ဂျေရုဆလင်မြို့တွင် နေထိုင်သောတိုင်ရာမြို့သားတို့သည်လည်း ငါးနှင့်ကုန်စည်အမျိုးမျိုးကိုယူဆောင်လာ၍ ဥပုသ်နေ့တွင် ဂျေရုဆလင်မြို့ရှိ ယုဒလူတို့အား ရောင်းချကြ၏။
ထွက်မြောက် 23:12 - မြန်မာ့စံမီသမ္မာကျမ်း ခြောက်ရက်ပတ်လုံး သင်၏အလုပ်တို့ကိုလုပ်၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွား၊ မြည်းတို့သည် နားရ၍ သင့်ကျွန်မ၏သားနှင့်တိုင်းတစ်ပါးသားတို့သည်လည်း အနားယူခွင့်ရကြလိမ့်မည်။ Common Language Bible ``သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ်ကို လုပ်၍ သတ္တမနေ့တွင်နားနေရမည်။ ထိုသို့ပြု လျှင် သင်၏ကျွန်များ၊ သင်ခိုင်းစေသောအခြား အမျိုးသားများနှင့်တိရစ္ဆာန်များသည် အလုပ် မှနားခွင့်ရကြလိမ့်မည်။ Garrad Bible ခြောက် ရက် အ တွင်း အ လုပ် လုပ် ၍ သ တ္တ မ နေ့ ၌ သင် တို့ နွား မြည်း များ နား နေ ခွင့် ရ လျက်၊ ငယ် သား များ၊ ဝင် နေ သူ များ လည်း သက် သာ ရ ကြ စေ ရန် ငြိမ် ဝပ် စွာ နေ ကြ လော့။ Judson Bible ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွားမြည်းတို့သည် ငြိမ်ဝပ်စွာနေရသောအခွင့် ရှိလိမ့်မည်။ သင်၏ ငယ်သားများ၊ ဧည့်သည်များတို့လည်း သက်သာရကြလိမ့်မည်။ |
ဂျေရုဆလင်မြို့တွင် နေထိုင်သောတိုင်ရာမြို့သားတို့သည်လည်း ငါးနှင့်ကုန်စည်အမျိုးမျိုးကိုယူဆောင်လာ၍ ဥပုသ်နေ့တွင် ဂျေရုဆလင်မြို့ရှိ ယုဒလူတို့အား ရောင်းချကြ၏။
မောရှေကလည်း “ဤအရာကား ထာဝရဘုရားမိန့်ဆိုတော်မူသောအရာဖြစ်၏။ မနက်ဖြန်သည် ငြိမ်ဝပ်စွာနေရသောနေ့၊ ထာဝရဘုရား၏သန့်ရှင်းသောဥပုသ်နေ့ဖြစ်၏။ ထိုမုန့်ကို သင်တို့ဖုတ်လိုလျှင် ဖုတ်လော့။ ပြုတ်လိုလျှင် ပြုတ်လော့။ ပိုသမျှကို သင်တို့အတွက် ချန်ထားပြီး နံနက်တိုင်အောင်သိမ်းထားလော့”ဟု သူတို့အားဆို၏။
သတ္တမနှစ်၌ကား ထိုမြေကို မထွန်ယက်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင် သင့်အမျိုးသားထဲမှ နွမ်းပါးသူတို့ စားရကြလိမ့်မည်။ အကြွင်းအကျန်တို့ကိုလည်း တောရိုင်းတိရစ္ဆာန်တို့ စားရကြလိမ့်မည်။ သင်၏စပျစ်ခြံ၊ သံလွင်ခြံတို့ကိုလည်း ထို့အတူပြုရမည်။
ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။ ထွန်ယက်ချိန်ဖြစ်စေ၊ ရိတ်သိမ်းချိန်ဖြစ်စေ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။
‘ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် သင်တို့အဖို့ သန့်ရှင်းသောနေ့၊ ထာဝရဘုရားအဖို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ ဖြစ်ရမည်။ ထိုနေ့၌ အလုပ်လုပ်သောသူမည်သူမဆို အသတ်ခံရမည်။
မည်သည့်အရပ်၌ သင်တို့နေထိုင်သည်ဖြစ်စေ ဥပုသ်နေ့တွင် မီးမမွှေးရ’ဟူသော သင်တို့လိုက်နာရမည့် ပညတ်တို့ကို မိန့်မှာတော်မူပြီ”ဟု ဆိုလေ၏။
သူတို့က “အကျွန်ုပ်တို့ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ အကျွန်ုပ်တို့အစာရှောင်သည်ကို ကိုယ်တော်မြင်တော်မမူ။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် အဘယ်ကြောင့်နှိမ့်ချရမည်နည်း။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသည်ကို ကိုယ်တော်သိမှတ်တော်မမူ”ဟု ဆိုကြ၏။ အကယ်စင်စစ် သင်တို့သည် အစာရှောင်ရာနေ့၌ ကိုယ့်အလိုရှိရာကို ကိုယ်လုပ်ကြ၏။ အလုပ်သမားများကို အဓမ္မစေခိုင်းကြ၏။
ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းနေ့ဖြစ်၍ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေထိုင်ရာအရပ်ရပ်၌ ထိုနေ့သည် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။
တစ်ဖန် သူတို့အား“ဥပုသ်နေ့သည် လူအတွက်ဖြစ်လာ၏။ လူသည် ဥပုသ်နေ့အတွက်ဖြစ်လာသည်မဟုတ်။
သို့သော် ဥပုသ်နေ့၌ အနာရောဂါကိုယေရှုငြိမ်းစေတော်မူသောကြောင့် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံသည် စိတ်ဆိုးလျက် “အလုပ်လုပ်ရမည့်နေ့ရက်ခြောက်ရက်ရှိသည်ဖြစ်၍ ထိုနေ့ရက်များ၌လာ၍ ရောဂါငြိမ်းစေခြင်းကိုခံယူကြလော့။ ဥပုသ်နေ့၌မလာကြနှင့်”ဟု လူထုပရိသတ်တို့အားဆို၏။