြစ်၏။- Garrad Bible အ ချင်း ဒံ ယေ လ၊ သင် သည် ဉာဏ် ပ ဋိ ဘာန်၌ လေ့ လာ စေ ရန် ငါ ထွက် လာ ပြီ။ Judson Bible နှုတ်ဆက်လျက်၊ အချင်းဒံယေလ၊ ငါသည် သင်၌ ဉာဏ်ပညာ တိုးပွားစေမည်အကြောင်း ထွက်လာပြီ။ |
ထိုသူက “နှစ်သက်မြတ်နိုးခြင်းခံရသူဒံယေလ၊ ငါပြောသောစကားကို ဆင်ခြင်သုံးသပ်လော့။ ထ၍ ရပ်လော့။ ငါသည် သင့်ထံသို့ စေလွှတ်ခြင်းခံရသောသူဖြစ်၏”ဟု ငါ့အား ဤစကားကိုပြောဆိုလျှင် ငါသည် တုန်ရီလျက် ရပ်လေ၏။
တစ်ဖန် သူက “ဒံယေလ၊ မကြောက်နှင့်။ သင်သည် ဘုရားသခင်၏ရှေ့တော်တွင် ကိုယ်ကိုနှိမ့်ချ၍ နားလည်လိုသောဆန္ဒရှိသည့်ပထမဆုံးနေ့မှစ၍ သင့်စကားကို ဘုရားသခင်ကြားတော်မူပြီ။ သင့်စကားကြောင့် ငါရောက်လာရခြင်းဖြစ်၏။
ဤဗျာဒိတ်နိမိတ်သည် နောင်လာမည့်နေ့ရက်များနှင့်ဆိုင်သည်ဖြစ်၍ ထိုနေ့ရက်များတွင် သင့်လူမျိုး၌ ဖြစ်ပျက်မည့်အရာတို့ကို ကြားပြောရန် ငါရောက်လာပြီ”ဟု ဆို၏။
ယခု သမ္မာတရားကျမ်းတွင် ရေးထားသောအရာတို့ကို သင့်အား ငါပြောပြမည်။ ထိုသူတို့နှင့် တိုက်ခိုက်ရာတွင် သင်တို့၏မင်း မိက္ခေလမှတစ်ပါး ငါ့ကို ကူညီမည့်သူတစ်ယောက်မျှမရှိ။
ထို့ကြောင့် ငါသည် အနားတွင်ရပ်နေသောသူတစ်ဦးထံသွားပြီး ဤအဖြစ်အပျက်အလုံးစုံနှင့်ပတ်သက်သည့် အနက်အဓိပ္ပာယ်အမှန်ကို မေးကြည့်လျှင် ထိုသူက ဤအဖြစ်အပျက်အလုံးစုံ၏အနက်အဓိပ္ပာယ်ကို ငါ့အား ဖော်ပြမည်ဟု ဆို၏။
ထို့နောက် ဥလဲမြစ်နားမှလူတစ်ဦးက “အို ဂါဗြေလ၊ ထိုဗျာဒိတ်အာရုံ၏အနက်ကို သူ့အား ဖော်ပြပေးပါ”ဟု အော်ပြောသောအသံကို ငါကြားရ၏။
စင်စစ် ဘုရားရှင်ထာဝရဘုရားသည် မိမိအကြံအစည်တော်ကို အစေအပါးပရောဖက်တို့အား မဖွင့်ပြဘဲ မည်သည့်အမှုကိုမျှ ပြုတော်မမူ။
ငါနှင့်စကားပြောနေသောကောင်းကင်တမန်က ငါ့အား “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသောစကားများကို သင်ပြန်လည်ဆင့်ဆိုရမည်။ ကိုယ်တော်က ‘ငါသည် ဂျေရုဆလင်မြို့နှင့်ဇိအုန်တောင်ကို အလွန်ကြင်နာ၏။
ငါကလည်း “သခင်၊ အကျွန်ုပ်မြင်ရသောဤအရာများကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်လျှင် ငါနှင့်စကားပြောနေသောကောင်းကင်တမန်က “ဤအရာများ မည်သို့ဆိုလိုသည်ကို သင့်အား ငါပြမည်”ဟု မိန့်ဆိုပြီးလျှင်
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်၌ဖွင့်ထားသည့်တံခါးတစ်ခုရှိ၏။ ထိုအခါ ပထမဦးစွာ ငါ့အားမိန့်တော်မူသည်ကို ငါကြားရသည့်တံပိုးခရာသံကဲ့သို့သောအသံက“ဤအရပ်သို့တက်လာလော့။ ဤအဖြစ်အပျက်များနောက်တွင် ဖြစ်ပျက်ရမည့်အရာတို့ကို သင့်အား ငါပြမည်”ဟု ဆို၏။