ပရောဖက်တစ်ဦးက ငြိမ်းချမ်းခြင်းအကြောင်းကို ပရောဖက်ပြုဟောပြော၍ သူဟောသည့်အတိုင်းဖြစ်လာလျှင် သူသည် ထာဝရဘုရားစေလွှတ်တော်မူသောပရောဖက်ဖြစ်ကြောင်း သိရမည်”ဟု ဆို၏။
တရားဟော 18:21 - မြန်မာ့စံမီသမ္မာကျမ်း သင့်စိတ်ထဲ၌ ‘ထာဝရဘုရားမိန့်မှာတော်မူသောစကားဟုတ်၊ မဟုတ် မည်သို့သိနိုင်မည်နည်း’ဟု ဆိုလျှင် Common Language Bible ``ပရောဖက်တစ်ဦးကဆင့်ဆိုသောစကားသည် ထာဝရဘုရားထံတော်မှလာသည်မလာ သည်ကိုသင်တို့သိလိုလိမ့်မည်။- Garrad Bible အ ကယ် ၍ သင် တို့ က၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ချက် ဟုတ် မ ဟုတ် မည် သို့ ပိုင်း ခြား အံ့ နည်း ဟု အောက် မေ့ ကြ လျှင် Judson Bible သင်ကလည်း ထာဝရဘုရားမိန့်တော်မူသည် မမူသည်ကို ငါတို့သည် အဘယ်သို့သိနိုင်သနည်းဟု တွေးတောလျှင်၊ |
ပရောဖက်တစ်ဦးက ငြိမ်းချမ်းခြင်းအကြောင်းကို ပရောဖက်ပြုဟောပြော၍ သူဟောသည့်အတိုင်းဖြစ်လာလျှင် သူသည် ထာဝရဘုရားစေလွှတ်တော်မူသောပရောဖက်ဖြစ်ကြောင်း သိရမည်”ဟု ဆို၏။
အို လူသားအပေါင်းတို့၊ ထာဝရဘုရားရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့။ ထာဝရဘုရားသည် သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်မှ ကြွလာတော်မူပြီ။
ပရောဖက်တစ်ပါးပါးသည် အတင့်ရဲ၍ ငါမမိန့်မှာထားသောစကားကို ငါ့နာမဖြင့် ဆင့်ဆိုလျှင်ဖြစ်စေ၊ အခြားသောဘုရား၏နာမဖြင့်ဆင့်ဆိုလျှင်ဖြစ်စေ ထိုပရောဖက်သည် အသတ်ခံရမည်’ဟု မိန့်တော်မူ၏။
ပရောဖက်သည် ထာဝရဘုရား၏နာမတော်ဖြင့် ဆင့်ဆို၍ သူဆင့်ဆိုသည့်အတိုင်း မဖြစ်လာ၊ မပြည့်စုံလာလျှင် ထိုစကားသည် ထာဝရဘုရားမိန့်တော်မူသောစကား မဟုတ်။ ထိုပရောဖက်သည် အတင့်ရဲစွာဆင့်ဆိုပြီ။ သင်သည် သူ့ကို မကြောက်ရ။
သင်တို့ကို ခေါ်ယူတော်မူသောအရှင်သည် သစ္စာနှင့်ပြည့်စုံသည်ဖြစ်၍ ထိုသို့ပြုတော်မူလိမ့်မည်။
သင်၏လုပ်ဆောင်မှုများမှစ၍ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် သည်းခံမှုတို့ကိုငါသိ၏။ သင်သည် ဆိုးယုတ်သောသူတို့ကို လက်မခံနိုင်ကြောင်းနှင့် မိမိတို့ကိုယ်ကို တမန်တော်ဟုခေါ်ဆိုကြသော်လည်း တမန်တော်မဟုတ်သောသူတို့ကို စမ်းသပ်စစ်ဆေး၍ သူတို့သည် လိမ်လည်သောသူများဖြစ်ကြသည်ဟု သင်တွေ့ရှိကြောင်းကိုလည်း ငါသိ၏။
ရှမွေလသည် ထာဝရဘုရား၏ပရောဖက်ဖြစ်ကြောင်းကို ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင် အစ္စရေးလူမျိုးအပေါင်းတို့ သိမှတ်ကြ၏။