ဟေရှဘုန်မြို့၌စံမြန်းသော အာမောရိဘုရင်ရှိဟုန်မင်းကြီးနှင့် ဧဒြိအရပ်၊ အာရှတရုတ်မြို့၌စံမြန်းသော ဗာရှန်ဘုရင်ဩဃမင်းကြီးတို့ကို လုပ်ကြံပြီးနောက်
တရားဟော 1:5 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ မောဘပြည်တွင် ထိုပညတ်တရားတို့ကို စတင်ရှင်းပြလေ၏။ Common Language Bible မောရှေသည်ဣသရေလအမျိုးသားတို့ ယော်ဒန်မြစ်အရှေ့ဘက်မောဘပြည်တွင် ရောက်ရှိနေကြစဉ် ဘုရားသခင်၏ပညတ် များနှင့်သွန်သင်ချက်များကိုစတင်ရှင်းလင်း ပေးလေသည်။ |
ဟေရှဘုန်မြို့၌စံမြန်းသော အာမောရိဘုရင်ရှိဟုန်မင်းကြီးနှင့် ဧဒြိအရပ်၊ အာရှတရုတ်မြို့၌စံမြန်းသော ဗာရှန်ဘုရင်ဩဃမင်းကြီးတို့ကို လုပ်ကြံပြီးနောက်
မောရှေက “ဟောရပ်တောင်၌ ငါတို့၏ဘုရားသခင်ထာဝရဘုရားက ငါတို့အား ‘သင်တို့သည် ဤတောင်၌ ကြာမြင့်စွာနေထိုင်ကြပြီ။
မောရှေသည် ဤပညတ်တရားတော်ကို ရေးသား၍ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုသယ်ဆောင်သော လေဝိအမျိုးသားယဇ်ပုရောဟိတ်တို့နှင့် အစ္စရေးလူမျိုးသက်ကြီးဝါကြီးအပေါင်းတို့အား ပေးအပ်လေ၏။
“ယနေ့ သင်တို့အား ငါသတိပေးသောစကားရှိသမျှတို့ကို နှလုံးသွင်းကြလော့။ ဤတရားစကားရှိသမျှတို့ကို လိုက်နာစောင့်ထိန်းမည့်အကြောင်း သင်တို့၏သားသမီးတို့ကို မှာကြားကြလော့။
ဤတရားကို ဂျော်ဒန်မြစ်တစ်ဖက်၊ ဗက်ပေဂုရအရပ်နှင့်မျက်နှာချင်းဆိုင်ချိုင့်ဝှမ်း၌ မိန့်ဆိုခဲ့ခြင်းဖြစ်၏။ ထိုအရပ်သည် မောရှေနှင့်အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီးနောက် တိုက်ခိုက်ခဲ့သော ဟေရှဘုန်မြို့၌စံမြန်းသည့် အာမောရိဘုရင်ရှိဟုန်မင်းကြီး၏နယ်မြေဖြစ်၏။
ယနေ့ သင်တို့ရှေ့မှောက်၌ ငါထားသော ဤတရားအလုံးစုံတို့ကဲ့သို့ ဖြောင့်မှန်သော ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်မျိုး မည်သည့်လူမျိုးကြီး၌ရှိသနည်း။