တစ်ဖန် ဉာဏ်ပညာနှင့်ဆိုင်သော ဤဥပမာတစ်ခုကို နေအောက်တွင် ငါတွေ့မြင်၏။ ၎င်းသည် ငါ့အတွက်ကြီးမားသောအရာဖြစ်၏။
နေအောက်မှာ ငါတွေ့မြင်၍ ချီးမွမ်းဘွယ်သော ပညာဟူမူကား၊
နေ အောက် တွင် ပ ညာ ရှိ ခြင်း ကို ငါ တွေ့၍၊ ချီး မွမ်း ဖွယ် ထင် မြင် သည် ကား၊ လူ နည်း သော မြို့ ငယ် ရှိ၍၊
နေအောက်မှာ ငါတွေ့မြင်၍ ချီးမွမ်းဖွယ်သောပညာဟူမူကား၊
ထို့နောက် ထိုမိန်းမသည် အမြော်အမြင်ရှိသူပီပီ မြို့သားတို့ထံသွား၍ကြားပြောရာ သူတို့သည်လည်း ဗိခရိ၏သား ရှေဘ၏ခေါင်းကိုဖြတ်ပြီး ယွာဘထံ ပစ်ချ၏။ ယွာဘသည်လည်း တံပိုးမှုတ်လိုက်လျှင် သူ့လူတို့သည် မြို့မှထွက်ခွာ၍ အသီးသီးကိုယ့်အိမ်သို့ပြန်သွားကြ၏။ ယွာဘမူကား ရှင်ဘုရင်ရှိရာ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။
နေအောက်တွင်ငါတွေ့မြင်သော အဖြစ်ဆိုးတစ်ခုရှိ၍ ၎င်းသည် လူကိုဝန်ပိစေ၏။
ငါ၏အချည်းနှီးသောနေ့ရက်များ၌ ခပ်သိမ်းသောအမှုတို့ကို ငါတွေ့မြင်ပြီ။ မိမိ၏ဖြောင့်မတ်ခြင်းထဲ၌ ပျက်စီးရသည့် ဖြောင့်မတ်သောသူရှိသကဲ့သို့ မိမိ၏ဆိုးယုတ်ခြင်းထဲ၌ အသက်ရှည်ရသည့်ဆိုးယုတ်သောသူလည်းရှိ၏။
ဉာဏ်ပညာသည် ပညာရှိသောသူကို မြို့ထဲ၌ရှိသောအုပ်ချုပ်သူဆယ်ဦးထက် ပို၍အားကြီးစေတတ်၏။
ငါသည် ဉာဏ်ပညာကိုသိရှိရန်လည်းကောင်း၊ လူသည် နေ့ရောညပါမအိပ်ဘဲ ကမ္ဘာမြေကြီးပေါ်တွင်လုပ်ဆောင်တတ်သောအလုပ်ကိုတွေ့မြင်ရန်လည်းကောင်း ငါ၏စိတ်ကိုပိုင်းဖြတ်ထားသောအခါ
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။
အမှန်စင်စစ် လူသည် မိမိ၏အချိန်ကာလကို မသိတတ်။ ဘေးအန္တရာယ်ရှိသောပိုက်ကွန်၌ ဖမ်းမိခြင်းခံရသောငါးများနှင့် ကျော့ကွင်း၌မိသောငှက်များကဲ့သို့ လူသားတို့သည် သူတို့အပေါ်သို့ ဆိုးရွားသောအချိန်ကာလ ရုတ်တရက်ကျရောက်သောအခါ ထိုအရာအားဖြင့် ကျော့မိတတ်၏။
လူအနည်းငယ်သာရှိသောမြို့ငယ်တစ်မြို့ရှိ၏။ ကြီးမြတ်သောရှင်ဘုရင်တစ်ပါးသည် ထိုမြို့ကိုတိုက်ရန် ချီတက်လာ၍ ထိုမြို့ကိုဝိုင်းရံထားကာ မြို့ပတ်လည်၌ ကြီးမားသောကတုတ်ကို တည်ဆောက်လေ၏။
ဒံယေလသည် ဘေဘီလုံပညာရှိတို့ကို ကွပ်မျက်ရန်လာသော ဘုရင့်ကိုယ်ရံတော်မှူးအာရုတ်အား အမြော်အမြင်ရှိရှိ၊ လိမ္မာပါးနပ်စွာ မေးမြန်းပြောဆို၏။