Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒေသနာကျမ်း။ 2:16 - Garrad Bible

16 နောင် ကာ လ၌၊ အ လုံး စုံ ကို မေ့ လျော့ နှင့် သည့် အ တိုင်း၊ လူ မိုက် ကဲ့ သို့ ပ ညာ ရှိ ကို လည်း အ စဉ် သ တိ ရ ခြင်း မ ရှိ ချေ။ ပ ညာ ရှိ သည်၊ လူ မိုက် နည်း တူ ပင်၊ သေ ဆုံး ရ လေ စွ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက် သော သူသေသကဲ့သို့ သေတတ်ပါသည်တကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ယ​ခု​ဖြစ်​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို နောင်​ကာ​လ၌ မေ့​လျော့​လိမ့်​မည်​ဖြစ်၍၊ မိုက်​သော​သူ​သည် အ​စဉ်​မ​အောက်​မေ့​သ​ကဲ့​သို့၊ ပ​ညာ​ရှိ​သော​သူ​ကို​လည်း အ​စဉ်​မ​အောက်​မေ့​တတ်။ ပ​ညာ​ရှိ​သော​သူ​သည် မိုက်​သော​သူ​သေ​သ​ကဲ့​သို့ သေ​တတ်​ပါ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 အမှန်စင်စစ် မိုက်မဲ​သော​သူ​ကဲ့သို့ပင် ပညာရှိ​သော​သူ​သည်​လည်း အစဉ်အမြဲ​အောက်မေ့​ခြင်း​ခံရ​မည်​မ​ဟုတ်​။ နောင်လာမည့်​နေ့ရက်​များ​တွင် အားလုံး​သည် မေ့လျော့​ခြင်း​ခံရ​လိမ့်မည်​။ ပညာရှိ​သော​သူ​သည် မိုက်မဲ​သော​သူ​နည်းတူ သေ​တတ်​ပါ​သည်​တကား​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒေသနာကျမ်း။ 2:16
17 ပူးပေါင်းရင်းမြစ်များ  

ဘု ရင် မင်း သည် အာ ဗ နာ အ တွက် ငို ချင်း ဖွဲ့ ဆို သည် မှာ အို အာ ဗ နာ၊ သင် သည် သူ မိုက် သေ၊ သေ အပ် သ လော။


လေ တိုက် သွား သော် ပ ပျောက်၍၊ နေ ရာ ရင်း၌ တွေ့ တော့ မည် မ ဟုတ်။


မု ချ ဆင်း ကြ ရ လ တ္တံ့။ ပ ညာ ရှိ သူ တို့ သေ လျက်၊ မိုက် မဲ သူ နှင့် တ ကွ ဉာဏ် တုံး သူ တို့ ပျက် စီး ၍၊ ကြွယ် ဝ သ မျှ ကို၊ သူ တစ် ပါး တို့ ဆက် ခံ ကြ ရာ ၏။


အံ့ ဖွယ် ရာ အ မှု တော် များ ကို မှောင် ကျ ရာ အ ရပ်၌ လည်း ကောင်း၊ ဖြောင့် မတ် တော် မူ ခြင်း ကို မေ့ လျော့ ရာ တိုင်း ပြည် ၌ လည်း ကောင်း၊ သိ ကျွမ်း ခွင့်၊ ရ မည် လော။


ယော သပ် နှင့် ညီ အစ် ကို မှ စ၍ ထို တစ် ဆက် လုံး သေ လွန် ကြ ပြီး နောက်၊


ထို နောက် မှ အိ ဂျစ် ပြည် တွင် ယော သပ် ကို မ သိ သော ဘု ရင် သစ် ပေါ် ထွန်း ရာ၊


လိ မ္မာ သော သူ၏ ပ ညာ သည်၊ ကိုယ့် အ လေ့ အ လာ ကို ဆင် ခြင် ပိုင်း ခြား ခြင်း ဖြစ်၏။ လူ ဗာ လ တို့၏ မိုက် မဲ ခြင်း မူ ကား၊ ပ ရိ ယာယ် တည်း။


အ တိတ် လူ ဆက် ကို၊ သ တိ မ ရ တတ် သည့် အ တိုင်း၊ ဖြစ် လ တ္တံ့ သော အ နာ ဂတ် လူ ဆက် ကို လည်း၊ ၎င်း နောက် ဖြစ် အံ့ သော သူ တို့ သ တိ ရ မည် မ ဟုတ် ချေ။


ပ ညာ ရှိ၏ မျက် စိ သည်၊ ဦး ခေါင်း ၌ တည် ၍၊ လူ မိုက် ကား၊ မှောင် တွင် သာ ကျင် လည် တတ် သော် လည်း၊ နှစ် ဦး လုံး၌ တစ် မျိုး တည်း ဖြစ် ပျက် ကြောင်း ကို သိ မြင် ၍၊


ငါ က၊ လူ မိုက်၌ ဖြစ် ပျက် သ ကဲ့ သို့၊ ငါ၌ လည်း ဖြစ် ပျက် ခဲ့ မူ၊ မည် သည့် အ ကြောင်း ကြောင့် ထူး မြတ် သော ပ ညာ ရှိ သ နည်း ဟူ ၍ လည်း‌ ကောင်း၊ ပ ညာ ရှိ ခြင်း လည်း အ န တ္တ ဖြစ် သည် ဟူ ၍ လည်း‌ ကောင်း၊ အောက် မေ့ လေ ၏။


ပ ညာ ရှိ သည်၊ လူ မိုက် ထက် မည် သည့် အ ကျိုး ထူး သ နည်း။ သူ ဆင်း ရဲ လည်း၊ အ သက် ရှင် သူ တို့ ရှေ့ တွင် ကျင့် ကြံ ပြု မူ တတ် သော် လည်း၊ မည် သည့် အ ကျိုး ရှိ သ နည်း။


လူ ရှိ သ မျှ တို့ အ ဆုံး ကား၊ သေ ခြင်း ဖြစ် ကြောင်း ကို၊ အ သက် ရှင် သူ တို့ သည် နှ လုံး ပိုက် ကြ မည် ဖြစ်၍၊ အ သု ဘ အိမ် သို့ သွား ခြင်း သည်၊ စား သောက် ပွဲ သို့ သွား ခြင်း ထက် သာ၍ ကောင်း ၏။


၎င်း ပြင်၊ လူ ဆိုး ဖြစ် လျက်၊ ကောင်း စွာ သင်္ဂြိုဟ် ခံ ရ၍၊ သူ တော် ကောင်း ဖြစ် လျက် သန့် ရှင်း ရာ ဌာ န မှ နှင် ထုတ် ခံ ရ သည့် ပြင်၊ ထို မြို့၌ သ တိ မ ရ ကြ သည် ကို ငါ သိ မြင်၏။ ဤ အ ခြင်း အ ရာ လည်း အ န တ္တ ဖြစ် ၏။


၎င်း မြို့ တွင် ပ ညာ ရှိ ဆင်း ရဲ သား တစ် ယာက် ကို တွေ့ သ ဖြင့်၊ သူ့ ပ ညာ အ စွမ်း နှင့် ကယ် လွှတ် လေ၏။ သို့ ရာ တွင် ထို ပ ညာ ရှိ ဆင်း ရဲ သား ကို မည် သူ မျှ သ တိ မ ရ ချေ။


အ ဘယ့် ကြောင့် ဆို သော်၊ သူ ရှင် တို့ သည် သေ ကြ ရ မည် ကို သိ၏။ သူ သေ တို့ မူ ကား၊ မည် သည် ကို မျှ မ သိ။ အ ကျိုး အ ပြစ် ကို လည်း မ ခံ ရ။ သူ တို့ ကို မေ့ လျော့ တတ် ကြ၏။


ထို ကာ လ၊ ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သူ တို့ တိုင် ပင် ကြ ရာ၊ ထာ ဝ ရ ဘု ရား သည်၊ နား ညောင်း နား စိုက် တော် မူ သည့် အ တိုင်း၊ ကိုယ် တော် ကို ခန့် ညား သူ၊ နာ မ တော် ကို ထောက် ထား သူ တို့ မှတ် စာ တန်း ကို၊ ရှေ့ တော် တွင် ရေး တင် စေ တော် မူ သော ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊


လူ တို့ သည် တစ် ကြိမ် တည်း သေ ပြီး နောက် စီ ရင် ဆုံး ဖြတ် ခံ ရ သည့် နည်း တူ၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ