ဧဖုဒ်နှင့်ရင်ခံပြားအတွက် မဟူရာကြောင်ဝင်ကျောက်များနှင့်စီခြယ်စရာကျောက်များ စသည်တို့ဖြစ်ကြ၏။
ထွက်မြောက် 28:15 - မြန်မာ့စံမီသမ္မာကျမ်း တရားစီရင်ခြင်းဆိုင်ရာရင်ခံပြားကို ဧဖုဒ်လုပ်သကဲ့သို့ ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြင့် လက်ရာမြောက်စွာ ချုပ်လုပ်ရမည်။ Common Language Bible ``ဘုရားသခင်၏အလိုတော်မည်သို့ရှိသည် ကိုသိနိုင်ရန် အသုံးပြုသည့်ရင်ဖုံးကိုယဇ် ပုရောဟိတ်မင်းအတွက်ချုပ်လုပ်လော့။ ရင်ဖုံး ကိုသင်တိုင်းချုပ်သည့်ပစ္စည်းများနှင့်ချုပ်လုပ် ၍အလားတူပန်းဖော်ထားရမည်။- Garrad Bible တ ရား စီ ရင် နိုင် ရန် ရင် လွှမ်း လုပ် နည်း ဟူ မူ ကား အ ပြာ အ မောင်း အ နီ ချည် မှ စ၍ ရွှေ ချည်၊ ပိုး လျှော် များ နှင့် အ လျား တစ် ထွာ၊ အ နံ တစ် ထွာ၊ နှစ် ထပ် စ တု ရန်း၊ လက် မြောက် သူ့ အ တတ် ဖြင့် ကိုယ် ဝတ် အ ဆင် တူ ရက် လုပ် လော့။ Judson Bible ရွှေနှင့်လည်းကောင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်လည်းကောင်း၊ သင်တိုင်းကိုလုပ်သည်နည်းတူ၊ ဗျာဒိတ်ရင်ဖုံးကို ထူးဆန်းစွာ လုပ်ရမည်။ |
ဧဖုဒ်နှင့်ရင်ခံပြားအတွက် မဟူရာကြောင်ဝင်ကျောက်များနှင့်စီခြယ်စရာကျောက်များ စသည်တို့ဖြစ်ကြ၏။
ထို့ပြင် သင်သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ရမည်။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြစ်ရမည်။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားရမည်။
တဲတော်အဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကို လုပ်ရမည်။
ကြိုးကျစ်သကဲ့သို့ ကျစ်ထားသောရွှေစင်ကြိုးနှစ်ချောင်းကို လုပ်၍ ထိုရွှေစင်ကြိုးတို့ကို ကျောက်မျက်အိုးဖြင့် ဆက်ထားရမည်။
ထိုရင်ခံပြားသည် နှစ်လွှာရှိ၍ အလျားတစ်ထွာ၊ အနံတစ်ထွာ စတုရန်းပုံဖြစ်ရမည်။
တရားစီရင်ခြင်းဆိုင်ရာရင်ခံပြားထဲ၌ ဥရိမ်၊ သုမိမ်ကိုထည့်ထားရမည်။ အာရုန်သည် ထာဝရဘုရားရှေ့တော်သို့ဝင်သောအခါ ဥရိမ်၊ သုမိမ်သည် သူ၏နှလုံးပေါ်တွင်ရှိနေရမည်။ ဤသို့ဖြင့် ထာဝရဘုရားရှေ့တော်၌ အာရုန်သည် အစ္စရေးအမျိုးသားတို့နှင့်ဆိုင်သောတရားစီရင်ချက်ကို မိမိ၏နှလုံးပေါ်တွင် အစဉ်ဆောင်ထားရမည်။
သူတို့ပြုလုပ်ရမည့်အဝတ်တန်ဆာများကား ရင်ခံပြား၊ ဧဖုဒ်၊ ဝတ်လုံ၊ ရက်လုပ်ထားသောအတွင်းသင်တိုင်း၊ ခေါင်းပေါင်းနှင့် ခါးစည်း တို့ဖြစ်၏။ ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် သင့်အစ်ကိုအာရုန်နှင့် သူ့သားများအတွက် သန့်ရှင်းသောအဝတ်တန်ဆာကိုချုပ်လုပ်ရမည်။
ဧဖုဒ်ကို ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်သောပိတ်ချောထည်ဖြင့် လက်ရာမြောက်စွာ ချုပ်လုပ်ရမည်။
အဝတ်တန်ဆာကိုယူ၍ အာရုန်အား အတွင်းသင်တိုင်း၊ ဧဖုဒ်အောက်ရှိဝတ်လုံ၊ ဧဖုဒ်နှင့် ရင်ခံပြားတို့ကို ဝတ်ဆင်ပေးပြီး ရင်ခံပြားကို ဧဖုဒ်၏ခါးပတ်ပြားဖြင့် တွဲချည်ရမည်။