တရားဟော 7:11 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယနေ့ သင့်အား ငါမိန့်မှာသော ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းရမည်။ Common Language Bible ထို့ကြောင့်သင်တို့အား ယနေ့ငါသွန်သင်ပေး အပ်သောပညတ်ရှိသမျှတို့ကိုလိုက်နာ ကျင့်သုံးကြလော့။'' Garrad Bible ယ နေ့ ငါ ဆင့် ဆို သော ပ ညတ် တော် နှင့် ထုံး ဖွဲ့ ဆုံး ဖြတ် ချက် များ ကို စောင့် ရှောက် လိုက် နာ ကြ လော့။ Judson Bible သို့ဖြစ်၍ ယနေ့ ငါထားသောစီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရမည်။ |
အို အစ္စရေးလူမျိုးတို့၊ သင်တို့အား သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သို့ သင်တို့သည် အသက်ချမ်းသာရာရ၍ ဝင်ရောက်ပိုင်ဆိုင်ရမည့်အကြောင်း သင်တို့လိုက်နာရမည့် ငါသွန်သင်သော ပြဋ္ဌာန်းချက်နှင့်စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။
သင်တို့ဝင်ရောက်သိမ်းပိုက်နေထိုင်မည့်ပြည်၌ သင်တို့လိုက်နာရမည့် ပြဋ္ဌာန်းချက်နှင့် စီရင်ထုံးဖွဲ့ချက်တို့ကို ငါ့အား ငါ၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း သင်တို့အား ငါသွန်သင်ပေးပြီ။
သို့ဖြစ်၍ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း လိုက်နာစောင့်ထိန်းရမည်။ လက်ယာဘက်၊ လက်ဝဲဘက်သို့ လွှဲမသွားရ။
ကိုယ်တော်ကို မုန်းတီးသောသူတို့ကိုကား ပျက်စီးစေခြင်းဖြင့် ဒဏ်ခတ်သောဘုရားဖြစ်တော်မူကြောင်း သိမှတ်ကြလော့။ ကိုယ်တော်သည် မိမိကိုမုန်းတီးသောသူတို့အား အလျင်အမြန် ဒဏ်ခတ်တော်မူမည်။
သင်သည် ဤစီရင်ထုံးဖွဲ့ချက်တို့ကို ကြားနာ၍ လိုက်နာစောင့်ထိန်းလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့်ပဋိညာဉ်နှင့် မေတ္တာကရုဏာကို သင့်အပေါ်တွင် တည်စေတော်မူမည်။
ယနေ့ သင့်အား ငါဆင့်ဆိုသော သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်ချက်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ပြဋ္ဌာန်းချက်များကို မစောင့်ထိန်းဘဲ ကိုယ်တော်အား မေ့လျော့မည်ကို သင့်ကိုယ်သင်သတိပြုလော့။