မြို့၏သက်ကြီးဝါကြီးတို့သည် သူ့ကိုခေါ်ပြောရမည်။ သူက‘အကျွန်ုပ်သည် ဤမိန်းမကိုမယူလိုပါ’ဟု အခိုင်အမာဆိုလျှင်
ထိုအခါမြို့အကြီးအကဲတို့က ထိုမိန်းမ ၏မတ်ကိုခေါ်၍မေးမြန်းရမည်။ သူကထို မိန်းမနှင့်မစုံဖက်လိုပါဟူ၍ငြင်းဆန် နေသေးလျှင်၊-
လူ ကြီး တို့ ခေါ် ငင် မေး မြန်း ကြ ရာ၊ မတ် က၊ ကျွန် တော် သည် မ ရီး နှင့် အိမ် ထောင် မ ပြု လို ပါ ဟု အ ခိုင် အ မာ ငြင်း ပယ် သော်၊
မြို့၌ အသက်ကြီးသူတို့သည် ထိုသူကိုခေါ်၍ မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမကို အကျွန်ုပ်မယူလိုပါဟုဆို၍ ခိုင်မာစွာနေလျှင်၊
ထိုယောက်ျားသည် မရီးကိုမယူလိုလျှင် မရီးသည် သက်ကြီးဝါကြီးတို့ရှိရာ မြို့တံခါးသို့သွား၍ ‘ကျွန်မ၏မတ်သည် အစ္စရေးလူမျိုးထဲ၌ သူ့အစ်ကို၏အမည်ဆက်ရှိနေစေရမည်ကို သူမပြုလိုပါ။ သူသည် ကျွန်မအပေါ်၌ မတ်တစ်ယောက်၏တာဝန်ကိုမယူလိုပါ’ဟု ပြောကြားရမည်။
သူ၏မရီးသည် သူ့ထံသို့ သွား၍ သက်ကြီးဝါကြီးတို့ရှေ့၌ သူ့ခြေမှ ဖိနပ်ကိုချွတ်ယူပြီး သူ၏မျက်နှာကို တံတွေးထွေးကာ ‘ကိုယ့်အစ်ကို၏အိမ်ကိုမတည်ဆောက်သောသူအား ဤသို့ပြုရသည်’ဟု ပြောရမည်။
သင့်ကို ပြောပြသင့်သည်ထင်ပါ၏။ ယခု ဤနေရာတွင်ထိုင်နေသောသူတို့နှင့် မြို့သားသက်ကြီးဝါကြီးတို့ရှေ့တွင် ဝယ်ပါ။ သင်ရွေးနုတ်လိုလျှင် ရွေးနုတ်ပါ။ မရွေးနုတ်လိုလျှင် အကျွန်ုပ်ကိုပြောပါ။ သင်နှင့် ကျွန်ုပ်မှလွဲ၍ ရွေးနုတ်ပိုင်သူမရှိ။ သင်အလျင် ရွေးနုတ်ပိုင်ခွင့်ရှိသည်။ သင်မရွေးနုတ်လျှင် ကျွန်ုပ်ရွေးနုတ်မည်”ဟု ဆိုလျှင် ထိုသူက “ကျွန်ုပ်ရွေးနုတ်ပါမည်”ဟု ဆို၏။
ရွေးနုတ်ခွင့်ရှိသူကလည်း “ကျွန်ုပ်ပိုင်သောအမွေမြေအတွက် အန္တရာယ်ဖြစ်မည်ကို စိုးသောကြောင့် ကျွန်ုပ်မရွေးနုတ်တော့ပါ။ ကျွန်ုပ်မရွေးနုတ်နိုင်သောကြောင့် သင်သာ ရွေးနုတ်ပါ”ဟု ပြန်ပြော၏။
ရှေးယခင်က အစ္စရေးလူမျိုးတို့တွင် ရွေးနုတ်ခြင်းအမှု၊ လဲလှယ်ခြင်းအမှုတို့ကို အတည်ပြုရန် တစ်ဦးက အခြားတစ်ဦးအား မိမိ၏ဖိနပ်ကို ချွတ်ပေးရလေ့ရှိသည်မှာ အစ္စရေးလူမျိုးတို့၏ဓလေ့ထုံးတမ်း ဖြစ်၏။