ထွက်မြောက် 36:29 - မြန်မာ့စံမီသမ္မာကျမ်း ထိုဘောင်တို့သည် အောက်ပိုင်း၌ နှစ်ခွဖြစ်နေ၏။ ထိပ်ပိုင်းတွင် ဘောင်နှစ်ခုစလုံး ကွင်းတစ်ခုတည်း၌ အတူတူချိတ်ထား၏။ ထောင့်များအတွက် ဘောင်နှစ်ခုစလုံး ထိုနည်းတူဖြစ်၏။ Common Language Bible ထိုထောင့်ဘောင်ခွေတို့ကိုအောက်ခြေ၌လည်း ကောင်း၊ အထက်၌လည်းကောင်း၊ ကွင်းများဖြင့် ထိန်းချုပ်ထား၏။ ထောင့်နှစ်ထောင့်အတွက် ဘောင်ခွေနှစ်ခုကိုထိုနည်းအတိုင်းပြုလုပ် ကြ၏။- Judson Bible အထက်၌လည်းကောင်း၊ အောက်၌လည်းကောင်း၊ ကွင်းကိုတပ်၍စေ့စပ်လျက် ထောင့်နှစ်ခုပြီးလေ၏။ |
ကြည့်ရှုလော့။ ညီအစ်ကိုတို့သည် ညီညွတ်စွာအတူတကွ နေထိုင်ကြသည်မှာ အလွန်ကောင်းမြတ်၍ အလွန်နှစ်သက်ကြည်နူးဖွယ်ဖြစ်၏။
ထိုဘောင်တို့သည် အောက်ပိုင်း၌ နှစ်ခွဖြစ်နေရမည်။ ထိပ်ပိုင်းတွင် ဘောင်နှစ်ခုစလုံးကို ကွင်းတစ်ခုတည်း၌ အတူတူချိတ်ထားရမည်။ ထောင့်များအတွက် ဘောင်နှစ်ခုစလုံး ထိုနည်းတူဖြစ်ရမည်။
ကိန်းဝပ်တော်မူရာတဲတော်အဆုံးရှိ ထောင့်နှစ်ထောင့်အတွက် ဘောင်နှစ်ခုလုပ်၏။
ထို့ကြောင့် ဘောင်ရှစ်ခုရှိ၏။ ဘောင်တစ်ခုစီအောက်၌ အောက်ခံအစွပ်နှစ်ခုစီရှိ၏။ ထိုဘောင်တို့အတွက် အောက်ခံငွေအစွပ်တစ်ဆယ့်ခြောက်ခုရှိ၏။
သူတို့သည် နေ့တိုင်း တညီတညွတ်တည်းဖြင့် ဗိမာန်တော်၌ အစဉ်တစိုက်စုဝေးကြ၍ တစ်အိမ်ပြီးတစ်အိမ်မုန့်ဖဲ့ခြင်းအမှုကိုပြုလျက် စေတနာစိတ်နှင့်ရွှင်မြူးသောစိတ်တို့ဖြင့် အစားအစာကို ဝေမျှစားသောက်ကြကာ
ယုံကြည်သူတို့၏အစုအဝေးသည် တစ်စိတ်တစ်သဘောတည်းရှိကြ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ မိမိဥစ္စာပစ္စည်းများကို မိမိပိုင်ဆိုင်သည်ဟုမဆိုဘဲ ရှိသမျှသောအရာတို့ကို စုပေါင်းပိုင်ဆိုင်သောအရာအဖြစ်ထားကြ၏။
ညီအစ်ကိုတို့၊ သင်တို့အားလုံးသည် ပြောဆိုရာ၌ညီညွတ်မှုရှိ၍ အချင်းချင်းကွဲပြားခြင်းမရှိဘဲ တစ်စိတ်တစ်သဘောတည်းဖြင့် စည်းစည်းလုံးလုံးရှိကြမည့်အကြောင်း ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုအမှီပြု၍ သင်တို့အား ငါတိုက်တွန်းနှိုးဆော်ပါ၏။
အကြောင်းမူကား ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ ဗတ္တိဇံခံကြပြီး အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်းကို သောက်ရကြ၏။
ဘုရားသခင်သည် ဤမျှလောက်ကြီးမားသောသေဘေးမှ ငါတို့ကိုကယ်နုတ်တော်မူပြီ။ နောင်တွင်လည်း ကယ်နုတ်တော်မူလိမ့်မည်။ ဆက်၍လည်း ကယ်နုတ်တော်မူဦးမည်ဟု ကိုယ်တော်၌ ငါတို့မျှော်လင့်ကြ၏။
စည်းမျဉ်းများပါသည့် ပညတ်ချက်တို့နှင့်ဆိုင်သောပညတ်တရားကို မိမိကိုယ်ခန္ဓာတော်အားဖြင့် ပယ်ဖျက်တော်မူ၏။ ဤသည်ကား လူနှစ်မျိုးကို မိမိ၌ တစ်မျိုးတည်းသောလူသစ်အဖြစ် ဖန်ဆင်းလျက် သင့်မြတ်ငြိမ်းချမ်းခြင်းကိုဖြစ်စေကာ
ထို့ကြောင့် သင်တို့သည် လူမျိုးခြားများနှင့်သူစိမ်းဧည့်သည်များမဟုတ်တော့ဘဲ သန့်ရှင်းသူတို့နှင့်တစ်မျိုးသားတည်းဖြစ်ကြပြီး ဘုရားသခင်၏အိမ်သူအိမ်သားများဖြစ်ကြ၏။
ထိုထောင့်ချုပ်ကျောက်အားဖြင့် အဆောက်အအုံတစ်ခုလုံးသည် အံဝင်ခွင်ကျဆက်စပ်လျက် သခင်ဘုရား၌ သန့်ရှင်းသောဗိမာန်တော်အဖြစ်သို့ တိုးပွားလေ၏။