စားစရာအနည်းငယ်ကိုလည်း ယူလာပါမည်။ အရှင်တို့၏အစေအပါးထံသို့ရောက်လာပြီဖြစ်၍ အားဖြည့်ပြီးမှ ခရီးဆက်ကြပါ”ဟု ဆိုလေ၏။ သူတို့ကလည်း “သင်ပြောသည့်အတိုင်းပြုပါလော့”ဟု ဆိုကြ၏။
ထွက်မြောက် 2:20 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဖခင်က မိမိသမီးတို့အား “ထိုသူ အဘယ်မှာရှိသနည်း။ သူ့ကို အဘယ်ကြောင့် ထားခဲ့သနည်း။ အစားအစာစားသောက်ရန် သူ့ကိုသွားခေါ်လော့”ဟု ဆို၏။ Common Language Bible ဖခင်က``ထိုသူယခုအဘယ်မှာရှိသနည်း။ အဘယ်ကြောင့်သူ့ကိုထားခဲ့ကြသနည်း။ သူ့ ကိုဧည့်ဝတ်ပြုရန်သွား၍ဖိတ်ခေါ်လော့'' ဟု စေခိုင်းလေ၏။ Garrad Bible အ ဘ က၊ ထို သူ ကား အ ဘယ် မှာ နည်း။ အ ဘယ် ကြောင့် ထား ခဲ့ ကြ သ နည်း။ အ စာ စား စေ ရန် ခေါ် ချေ ဟု သ မီး တို့ အား ဆို ၏။ Judson Bible အဘကလည်း၊ ထိုသူသည်အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် သူ့ကိုပစ်ထားခဲ့သနည်း။ အစာစားစေခြင်းငှာ သူ့ကိုခေါ်ချေကြဟု ဆိုလေ၏။ |
စားစရာအနည်းငယ်ကိုလည်း ယူလာပါမည်။ အရှင်တို့၏အစေအပါးထံသို့ရောက်လာပြီဖြစ်၍ အားဖြည့်ပြီးမှ ခရီးဆက်ကြပါ”ဟု ဆိုလေ၏။ သူတို့ကလည်း “သင်ပြောသည့်အတိုင်းပြုပါလော့”ဟု ဆိုကြ၏။
လာဗန်သည် မိမိတူ ယာကုပ်အကြောင်းကိုကြားရသောအခါ သူနှင့်တွေ့ဆုံရန် ပြေးလာကာ သူ့ကိုပွေ့ဖက်၍နမ်းပြီးလျှင် မိမိအိမ်သို့ခေါ်သွား၏။ ယာကုပ်သည်လည်း အကြောင်းအရာအားလုံးကို လာဗန်အားပြောပြလေ၏။
ထို့နောက် ယာကုပ်သည် တောင်ပေါ်၌ယဇ်ကောင်ကိုပူဇော်၍ အစားအစာစားသောက်ရန် မိမိ၏ဆွေမျိုးသားချင်းတို့ကိုဖိတ်ခေါ်လေ၏။ သူတို့သည်လည်း အစားအစာစားသောက်ပြီးလျှင် တောင်ပေါ်၌ ညအိပ်နားကြ၏။
သူတို့သည် ယောသပ်အိမ်၌ နေ့လယ်စာစားရမည်ကို ကြားသိထားသဖြင့် ယောသပ်ရောက်မလာမီ လက်ဆောင်ကိုပြင်ဆင်ထားကြ၏။
ခရီးသွားဧည့်သည်တို့ လမ်းပေါ်တွင် မအိပ်ရအောင် ခရီးသည်အဖို့ ငါ့အိမ်တံခါးကို ဖွင့်ထားလျက်ရှိ၏။
ထိုအခါ ယောဘ၏ညီအစ်ကိုမောင်နှမအပေါင်းတို့နှင့် ယခင်က သိကျွမ်းခဲ့သူအပေါင်းတို့သည် သူ့ထံသို့ရောက်လာ၍ သူ့အိမ်၌ အတူစားသောက်ကြ၏။ သူ့အား ထာဝရဘုရား ကြုံတွေ့စေသောဆင်းရဲဒုက္ခအပေါင်းတို့အတွက် သူ့ကို အားပေးနှစ်သိမ့်ကြ၏။ သူ့အား ငွေစတစ်စနှင့် ရွှေလက်စွပ်တစ်ကွင်းစီလည်း ပေးကြ၏။
သူတို့ကလည်း “အီဂျစ်အမျိုးသားတစ်ဦးသည် ကျွန်မတို့ကို သိုးထိန်းတို့လက်မှ ကယ်နုတ်၍ ရေလိုသမျှခပ်ပေးပါ၏။ သိုးဆိတ်တို့ကိုလည်း ရေတိုက်ပေးပါ၏”ဟု ပြန်ပြောကြ၏။
မောရှေသည် ရွေလနှင့်အတူနေထိုင်ရန် သဘောတူ၍ ရွေလသည် သူ၏သမီးဇိပေါရကို မောရှေနှင့်ပေးစားလေ၏။
သားသမီးများကိုပြုစုစောင့်ရှောက်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲဒုက္ခခံရသူများကိုကူညီစောင့်ရှောက်ခြင်း၊ ကောင်းသောအမှုရှိသမျှတို့ကိုပါဝင်လုပ်ဆောင်ခြင်း စသည့်ကောင်းသောအမှုများကြောင့် ချီးကျူးခံရသူဖြစ်ရမည်။
ဧည့်ဝတ်ပြုခြင်းကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား အချို့တို့သည် ထိုဝတ်ကိုပြုခြင်းအားဖြင့် ကောင်းကင်တမန်များကို အမှတ်မထင်ဧည့်ခံခဲ့ကြ၏။