ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်က “ကြည့်ရှုလော့။ သင်သည် ကိုယ်ဝန်ဆောင်လျက်ရှိ၍ သားကိုမွေးဖွားလိမ့်မည်။ သူ၏အမည်ကို ဣရှမေလဟုမှည့်ခေါ်ရမည်။ အကြောင်းမူကား ထာဝရဘုရားသည် သင်ခံရသောဖိစီးနှိပ်စက်မှုကို ကြားသိတော်မူပြီ။
ထွက်မြောက် 3:7 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “အီဂျစ်ပြည်၌ရှိသောငါ့လူမျိုးတော်ခံရသည့် ဖိစီးနှိပ်စက်မှုကို အမှန်တကယ် ငါမြင်ပြီ။ အဓမ္မစေခိုင်းသူများကြောင့် သူတို့၏အော်ဟစ်ငိုကြွေးသံကိုလည်း ငါကြားပြီ။ အကယ်စင်စစ် သူတို့၏ဒုက္ခဝေဒနာများကို ငါသိပြီ။ Common Language Bible ထိုနောက်ထာဝရဘုရားက``ငါ၏လူမျိုး တော်သည် အီဂျစ်ပြည်တွင်ခံရသောဆင်းရဲ ဒုက္ခကိုငါဒိဌတွေ့မြင်ရပြီ။ သူတို့ကိုစေ ခိုင်းသောသခင်တို့၏ညှင်းပန်းခြင်းကိုမခံ မရပ်နိုင်သောကြောင့် သူတို့အော်ဟစ်၍အကူ အညီတောင်းခံသံကိုငါကြားရပြီ။ ငါသည် သူတို့ခံရသောဆင်းရဲခြင်းကိုဧကန်အမှန် သိမြင်ရပြီ။- Garrad Bible ထို အ ခါ ထာ ဝ ရ ဘု ရား က၊ အိ ဂျစ် ပြည် ရှိ ငါ့ လူ မျိုး ခံ ရ သော ညှဉ်း ပန်း ခြင်း ကို ဒိ ဋ္ဌ ငါ မြင် ပြီ။ အ အုပ် အ ချုပ် တို့ ကြောင့် အော် ဟစ် သံ ကို ငါ ကြား ပြီ။ ၎င်း တို့ ဒု က္ခ ဝေ ဒ နာ အ ကြောင်း ကို လည်း ငါ သိ ပြီ။ Judson Bible ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်၌ရှိသောငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကိုစေခိုင်းသောသခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။ |
ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်က “ကြည့်ရှုလော့။ သင်သည် ကိုယ်ဝန်ဆောင်လျက်ရှိ၍ သားကိုမွေးဖွားလိမ့်မည်။ သူ၏အမည်ကို ဣရှမေလဟုမှည့်ခေါ်ရမည်။ အကြောင်းမူကား ထာဝရဘုရားသည် သင်ခံရသောဖိစီးနှိပ်စက်မှုကို ကြားသိတော်မူပြီ။
ငါဆင်းသွား၍ ငါ့ထံသို့ရောက်လာသည့် အော်ဟစ်ငိုကြွေးသံအတိုင်း သူတို့အမှန်တကယ်ပြုသည်၊ မပြုသည်ကို ငါကြည့်မည်။ ပြုသည်၊ မပြုသည်ကို ငါသိရလိမ့်မည်”ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် သူငယ်၏အသံကို ကြားတော်မူ၏။ ထိုအခါ ဘုရားသခင်၏ကောင်းကင်တမန်သည် ကောင်းကင်မှနေ၍ ဟာဂရကိုခေါ်ပြီးလျှင် “ဟာဂရ၊ သင်ဘာဖြစ်သနည်း။ မကြောက်နှင့်။ အကြောင်းမူကား သူငယ်ရှိသည့်နေရာမှ သူငယ်၏အသံကို ဘုရားသခင်ကြားတော်မူပြီ။
လေအာသည် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ထာဝရဘုရားသည် ငါခံရသောဖိစီးနှိပ်စက်မှုကို ကြည့်ရှုတော်မူပြီ။ အကယ်စင်စစ် ငါ့ယောက်ျားသည် ယခုငါ့ကိုချစ်လိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ရုဗင် ဟုမှည့်ခေါ်လေ၏။
ထိုအခါ ကောင်းကင်တမန်က ‘မျှော်ကြည့်လော့။ သိုးမ၊ ဆိတ်မတို့နှင့်မိတ်လိုက်နေသော သိုးထီး၊ ဆိတ်ထီးအားလုံးတို့သည် အစင်းကျားပါသောအကောင်များ၊ အစက်အပြောက်ပါသောအကောင်များဖြစ်ကြ၏။ အကြောင်းမူကား သင့်အား လာဗန်ပြုခဲ့သမျှကို ငါမြင်၏။
အကျွန်ုပ်ဖခင်၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်ကြောက်ရွံ့သောဘုရားသည် အကျွန်ုပ်နှင့်အတူရှိတော်မမူခဲ့လျှင် ဦးရီးသည် ယခု အမှန်ပင် အကျွန်ုပ်ကို လက်ချည်းသက်သက် ပြန်လွှတ်ခဲ့ပေလိမ့်မည်။ ဘုရားသခင်သည် အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်ခြင်းနှင့် ပင်ပန်းခက်ခဲစွာလုပ်ဆောင်ရခြင်းကိုမြင်၍ မနေ့ညက ဦးရီးကိုဆုံးမတော်မူပြီ”ဟု ဆိုလေ၏။
ကိုယ်တော်သည် အဖိနှိပ်ခံရသောလူမျိုးကို ကယ်တင်တော်မူ၏။ ထောင်လွှားသောသူတို့ကိုကား နှိမ့်ချဖို့ စောင့်ကြည့်တော်မူ၏။
ထိုအခါ ယောခတ်မင်းကြီးသည် ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်လေ၏။ အစ္စရေးလူမျိုးတို့အား ဆီးရီးယားဘုရင်ဖိနှိပ်ညှဉ်းဆဲသည်ကို ထာဝရဘုရား မြင်တော်မူသဖြင့် သူ၏တောင်းပန်သံကို နားညောင်းတော်မူ၏။
“ငါ့လူမျိုးတော်ကို အုပ်ချုပ်သောဟေဇကိမင်းကြီးထံသို့ ပြန်သွားပြီးလျှင် သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင့်ဆုတောင်းသံကို ငါကြားပြီ။ သင့်မျက်ရည်ကို ငါမြင်ပြီ။ သင့်ကို ငါပြန်လည်ကျန်းမာလာစေမည်။ သုံးရက်မြောက်လျှင် သင်သည် ထာဝရဘုရား၏အိမ်တော်သို့ တက်သွားနိုင်လိမ့်မည်။
အီဂျစ်ပြည်တွင် အကျွန်ုပ်တို့၏ဘိုးဘေးများ ဖိစီးနှိပ်စက်မှုခံရသည်ကို ကိုယ်တော်သိမြင်တော်မူပါ၏။ ဧဒုံပင်လယ်နားတွင် သူတို့၏အော်ဟစ်သံကို ကိုယ်တော်ကြားတော်မူပါ၏။
သို့သော် သူတို့၏ဟစ်ကြော်သံကို ကိုယ်တော်ကြား၍ သူတို့၏ဆင်းရဲဒုက္ခကို ကြည့်ရှုတော်မူ၏။
ထာဝရဘုရား၏မိန့်တော်မူချက်တို့သည် စင်ကြယ်သောမိန့်တော်မူချက်များဖြစ်ကြပြီး မြေနှင့်လုပ်ထားသည့်မီးပြင်းဖို၌ချွတ်၍ ခုနစ်ကြိမ်တိုင်တိုင်သန့်စင်ထားသော ငွေကဲ့သို့ဖြစ်ကြ၏။
အကျွန်ုပ်၏အတွင်းဝိညာဉ်ညှိုးငယ်သောအခါ ကိုယ်တော်သာလျှင် အကျွန်ုပ်၏လမ်းကိုသိတော်မူ၏။ လူတို့သည် အကျွန်ုပ်လျှောက်သောလမ်း၌ အကျွန်ုပ်အတွက်ကျော့ကွင်းကို လျှို့ဝှက်စွာထောင်ထားကြပါ၏။
ကိုယ်တော်သည် မိမိကိုကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေတော်မူ၏။ သူတို့၏အော်ဟစ်သံကိုလည်းကြား၍ သူတို့ကို ကယ်တင်တော်မူ၏။
အကြောင်းမူကား ကိုယ်တော်သည် အဖိနှိပ်ခံရသောသူကြုံတွေ့ရသည့်ဖိနှိပ်မှုကို မထီမဲ့မြင်ပြုတော်မမူ။ ရွံရှာခြင်းလည်းရှိတော်မမူ။ မျက်နှာတော်ကိုလည်း သူ့ထံမှလွှဲတော်မမူဘဲ အကူအညီအော်ဟစ်တောင်းခံသောအခါ သူ့ကိုနားညောင်းတော်မူ၏။
ငါသည် ထာဝရဘုရားကိုရှာသောအခါ ကိုယ်တော်သည် ငါ့ကိုထူးတော်မူလျက် ငါကြောက်လန့်သောအမှုအားလုံးတို့မှ ငါ့ကိုကယ်နုတ်တော်မူ၏။
အဖိနှိပ်ခံရသောဤသူ ခေါ်သောအခါ ထာဝရဘုရားသည် နားထောင်၍ သူ၏ဆင်းရဲဒုက္ခအပေါင်းတို့မှ သူ့ကိုကယ်တင်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်မြင်တော်မူပါ၏။ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အို ဘုရားရှင်၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။
ထိုအခါ အကျွန်ုပ်သည် ဇိအုန်သမီး၏တံခါးဝတို့၌ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို ပြောကြား၍ ကိုယ်တော်၏ကယ်တင်ခြင်း၌ ရွှင်လန်းနိုင်ပါမည်။
သို့ဖြစ်၍ အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ကြမ်းတမ်းသောအလုပ်များဖြင့် နှိပ်စက်ရန် အဓမ္မစေခိုင်းသူများကို ခန့်ထားကြ၏။ အစ္စရေးအမျိုးသားတို့သည် ပစ္စည်းသိုလှောင်ရာမြို့ဖြစ်သောပိသုံမြို့နှင့် ရာမသက်မြို့ကို ဖာရောမင်းကြီးအတွက် တည်ဆောက်ကြရ၏။
နောက်ပိုင်းတွင် အီဂျစ်ပြည်၌ ယောသပ်ကိုမသိသော ရှင်ဘုရင်အသစ်တစ်ပါး ပေါ်လာ၏။
အကယ်၍ သင်နှိပ်စက်၍ သူတို့သည် ငါ့ထံ အော်ဟစ်မည်ဆိုလျှင် သူတို့၏အော်ဟစ်ငိုကြွေးသံကို ငါအသေအချာနားထောင်မည်။
ယခု အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရပါလျှင် အကျွန်ုပ်အား ကိုယ်တော်၏လမ်းခရီးကို သိစေတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် ကိုယ်တော်ကိုသိမည်ဖြစ်၍ ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရပါလိမ့်မည်။ ဤလူမျိုးသည် ကိုယ်တော်၏လူမျိုးတော်ဖြစ်သည်ကို ဆင်ခြင်တော်မူပါ”ဟု လျှောက်လေ၏။
ထို့ကြောင့် အစ္စရေးလူမျိုးတို့ကို အဓမ္မစေခိုင်းသူများနှင့် အလုပ်ကြီးကြပ်သူများသည် ထွက်သွား၍ သူတို့အား “ဖာရောမင်းကြီးက ‘ငါသည် သင်တို့ကို ကောက်ရိုးမပေး။
ထိုနေ့ချင်းတွင် ဖာရောမင်းကြီးသည် လူတို့ကိုအဓမ္မစေခိုင်းသူများနှင့် အလုပ်ကြီးကြပ်သူတို့အား
သူတို့ခံရသမျှသောဆင်းရဲဒုက္ခကို ကိုယ်တော်လည်း ခံတော်မူခဲ့၏။ မျက်မှောက်တော်ရှိ ကောင်းကင်တမန်သည် သူတို့ကို ကယ်တင်ခဲ့၏။ ကိုယ်တော်သည် မေတ္တာကရုဏာတော်ဖြင့် သူတို့ကို ရွေးနုတ်တော်မူခဲ့၏။ ရှေးကာလပတ်လုံး သူတို့ကိုချီဆောင်တော်မူခဲ့၏။
အကျွန်ုပ်တို့သည် ထာဝရဘုရားထံ အော်ဟစ်သောအခါ အကျွန်ုပ်တို့၏အသံကို ကြားတော်မူ၍ ကောင်းကင်တမန်ကို စေလွှတ်ပြီး အကျွန်ုပ်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့ပါ၏။ ယခု အကျွန်ုပ်တို့သည် အရှင်မင်းကြီး၏နယ်မြေအစွန်အဖျားမြို့ဖြစ်သော ကာဒေရှမြို့သို့ရောက်နေပါပြီ။
ငါသည် အီဂျစ်ပြည်၌ရှိသော ငါ၏လူမျိုးတော်ခံနေရသည့် ဆင်းရဲဒုက္ခကိုတွေ့မြင်လျက် သူတို့၏ညည်းတွားသံကိုကြားရသည်ဖြစ်၍ သူတို့ကိုကယ်နုတ်ရန် ဆင်းလာပြီ။ ထို့ကြောင့် ယခုလာခဲ့လော့။ သင့်ကို အီဂျစ်ပြည်သို့ ငါစေလွှတ်မည်’ဟု မိန့်တော်မူ၏။
အကြောင်းမူကား ငါတို့၏ယဇ်ပုရောဟိတ်မင်းသည် ငါတို့၏အားနည်းခြင်းများကို မထောက်ထားမညှာတာနိုင်သူမဟုတ်။ ကိုယ်တော်သည် ငါတို့နည်းတူ စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကိုခံခဲ့ဖူးသူဖြစ်တော်မူ၏။ သို့သော် အပြစ်နှင့်ကင်းလွတ်တော်မူ၏။
“မနက်ဖြန် ယခုလိုအချိန်တွင် ဗင်္ယာမိန်ပြည်သားတစ်ယောက်ကို သင့်ထံသို့ ငါစေလွှတ်မည်။ ငါ၏လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်သူမင်းအဖြစ် သူ့ကို သင်ဘိသိက်ပေးရမည်။ သူသည် ငါ့လူမျိုးတော်ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။ သူတို့၏အော်ဟစ်ငိုကြွေးသံသည် ငါ့ထံသို့ရောက်လာသည်ဖြစ်၍ ငါ၏လူမျိုးတော်တို့ကို ငါကြည့်ရှုပြီ”ဟု ကြားသိစေ၏။