နွားထီးကို တွေ့ဆုံစည်းဝေးရာတဲတော်အရှေ့သို့ ဆွဲခေါ်လာ၍ အာရုန်နှင့်သူ၏သားတို့သည် နွားထီး၏ခေါင်းပေါ်၌ သူတို့၏လက်ကိုတင်ရမည်။
ထွက်မြောက် 29:15 - မြန်မာ့စံမီသမ္မာကျမ်း သိုးထီးတစ်ကောင်ကိုယူ၍ အာရုန်နှင့်သူ၏သားတို့သည် ထိုသိုးထီး၏ခေါင်းပေါ်၌ သူတို့၏လက်ကိုတင်ရမည်။ Common Language Bible ``အာရုန်နှင့်သူ၏သားတို့သည် သိုးထီးတစ် ကောင်၏ဦးခေါင်းပေါ်တွင်လက်ကိုတင်ရမည်။- Garrad Bible ယ ခင် သိုး အ နက် တစ် ကောင် ကို ယူ၍ သိုး ခေါင်း ပေါ် တွင် အာ ရုန် နှင့် သား တို့ လက် တင် ကြ စေ။ Judson Bible သိုးထီးတစ်ကောင်ကိုလည်းယူ၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာတင်ရမည်။ |
နွားထီးကို တွေ့ဆုံစည်းဝေးရာတဲတော်အရှေ့သို့ ဆွဲခေါ်လာ၍ အာရုန်နှင့်သူ၏သားတို့သည် နွားထီး၏ခေါင်းပေါ်၌ သူတို့၏လက်ကိုတင်ရမည်။
ထိုသိုးထီးကိုသတ်ပြီးလျှင် သွေးကိုယူ၍ ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။
နောက်သိုးထီးတစ်ကောင်ကိုယူ၍ အာရုန်နှင့်သူ၏သားတို့သည် ထိုသိုးထီး၏ခေါင်းပေါ်၌ သူတို့၏လက်ကိုတင်ရမည်။
တောင်းတစ်လုံးထဲ၌ထည့်၍ ထိုတောင်းထဲရှိမုန့်များနှင့်အတူ နွားထီးတစ်ကောင်နှင့်သိုးထီးနှစ်ကောင်ကို ယူဆောင်ခဲ့ရမည်။
သူသည် မိမိပူဇော်သောနွား၏ခေါင်းပေါ်၌ လက်ကိုတင်ရမည်။ ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ သတ်ရမည်။ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် သွေးကို ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။