မောရှေသည် တိမ်တိုက်ထဲသို့ဝင်၍ တောင်ပေါ်သို့တက်သွားပြီးလျှင် ထိုတောင်ပေါ်၌ ရက်ပေါင်းလေးဆယ်နေလေ၏။
ထိုအခါမောရှေသည်မိုးတိမ်ဖုံးအုပ်နေသော တောင်ထိပ်ပေါ်သို့တက်သွားလေသည်။ သူသည် တောင်ထိပ်ပေါ်တွင်အရက်လေးဆယ်ပတ်လုံး ရှိနေ၏။
မော ရှေ သည် ထို တိမ် တိုက် ထဲ သို့ ဝင် လျက် တောင် ပေါ် သို့ တက်၍ အ ရက် လေး ဆယ် နေ့ ညဉ့် ပတ် လုံး တောင် ပေါ် တွင် နေ လေ၏။
မောရှေသည် မိုးတိမ်အထဲသို့ဝင်သဖြင့် တောင်ပေါ်သို့ရောက်၍ အရက်လေးဆယ်ပတ်လုံး တောင်ပေါ်မှာနေလေ၏။
ထိုအခါ ကိုယ်တော်က “တောင်ပေါ်သို့သွား၍ ထာဝရဘုရားရှေ့တော်တွင် ရပ်နေလော့”ဟု သူ့အား မိန့်တော်မူ၏။ ထာဝရဘုရားဖြတ်လျှောက်တော်မူလျှင် ပြင်းထန်သောလေအဟုန်ကြောင့် တောင်များအက်ကွဲကုန်၏။ ထာဝရဘုရားရှေ့မှောက်တွင် ကျောက်များကျိုးပဲ့ကုန်၏။ သို့သော် ထာဝရဘုရားသည် လေထဲ၌ ရှိတော်မမူ။ လေတိုက်ပြီးမှ ငလျင်လှုပ်၏။ သို့သော် ထာဝရဘုရားသည် ငလျင်ထဲတွင်လည်း ရှိတော်မမူ။
ထို့ကြောင့် သူသည် ထ၍စားသောက်၏။ ထိုအစားအစာကြောင့် အားပြည့်လာပြီး ဟောရပ်ဟူသောဘုရားသခင်၏တောင်သို့ ရက်လေးဆယ်ပတ်လုံးခရီးဆက်၍
ထာဝရဘုရားသည် သိနာတောင်ထိပ်သို့ ကြွဆင်းတော်မူပြီး မောရှေအား တောင်ထိပ်သို့တက်ရန် ခေါ်တော်မူသဖြင့် မောရှေသည် တက်သွားလေ၏။
ထာဝရဘုရား၏ဘုန်းအသရေတော်သည် အစ္စရေးအမျိုးသားတို့မျက်မှောက်တွင် တောင်ထိပ်ပေါ်၌လောင်ကျွမ်းနေသောမီးကဲ့သို့ ထင်ရှား၏။
ထာဝရဘုရားက မောရှေအား
မောရှေသည် တောင်ပေါ်မှမဆင်းလာသေးဘဲ ကြန့်ကြာနေသည်ကို လူတို့သိသောအခါ အာရုန်ထံသို့စုရုံးလာ၍ “ထပါ။ ငါတို့ရှေ့မှကြွမည့်ဘုရားကို ငါတို့အဖို့ လုပ်ပေးပါ။ အီဂျစ်ပြည်မှ ငါတို့ကို ထုတ်ဆောင်လာသော ထိုမောရှေဆိုသူ၌ မည်သို့ဖြစ်သည်ကို ငါတို့မသိပါ”ဟု ဆိုကြ၏။
မောရှေသည် အစာကိုမစား၊ ရေကိုလည်းမသောက်ဘဲ ထိုအရပ်၌ ထာဝရဘုရားနှင့်အတူ နေ့ပေါင်းလေးဆယ်၊ ညပေါင်းလေးဆယ်နေလျက် ကျောက်ပြားများအပေါ်၌ ပညတ်တော်ဆယ်ပါးတည်းဟူသော ပဋိညာဉ်ပါအချက်များကို ရေးသားလေ၏။
မောရှေကလည်း “အကျွန်ုပ်သည် မြို့ထဲမှထွက်သည်နှင့် ထာဝရဘုရားထံသို့ အကျွန်ုပ်၏လက်ကိုဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကိုပိုင်တော်မူကြောင်း အရှင်သိစေရန် မိုးချုန်းသံများရပ်၍ မိုးသီးလည်း ကျတော့မည်မဟုတ်။
မောရှေသည် ဖာရောမင်းကြီးထံမှ မြို့ပြင်သို့ထွက်သွား၍ သူ၏လက်ကို ထာဝရဘုရားထံသို့ဖြန့်လျှင် မိုးချုန်းသံများနှင့်မိုးသီးကျခြင်းရပ်သွား၍ မြေပေါ်သို့ မိုးမရွာတော့ပေ။
ဆိုးယုတ်သောသူသည် လိုက်သောသူမရှိဘဲလျက် ထွက်ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ပျိုကဲ့သို့ရဲရင့်တည်ကြည်၏။
နေ့ပေါင်းလေးဆယ်နှင့် ညပေါင်းလေးဆယ် အစာရှောင်ပြီးနောက် ဆာလောင်တော်မူ၏။
ထိုအခါ ကိုယ်တော်သည် တောကန္တာရ၌ ရက်ပေါင်းလေးဆယ်နေလျက် စာတန်၏ဖြားယောင်းသွေးဆောင်ခြင်းကိုခံတော်မူ၏။ သားရဲတိရစ္ဆာန်များနှင့်အတူရှိတော်မူ၍ ကောင်းကင်တမန်များသည် ကိုယ်တော်ကိုပြုစုကြ၏။
တောကန္တာရ၌ ရက်ပေါင်းလေးဆယ်နေလျက် မာရ်နတ်၏ဖြားယောင်းသွေးဆောင်ခြင်းကိုခံတော်မူ၏။ ထိုကာလအတွင်း၌ မည်သည့်အစာကိုမျှ မသုံးဆောင်ဘဲနေတော်မူသဖြင့် ထိုနေ့ရက်များကုန်လွန်သောအခါ ဆာလောင်တော်မူ၏။
ငါသည် ယခင်ကဲ့သို့ အရက်လေးဆယ်ပတ်လုံး တောင်ပေါ်၌ နေခဲ့၏။ ထိုအချိန်၌လည်း ထာဝရဘုရားသည် ငါ့စကားကို နားညောင်းတော်မူ၍ သင်တို့ကို မဖျက်ဆီးလိုတော့ပေ။
သင်မူကား ငါ့ထံပါး ဤနေရာ၌ရပ်နေလော့။ သူတို့အား ငါအပိုင်ပေးမည့်ပြည်၌ သူတို့လိုက်နာရန် သူတို့အား သင်ကြားပေးရမည့် ပညတ်တော်အလုံးစုံ၊ ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို သင့်အား ငါမိန့်ဆိုမည်’ဟု ငါ့အား မိန့်တော်မူ၏။
ထာဝရဘုရားအမျက်ထွက်စေရန် မျက်မှောက်တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် သင်တို့ကျူးလွန်သည့်အပြစ်ရှိသမျှတို့ကြောင့် ငါသည် အစာမစား၊ ရေလည်းမသောက်ဘဲ ယခင်ကဲ့သို့ အရက်လေးဆယ်ပတ်လုံး ထာဝရဘုရားရှေ့မှောက်၌ပျပ်ဝပ်လျက်နေ၏။
ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးမည်ဟု မိန့်တော်မူသောကြောင့် ငါသည် ထာဝရဘုရားရှေ့တော်၌ အရက်လေးဆယ်ပတ်လုံး ပျပ်ဝပ်လျက်နေ၏။
သင်တို့နှင့်ထာဝရဘုရားဖွဲ့တော်မူခဲ့သောပဋိညာဉ်ပါရှိသည့်ကျောက်ပြားတို့ကို ခံယူရန် တောင်ပေါ်သို့ငါတက်သွားသောအခါ ငါသည် အစာမစား၊ ရေမသောက်ဘဲ ထိုတောင်ပေါ်၌ အရက်လေးဆယ်ပတ်လုံး နေခဲ့၏။