သင်တည်ဆောက်မည့် သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ဘေး၌ အာရှရနတ်ဘုရားမတံခွန်တိုင်အဖြစ် မည်သည့်သစ်ပင်ကိုမျှ မစိုက်ရ။
``သင်တို့၏ဘုရားသခင်ထာဝရဘုရား အတွက် ယဇ်ပလ္လင်ကိုတည်သောအခါပလ္လင် အနီးတွင်အာရှရဘုရားမ၏သစ်တိုင် ကိုမစိုက်မထူရ။-
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ဖို့ တည် လုပ် မည့် ပူ ဇော် ရာ ပ လ္လင် တော့် အ နီး၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မုန်း ထား သော ကျောက် တိုင်၊ တံ ခွန် တိုင် မည် သည် ကို မျှ မ စိုက် မ ထူ ကြ ရ။
သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ သင်တည်သော ယဇ်ပလ္လင်အနားမှာ အဘယ်သို့သော အာရှရပင်ကိုမျှ မစိုက်ရ။
အစ္စရေးလူမျိုးသည် အာရှရနတ်ဘုရားမတံခွန်တိုင်များကို ပြုလုပ်ပြီး ထာဝရဘုရားကိုအမျက်ထွက်စေသောကြောင့် ထာဝရဘုရားသည် သူတို့ကို ရေထဲ၌လှုပ်ခါယမ်းသောကျူပင်ကဲ့သို့ လှုပ်ခါယမ်းစေမည်။ ဘိုးဘေးတို့အားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ထဲမှ အစ္စရေးလူမျိုးတို့ကို ထုတ်ပစ်၍ ယူဖရေးတီးမြစ်တစ်ဖက်ကမ်းသို့ ကွဲလွင့်သွားစေမည်။
အာဟပ်မင်းကြီးသည် အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း စိုက်ထူ၏။ ထိုထက်မက သူ့အလျင်ရှိခဲ့သောအစ္စရေးဘုရင်အပေါင်းတို့ထက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို သာ၍အမျက်ထွက်စေ၏။
သူတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသမျှသောပညတ်ချက်တို့ကို စွန့်ပစ်ပြီး နွားသငယ်ရုပ်တုနှစ်ရုပ်ကို သွန်းလုပ်ကြ၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကို စိုက်ထူကြ၏။ ကောင်းကင်တန်ဆာရှိသမျှကို ကိုးကွယ်ကြ၏။ ဗာလဘုရားကို ဝတ်ပြုကြ၏။
သူသည် ခမည်းတော်ဟေဇကိမင်းကြီး ဖျက်ဆီးပစ်ခဲ့သည့် အထွတ်အမြတ်ထားရာနေရာတို့ကို ပြန်လည်တည်ဆောက်၏။ အစ္စရေးဘုရင်အာဟပ်မင်းကြီးပြုသကဲ့သို့ပင် ဗာလယဇ်ပလ္လင်များကိုတည်၍ အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း စိုက်ထူ၏။ ကောင်းကင်တန်ဆာရှိသမျှတို့ကိုလည်း ရှိခိုးကိုးကွယ်၏။
မိမိကိုယ်တိုင်ထွင်းထုထားသော အာရှရနတ်ဘုရားမရုပ်တုကိုလည်း အိမ်တော်တွင် ထားရှိ၏။ ထာဝရဘုရားက ဤအိမ်တော်နှင့်ပတ်သက်၍ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားတော်ရှောလမုန်မင်းကြီးတို့အား “အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့ထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့၊ ဤအိမ်တော်တွင် ငါ့နာမကို အစဉ်တည်စေမည်။
သူသည် ခမည်းတော်ဟေဇကိမင်းကြီး ဖြိုဖျက်ခဲ့သည့် အထွတ်အမြတ်ထားရာနေရာတို့ကို ပြန်လည်တည်ဆောက်၏။ ဗာလယဇ်ပလ္လင်များကို တည်၍ အာရှရနတ်ဘုရားမတံခွန်တိုင်တို့ကိုလည်း စိုက်ထူ၏။ ကောင်းကင်တန်ဆာရှိသမျှတို့ကိုလည်း ရှိခိုးကိုးကွယ်၏။
သင်သည် သူတို့၏ယဇ်ပလ္လင်များကို ဖြိုဖျက်ပစ်၍ သူတို့၏ကျောက်တိုင်များကို ဖြိုလှဲရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲရမည်။
သင်တို့အဖို့ ရုပ်တုများကို မပြုလုပ်ရ။ ဆင်းတုကို မထွင်းထုရ။ ကျောက်တိုင်ကို မစိုက်ထူရ။ သင်တို့၏ပြည်၌ ကျောက်ဆစ်ရုပ်တုကိုသင်တို့ရှိခိုးကိုးကွယ်ဖို့ မထားရ။ အကြောင်းမူကား ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ထို့ကြောင့် သူတို့ကို ဤသို့ပြုရမည်။ သူတို့၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကျောက်တိုင်များကို ဖြိုလှဲရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကို ခုတ်လှဲ၍ ရုပ်တုဆင်းတုများကို မီးရှို့ပစ်ရမည်။
ဤသို့ အစ္စရေးအမျိုးသားတို့သည် မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့ထားကာ ဗာလဘုရား၊ အာရှရနတ်ဘုရားမတို့ကို ဝတ်ပြုလျက် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြသောကြောင့်