ထိုနေရာတွင် အဓမ္မစေခိုင်းသံများမကြားရဘဲ အကျဉ်းသားတို့ အေးချမ်းစွာနေကြရ၏။
ထွက်မြောက် 5:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အစ္စရေးအမျိုးသားအလုပ်ကြီးကြပ်သူများသည် ဖာရောမင်းကြီးထံသို့ဝင်၍ “အရှင်မင်းကြီး၏အစေအပါးတို့အား အဘယ်ကြောင့် ဤသို့ပြုပါသနည်း။ Common Language Bible ထိုအခါအလုပ်ကြပ်တို့သည်ဖာရောဘုရင် ထံသို့ဝင်၍``အရှင်မင်းကြီး၊ ကိုယ်တော်ကျွန် တို့အားအဘယ်ကြောင့်ဤသို့ပြုပါသနည်း။- Garrad Bible ထို အ ခါ ဣ သ ရေ လ အ မျိုး သား အ ကြပ် အ ဆော် တို့ သည် ဖာ ရော မင်း ထံ ဝင်၍၊ အ ဘယ် ကြောင့် ကျွန် တော် မျိုး တို့ ကို ဤ သို့ စီ ရင် တော် မူ ပါ သ နည်း။ Judson Bible ထိုအခါ၊ ဣသရေလအမျိုးအကြပ်အဆော်တို့သည်၊ ဖာရောမင်းထံသို့သွား၍၊ ကိုယ်တော်သည် ကိုယ်တော်ကျွန်တို့ကို အဘယ်ကြောင့်ဤသို့စီရင်တော်မူသနည်း။ |
ထိုနေရာတွင် အဓမ္မစေခိုင်းသံများမကြားရဘဲ အကျဉ်းသားတို့ အေးချမ်းစွာနေကြရ၏။
သို့ဖြစ်၍ အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ကြမ်းတမ်းသောအလုပ်များဖြင့် နှိပ်စက်ရန် အဓမ္မစေခိုင်းသူများကို ခန့်ထားကြ၏။ အစ္စရေးအမျိုးသားတို့သည် ပစ္စည်းသိုလှောင်ရာမြို့ဖြစ်သောပိသုံမြို့နှင့် ရာမသက်မြို့ကို ဖာရောမင်းကြီးအတွက် တည်ဆောက်ကြရ၏။
ဖာရောမင်းကြီး၏အဓမ္မစေခိုင်းသူများသည် မိမိတို့ခန့်ထားသောအစ္စရေးအမျိုးသားအလုပ်ကြီးကြပ်သူများကိုလည်း ရိုက်နှက်ကာ “သင်တို့သည် ယခင်ကကဲ့သို့ သင်တို့လုပ်ရမည့်အုတ်ကို သတ်မှတ်ချက်အတိုင်း မနေ့ရောယနေ့ပါ အဘယ်ကြောင့် မပြီးစီးကြသနည်း”ဟု ဆိုကြ၏။
အရှင်မင်းကြီး၏အစေအပါးတို့အား ကောက်ရိုးကိုမပေးကြပါ။ သို့သော် ‘အုတ်များကိုလုပ်ကြလော့’ဟု အကျွန်ုပ်တို့အားဆိုကြပါ၏။ ကြည့်ပါလော့။ အရှင်မင်းကြီး၏အစေအပါးတို့သည် ရိုက်နှက်ခံရပါ၏။ အရှင်မင်းကြီး၏လူတို့၌သာ အပြစ်ရှိပါ၏”ဟု အော်ဟစ်ပြောဆိုကြ၏။