ရှင်ဘုရင်သည် အာဗနာအတွက် ငိုချင်းချရင်း “အာဗနာသည် လူမိုက်သေသကဲ့သို့ သေရပါပြီတကား။
ဒေသနာကျမ်း။ 2:16 - မြန်မာ့စံမီသမ္မာကျမ်း အမှန်စင်စစ် မိုက်မဲသောသူကဲ့သို့ပင် ပညာရှိသောသူသည်လည်း အစဉ်အမြဲအောက်မေ့ခြင်းခံရမည်မဟုတ်။ နောင်လာမည့်နေ့ရက်များတွင် အားလုံးသည် မေ့လျော့ခြင်းခံရလိမ့်မည်။ ပညာရှိသောသူသည် မိုက်မဲသောသူနည်းတူ သေတတ်ပါသည်တကား။ Common Language Bible ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက် သော သူသေသကဲ့သို့ သေတတ်ပါသည်တကား။ Garrad Bible နောင် ကာ လ၌၊ အ လုံး စုံ ကို မေ့ လျော့ နှင့် သည့် အ တိုင်း၊ လူ မိုက် ကဲ့ သို့ ပ ညာ ရှိ ကို လည်း အ စဉ် သ တိ ရ ခြင်း မ ရှိ ချေ။ ပ ညာ ရှိ သည်၊ လူ မိုက် နည်း တူ ပင်၊ သေ ဆုံး ရ လေ စွ တ ကား။ Judson Bible ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင်ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက်သောသူသေသကဲ့သို့ သေတတ်ပါသည်တကား။ |
ရှင်ဘုရင်သည် အာဗနာအတွက် ငိုချင်းချရင်း “အာဗနာသည် လူမိုက်သေသကဲ့သို့ သေရပါပြီတကား။
လေတိုက်ခတ်သောအခါ ထိုပန်းပွင့်သည် ပျောက်ကွယ်သွား၍ သူ့နေရာပင်လျှင် သူ့ကိုမသိတော့ပေ။
အကြောင်းမူကား ပညာရှိတို့သည် သေကြရသည့်နည်းတူ မိုက်မဲသောသူနှင့် အသိတရားမဲ့သောသူသည်လည်း ပျက်စီးသွား၍ မိမိတို့၏ဥစ္စာပစ္စည်းကို သူတစ်ပါးတို့အတွက်ထားခဲ့ရသည်ကို လူသည်တွေ့မြင်ရလိမ့်မည်။
ကိုယ်တော်ပြုတော်မူသောအံ့ဖွယ်သောအမှုတို့ကို အမှောင်ထဲ၌လည်းကောင်း၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို မေ့လျော့ရာပြည်၌လည်းကောင်း သိမှတ်ကြပါသလော။
နောက်ပိုင်းတွင် အီဂျစ်ပြည်၌ ယောသပ်ကိုမသိသော ရှင်ဘုရင်အသစ်တစ်ပါး ပေါ်လာ၏။
ဆင်ခြင်ဉာဏ်ရှိသောသူ၏ဉာဏ်ပညာမှာ မိမိလမ်းကိုသိရှိနားလည်ခြင်းဖြစ်၏။ မိုက်မဲသောသူတို့၏မိုက်မဲခြင်းမူကား လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။
ယခင်ကအရာတို့ကို မှတ်မိခြင်းမရှိ။ နောင်ဖြစ်မည့်အရာတို့ကိုလည်း ၎င်းတို့၏နောက်တွင် ပေါ်လာမည့်သူတို့သည် မှတ်မိကြလိမ့်မည်မဟုတ်။
ပညာရှိသောသူ၏မျက်စိသည် သူ၏ဦးခေါင်းထဲ၌ရှိ၏။ မိုက်မဲသောသူမူကား အမှောင်ထဲ၌လျှောက်လှမ်းတတ်၏။ သို့ရာတွင် တစ်ခုတည်းသောအဖြစ်သည် သူတို့အားလုံး၌ဖြစ်ပျက်သည်ကို ငါသိ၏။
ထိုအခါ ငါက “မိုက်မဲသောသူ၌ဖြစ်ပျက်သောအဖြစ်မျိုးသည် ငါ၌လည်းဖြစ်ပျက်လိမ့်မည်။ သို့ဖြစ်လျှင် ငါဉာဏ်ပညာရှိခြင်းသည် ငါ့အတွက် မည်သို့အကျိုးထူးသနည်း”ဟု ငါ့စိတ်ထဲ၌မြွက်ဆို၏။ တစ်ဖန် “ဤအရာသည်လည်း အချည်းနှီးဖြစ်၏”ဟု ငါ့စိတ်ထဲ၌ ပြောဆို၏။
ပညာရှိသောသူသည် မိုက်မဲသောသူထက် မည်သို့အကျိုးထူးသနည်း။ အသက်ရှင်သောသူများရှေ့တွင် မည်သို့ကျင့်ကြံပြုမူရမည်ကိုသိသောဆင်းရဲသားသည်လည်း မည်သို့အကျိုးထူးသနည်း။
အသုဘအိမ်သို့သွားခြင်းသည် စားသောက်ပွဲခံရာအိမ်သို့သွားခြင်းထက်ပို၍ကောင်း၏။ အကြောင်းမူကား သေခြင်းသည် လူအားလုံး၏နိဂုံးဖြစ်၍ အသက်ရှင်လျက်ရှိသောသူသည် ထိုအမှုအရာကိုဆင်ခြင်နှလုံးသွင်းလိမ့်မည်။
တစ်ဖန် သန့်ရှင်းသောနေရာ၌ ဝင်ထွက်သွားလာခဲ့သည့် ဆိုးယုတ်သောသူတို့သည် သင်္ဂြိုဟ်ခြင်းခံရသည်ကိုငါတွေ့မြင်၏။ သူတို့သည် ထိုသို့ပြုခဲ့ရာမြို့တွင် မေ့လျော့ခြင်းခံရကြ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
သို့သော် ထိုမြို့၌ ပညာရှိသည့်ဆင်းရဲသောသူတစ်ယောက်ရှိ၍ သူသည် မိမိ၏ဉာဏ်ပညာအားဖြင့် ထိုမြို့ကိုကယ်တင်၏။ သို့ရာတွင် ထိုဆင်းရဲသောသူကို မည်သူမျှအောက်မေ့ခြင်းမရှိကြ။
အကြောင်းမူကား အသက်ရှင်သောသူတို့သည် မိမိတို့သေရမည်ကို သိကြ၏။ သေသောသူတို့မူကား မည်သည့်အရာကိုမျှမသိကြ။ သူတို့နှင့်ဆိုင်သောအောက်မေ့စရာများပင်လျှင် မေ့လျော့ခြင်းခံရသည်ဖြစ်၍ သူတို့အတွက် ဆုလာဘ်လည်း နောက်ထပ်မရှိတော့ပေ။
ထိုအချိန်တွင် ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသောသူတို့အချင်းချင်းပြောဆိုသောစကားကို ထာဝရဘုရားနားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေပြီး နာမတော်ကို ကြည်ညိုလေးစားသောသူတို့နှင့်ပတ်သက်၍ ရှေ့တော်၌ အောက်မေ့စရာမှတ်တမ်းစာလိပ်တွင် ရေးမှတ်ထား၏။