ကိုယ်တော်၏လူမျိုးတော်ကိုကယ်တင်၍ ကိုယ်တော်၏အမွေတော်ကို ကောင်းချီးပေးတော်မူပါ။ သူတို့ကိုထိန်းကျောင်း၍ သူတို့ကိုအစဉ်အမြဲ ပွေ့ချီခေါ်ဆောင်တော်မူပါ။
တရားဟော 1:31 - မြန်မာ့စံမီသမ္မာကျမ်း ဤအရပ်သို့ သင်တို့ရောက်သည့်တိုင်အောင် သင်တို့သွားသည့်လမ်းခရီးတစ်လျှောက်တွင် ဖခင်သည် သားကိုချီပိုးသကဲ့သို့ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို မည်ကဲ့သို့ချီပိုးတော်မူခဲ့ကြောင်းကို တောကန္တာရ၌သင်တို့တွေ့မြင်ခဲ့ရသကဲ့သို့ ထာဝရဘုရားသည် သင်တို့အဖို့ စစ်တိုက်တော်မူလိမ့်မည်’ဟု ဆို၏။ Judson Bible သင်တို့လိုက်လာသော လမ်းတစ်လျှောက်လုံး၊ ဤအရပ်တိုင်အောင် အဘသည် သားကိုချီပိုက်သကဲ့သို့၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုချီပိုက်တော်မူသော ကျေးဇူးတော်ကိုခံရာ တော၌လည်းကောင်း၊ သင်တို့အဖို့ပြုတော်မူသကဲ့သို့၊ သင်တို့ဘက်၌ စစ်ကူတော်မူမည်ဟု ဆိုသော်လည်း၊ |
ကိုယ်တော်၏လူမျိုးတော်ကိုကယ်တင်၍ ကိုယ်တော်၏အမွေတော်ကို ကောင်းချီးပေးတော်မူပါ။ သူတို့ကိုထိန်းကျောင်း၍ သူတို့ကိုအစဉ်အမြဲ ပွေ့ချီခေါ်ဆောင်တော်မူပါ။
‘ငါသည် အီဂျစ်လူမျိုးတို့ကို စီရင်ခဲ့ပုံ၊ သင်တို့ကို လင်းယုန်၏တောင်ပံများပေါ်တင်၍ ငါ့ထံသို့ ခေါ်ဆောင်လာခဲ့ပုံတို့ကို သင်တို့ကိုယ်တိုင်သိမြင်ခဲ့ကြ၏။
ကိုယ်တော်သည် သိုးထိန်းကဲ့သို့ သိုးစုကို ထိန်းကျောင်းတော်မူမည်။ သိုးသငယ်တို့ကို လက်ရုံးတော်ဖြင့်စုစည်း၍ ရင်ခွင်၌ပွေ့ပိုက်တော်မူမည်။ သားငယ်ရှိသောသိုးမတို့ကိုလည်း ညင်ညင်သာသာပို့ဆောင်တော်မူမည်။
သူတို့ခံရသမျှသောဆင်းရဲဒုက္ခကို ကိုယ်တော်လည်း ခံတော်မူခဲ့၏။ မျက်မှောက်တော်ရှိ ကောင်းကင်တမန်သည် သူတို့ကို ကယ်တင်ခဲ့၏။ ကိုယ်တော်သည် မေတ္တာကရုဏာတော်ဖြင့် သူတို့ကို ရွေးနုတ်တော်မူခဲ့၏။ ရှေးကာလပတ်လုံး သူတို့ကိုချီဆောင်တော်မူခဲ့၏။
ထာဝရဘုရားက “ထိုပဋိညာဉ်သည် သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှ လက်ဆွဲ၍ထုတ်ဆောင်လာခဲ့စဉ်က ဖွဲ့ခဲ့သောပဋိညာဉ်ကဲ့သို့မဟုတ်။ ငါသည် သူတို့၏ခင်ပွန်းဖြစ်သော်လည်း ငါ၏ပဋိညာဉ်ကို သူတို့ချိုးဖောက်ခဲ့ပြီ”ဟု မိန့်တော်မူ၏။
အို နာမတော်ကိုမထီမဲ့မြင်ပြုသောယဇ်ပုရောဟိတ်တို့၊ သားသည် ဖခင်ကိုလည်းကောင်း၊ ကျွန်သည် သခင်ကိုလည်းကောင်း ရိုသေလေးစားတတ်၏။ ငါသည် ဖခင်ဆိုလျှင် ငါ့ကို မည်သူရိုသေလေးစားသနည်း။ ငါသည် သခင်ဆိုလျှင် ငါ့ကို မည်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမေးတော်မူလျှင် သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို မည်သို့မထီမဲ့မြင်ပြုပါသနည်း’ဟု ပြန်မေးလျှောက်ကြ၏။
ဤလူအပေါင်းတို့ကို ခေါ်ဆောင်သွားရန် အကျွန်ုပ်တစ်ယောက်တည်း မတတ်နိုင်ပါ။ အကျွန်ုပ်အတွက် လေးလွန်းသောဝန်ဖြစ်ပါ၏။
အို မိုက်မဲသောလူမျိုး၊ ပညာမဲ့သောလူမျိုး၊ ဤနည်းဖြင့် ထာဝရဘုရားကို ကျေးဇူးဆပ်ရသလော။ ကိုယ်တော်သည် သင်၏ဖခင်၊ သင့်ကိုဖန်ဆင်းသောအရှင် ဖြစ်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သင့်ကိုဖန်ဆင်း၍ ပုံဖော်ဖြစ်တည်စေတော်မူသည်မဟုတ်လော။
ဖခင်သည် သားကိုဆုံးမသကဲ့သို့ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူကြောင်း သင်၏စိတ်နှလုံးထဲ၌ သိမှတ်ရမည်။