အာရုန်၏သားများထဲမှ သူ၏အရိုက်အရာဆက်ခံသောယဇ်ပုရောဟိတ်သည် သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရန် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ ထိုအဝတ်တန်ဆာကို ခုနစ်ရက်ပတ်လုံးဝတ်ဆင်ရမည်။
ထွက်မြောက် 29:31 - မြန်မာ့စံမီသမ္မာကျမ်း အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီးကိုယူ၍ သန့်ရှင်းသောနေရာ၌ အသားကိုပြုတ်ရမည်။ Common Language Bible ``အာရုန်နှင့်သူ၏သားများယဇ်ပုရောဟိတ် အဖြစ်ခံယူရာ၌ ပူဇော်သောသိုး၏အသား ကို၊ သီးသန့်ရာဌာနတွင်ပြုတ်ရမည်။- Garrad Bible ခန့် ထား ခြင်း ဆိုင် ရာ သိုး၏ အ သား ကို ယူ ၍၊ Judson Bible အရာ၌ခန့်ထားရာ သိုး၏အသားကိုယူ၍၊ သန့်ရှင်းရာဌာန၌ပြုတ်ပြီးမှ၊ |
အာရုန်၏သားများထဲမှ သူ၏အရိုက်အရာဆက်ခံသောယဇ်ပုရောဟိတ်သည် သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရန် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ ထိုအဝတ်တန်ဆာကို ခုနစ်ရက်ပတ်လုံးဝတ်ဆင်ရမည်။
သိုးထီးအသားနှင့်တောင်းထဲ၌ရှိသောမုန့်ကို အာရုန်နှင့်သူ၏သားတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ စားရမည်။
သူက ငါ့အား “နေရာလွတ်နှင့်မျက်နှာချင်းဆိုင် မြောက်ဘက်ရှိအခန်းများနှင့် တောင်ဘက်ရှိအခန်းများသည် သန့်ရှင်းသောအခန်းများဖြစ်၏။ ထာဝရဘုရားထံချဉ်းကပ်ရသော ယဇ်ပုရောဟိတ်တို့သည် ထိုအခန်းတို့တွင် အထူးသန့်ရှင်းသောအစာကိုစားရ၏။ ထိုအခန်းတို့သည် သန့်ရှင်းသောကြောင့် ထိုနေရာတွင် အထူးသန့်ရှင်းသောပူဇော်သက္ကာများဖြစ်သည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်တို့ကို ထားရှိ၏။
ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း နောက်သိုးထီးတစ်ကောင်ဖြစ်သည့် အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီးကို ယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို သိုးထီး၏ခေါင်းပေါ်၌ တင်ကြ၏။
ထို့နောက် မောရှေက အာရုန်နှင့်သူ၏သားတို့အား “အသားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပြုတ်ကြလော့။ ‘အာရုန်နှင့်သူ၏သားတို့သည် ထိုအသားကိုစားရမည်’ဟု မိန့်မှာထားတော်မူသည်နှင့်အညီ သင်တို့သည် ထိုအသားကို အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာတောင်းထဲရှိမုန့်နှင့်အတူ ထိုနေရာ၌ စားရမည်။
လူတို့အတွက် ယဇ်ပုရောဟိတ်တို့ပြုပေးရသောထုံးစံရှိသည့်အတိုင်း တစ်စုံတစ်ယောက်သည် ယဇ်ပူဇော်သောအခါ အသားကိုပြုတ်နေစဉ်မှာပင် ယဇ်ပုရောဟိတ်၏ငယ်သားသည် သုံးခွခက်ရင်းကိုကိုင်လျက်ရောက်လာပြီး
ထိုနည်းတူ အဆီကို မီးမရှို့မီ ယဇ်ပုရောဟိတ်၏ငယ်သားသည် ရောက်လာ၍ ယဇ်ပူဇော်သောသူအား “ယဇ်ပုရောဟိတ်ကင်စားဖို့ အသားကိုပေးပါ။ ပြုတ်ထားသောအသားကို သူမယူပါ၊ အသားစိမ်းကိုသာယူမည်”ဟု ဆိုတတ်၏။