စာရာကလည်း “ငါရယ်ရသောအခွင့်ကို ဘုရားသခင်ပေးတော်မူပြီ။ ဤအကြောင်းကိုကြားသောသူအားလုံးတို့သည်လည်း ငါနှင့်အတူရယ်ကြလိမ့်မည်”ဟု ဆို၏။
ဒေသနာကျမ်း။ 3:4 - မြန်မာ့စံမီသမ္မာကျမ်း ငိုကြွေးရသောအချိန်နှင့် ရယ်မောရသောအချိန်ရှိ၏။ မြည်တမ်းရသောအချိန်နှင့် ကခုန်ရသောအချိန်ရှိ၏။ Common Language Bible ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသော အချိန်လည်း ရှိ၏။ Garrad Bible ငို ကြွေး ရန် အ ချိန် နှင့် ရယ် မော ရန် အ ချိန်၊ ညည်း တွား ရန် အ ချိန် နှင့် က ခုန် ရန် အ ချိန်။ Judson Bible ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသောအချိန်လည်း ရှိ၏။ |
စာရာကလည်း “ငါရယ်ရသောအခွင့်ကို ဘုရားသခင်ပေးတော်မူပြီ။ ဤအကြောင်းကိုကြားသောသူအားလုံးတို့သည်လည်း ငါနှင့်အတူရယ်ကြလိမ့်မည်”ဟု ဆို၏။
ဒါဝိဒ်မြို့တွင်းသို့ ထာဝရဘုရား၏သေတ္တာတော် ဝင်ရောက်လာသောအခါ ရှောလုမင်းကြီး၏သမီးတော် မိခါလသည် ပြတင်းပေါက်မှလှမ်းကြည့်ရာ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်တွင် ကခုန်လျက်လိုက်ပါလာသည်ကို မြင်လျှင် သူ့စိတ်ထဲတွင် ဒါဝိဒ်မင်းကြီးကို မထီလေးစားပြုမိလေ၏။
ကိုယ်တော်သည် အကျွန်ုပ်၏မြည်တမ်းခြင်းကို ကခုန်ခြင်းအဖြစ်သို့ ပြောင်းလဲစေတော်မူပြီ။ အကျွန်ုပ်၏လျှော်တေအဝတ်ကိုချွတ်၍ ဝမ်းမြောက်ခြင်းအဝတ်ကို ဝတ်ဆင်ပေးတော်မူပြီ။
အကြောင်းမူကား ကိုယ်တော်၏အမျက်တော်သည် ခဏသာဖြစ်၏။ ကိုယ်တော်၏ကျေးဇူးတော်မူကား တစ်သက်လုံးတည်၏။ နေဝင်ချိန်၌ ငိုကြွေးခြင်းသည် လာ၍တည်းခိုသော်လည်း နံနက်အချိန်၌ ရွှင်လန်းစွာကြွေးကြော်ခြင်းသည် ရောက်လာ၏။
အာရုန်၏အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကိုကိုင်လျက် မိန်းမအပေါင်းတို့သည်လည်း ပတ်သာတီးလျက်၊ ကခုန်လျက် သူ့နောက်သို့လိုက်သွားကြ၏။
ကျောက်များကိုလွှင့်ပစ်ရသောအချိန်နှင့် ကျောက်များကိုစုရသောအချိန်ရှိ၏။ ပွေ့ဖက်ရသောအချိန်နှင့် ပွေ့ဖက်ခြင်းကိုရှောင်ကြဉ်ရသောအချိန်ရှိ၏။
ကောင်းကျိုးချမ်းသာခံစားရာကာလ၌ ဝမ်းမြောက်လော့။ ဒုက္ခခံရာကာလ၌မူကား ဆင်ခြင်လော့။ လူသည် သူ့နောက်တွင်ဖြစ်မည့်အရာတစ်စုံတစ်ခုကိုမျှ မတွေ့ရှိစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာနှင့်အတူ ဒုက္ခကိုလည်း ဖြစ်ပေါ်စေတော်မူ၏။
သင်တို့၏ဘုရားသခင်က “ငါ၏လူမျိုးတော်ကို နှစ်သိမ့်ပေးကြ။ နှစ်သိမ့်ပေးကြ”ဟု မိန့်တော်မူ၏။
“စစ်ပွဲ ပြီးဆုံးပြီ။ ထာဝရဘုရား၏လက်တော်မှ မိမိအပြစ်အတွက် နှစ်ဆခံယူပြီးပြီဖြစ်၍ အပြစ်လည်း ခွင့်လွှတ်ခြင်းခံရပြီ”ဟု ဂျေရုဆလင်မြို့အား ကြေညာပြီး နှစ်သိမ့်ပေးလော့။
‘ငါတို့သည် သင်တို့အတွက် ပလွေမှုတ်ပေးသော်လည်း သင်တို့သည် မကကြ။ ငိုချင်းကိုဖွဲ့နွဲ့သီဆိုသော်လည်း သင်တို့သည် မမြည်တမ်းကြ’ဟု လှမ်း၍ပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူ၏။
ယေရှုကလည်း“သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေသရွေ့ ဝမ်းနည်းကြေကွဲနိုင်ကြမည်လော။ သို့သော် သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွားမည့်နေ့ရက်များ ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
ထာဝရဘုရားသည် ထူးမြတ်သောကရုဏာတော်ကို အဲလစ်ဇဘက်အပေါ်ပြသတော်မူကြောင်း အိမ်နီးချင်းနှင့် ဆွေမျိုးသားချင်းတို့သည် ကြားကြသောအခါ သူနှင့်အတူဝမ်းမြောက်ကြ၏။
ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။
အကြောင်းမူကား ဘုရားသခင်၏အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ယူကျုံးမရမဖြစ်ရလေအောင် ကယ်တင်ခြင်းရရှိစေသည့် နောင်တစိတ်ကိုဖြစ်ပေါ်စေ၏။ လောကီဝမ်းနည်းခြင်းမူကား သေခြင်းကိုဖြစ်ပေါ်စေ၏။
စိတ်ညှိုးငယ်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငိုကြွေးခြင်းရှိကြလော့။ သင်တို့၏ရယ်မောခြင်းကို ဝမ်းနည်းကြေကွဲခြင်းဖြစ်စေ၍ သင်တို့၏ဝမ်းမြောက်ခြင်းကို ဝမ်းနည်းပူဆွေးခြင်းဖြစ်စေကြလော့။