ဧဒုံအမျိုးအနွယ်သူကြီးတို့သည်လည်း ထိတ်လန့်ကြလိမ့်မည်။ မောဘလူမျိုးအကြီးအကဲတို့သည် ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ကြုံတွေ့ရလိမ့်မည်။ ခါနာန်ပြည်သားအပေါင်းတို့သည် စိတ်အားလျော့ကြလိမ့်မည်။
တရားဟော 20:8 - မြန်မာ့စံမီသမ္မာကျမ်း ကြီးကြပ်အုပ်ချုပ်သူတို့သည် စစ်သည်တို့အား ‘ကြောက်တတ်သောသူ၊ စိတ်မခိုင်သောသူတစ်စုံတစ်ယောက်ရှိသလော။ ထိုသူကို မိမိအိမ်သို့ပြန်သွားစေ။ သို့မဟုတ်လျှင် ထိုသူသည် မိမိကဲ့သို့ မိမိညီအစ်ကိုတို့ကို စိတ်ပျက်အားလျော့စေလိမ့်မည်’ဟု ဆက်၍ပြောကြားရမည်။ Common Language Bible ``စစ်ဗိုလ်များကဆက်လက်၍`သင်တို့တွင် သူရဲဘောနည်း၍ကြောက်ရွံ့သောသူရှိ သလော။ ရှိလျှင်အိမ်သို့ပြန်စေ။ သို့မဟုတ် လျှင်သူ့ကြောင့် အခြားသူတို့စိတ်ဋ္ဌာတ်ကျ ဆင်းလိမ့်မည်ဟုတပ်သားတို့အားပြော ဆိုရမည်။- Garrad Bible ကြောက် ရွံ့ စိတ် လျော့ သူ ရှိ လျှင် တပ် သား ချင်း တို့ စိတ် မ လျော့ စေ ခြင်း ငှါ၊ အိမ် သို့ ပြန် သွား စေ ဟူ ၍ လည်း ကောင်း၊ Judson Bible တစ်ဖန်လည်း၊ ဗိုလ်တို့က ကြောက်တတ်သော သဘောရှိ၍ စိတ်ပျက်သောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ်လျှင် ထိုသူစိတ်ပျက်သကဲ့သို့ သူ၏အဖော်တို့သည် စိတ်ပျက်ကြလိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။ |
ဧဒုံအမျိုးအနွယ်သူကြီးတို့သည်လည်း ထိတ်လန့်ကြလိမ့်မည်။ မောဘလူမျိုးအကြီးအကဲတို့သည် ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ကြုံတွေ့ရလိမ့်မည်။ ခါနာန်ပြည်သားအပေါင်းတို့သည် စိတ်အားလျော့ကြလိမ့်မည်။
သင်သည် ဆင်းရဲဒုက္ခရောက်သောကာလ၌ စိတ်အားလျော့လျှင် သင်၏ခွန်အားသည် နည်းလိမ့်မည်။
သို့သော် သူနှင့်အတူသွားခဲ့သောသူတို့က “ထိုသူတို့သည် ငါတို့ထက်အားကြီးသောကြောင့် သူတို့ကို တိုက်ခိုက်ရန်မဖြစ်နိုင်ပါ”ဟု ဆိုကြ၏။
သူတို့သည် ဧရှကောလချိုင့်ဝှမ်းတိုင်အောင်သွား၍ ထိုပြည်ကို ကြည့်ရှုခဲ့သော်လည်း ထာဝရဘုရားပေးတော်မူသောပြည်သို့ အစ္စရေးအမျိုးသားတို့ ဝင်လိုသောစိတ်မရှိအောင် လုပ်ကြ၏။
ယေရှုကလည်း“ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်ကြည့်သောသူသည် ဘုရားသခင်၏နိုင်ငံတော်နှင့်မထိုက်တန်”ဟု မိန့်တော်မူ၏။
အယူမလွဲကြနှင့်။ မကောင်းသောအပေါင်းအဖော်တို့သည် ကောင်းသောအကျင့်စာရိတ္တကို ပျက်စီးစေကြ၏။
ငါတို့သည် မည်သည့်အရပ်သို့သွားနေကြသနည်း။ ညီအစ်ကိုတို့က “ထိုပြည်သားတို့သည် အကျွန်ုပ်တို့ထက်ကိုယ်ခန္ဓာကြီးမား၍အရပ်မြင့်ကြ၏။ မြို့များသည်လည်း ကြီးမား၍ မြို့ရိုးတို့သည် မိုးထိမြင့်၏။ ထိုမျှမက အာနကအမျိုးတို့ကိုလည်း ထိုနေရာ၌ အကျွန်ုပ်တို့တွေ့မြင်ရပါ၏”ဟု ဆိုလျက် ငါတို့ကို စိတ်ပျက်အားလျော့စေပြီ’ဟု ဆိုကြ၏။
ကြီးကြပ်အုပ်ချုပ်သူတို့သည် စစ်သည်တို့အား ပြောကြားပြီးနောက် စစ်သည်တို့အထက်၌ တပ်ဖွဲ့၏အကြီးအကဲများကို ခန့်ထားရမည်။
သင်သည် ရန်သူတို့ကိုတိုက်ခိုက်ရန် စစ်ချီ၍ စခန်းချသောအခါ မကောင်းမှုရှိသမျှကိုရှောင်ရမည်။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
သင်သည် ဤသို့ အပူလည်းမဟုတ်၊ အအေးလည်းမဟုတ်၊ မပူမအေးဖြစ်နေသောကြောင့် သင့်ကို ငါ့ခံတွင်းထဲမှ ထွေးထုတ်တော့မည်။
ထို့ကြောင့် ‘ကြောက်တတ်သောသူ၊ သတ္တိမရှိသောသူ မည်သူမဆို ဂိလဒ်တောင်မှ လှည့်ပြန်သွားကြ’ဟူ၍ လူအများကြားသိအောင် ကြေညာလော့”ဟု မိန့်တော်မူ၏။ ထိုသို့ ကြေညာပြီးသောအခါ လူအယောက်နှစ်သောင်းနှစ်ထောင် ပြန်သွားသဖြင့် လူအယောက်တစ်သောင်းသာ ကျန်ရစ်၏။