အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တော​လည် 32:39 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မနာရှေ​၏​သား​မာခိရ​၏​သားမြေး​တို့​သည် ဂိလဒ်​ပြည်​သို့ သွား​၍ သိမ်းယူ​ပြီးလျှင် ထို​ပြည်​၌​နေထိုင်​သော အာမောရိ​လူမျိုး​တို့​ကို နှင်ထုတ်​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

မ​နာ​ရှေ​သား​မာ​ခိ​ရ​၏​သား​ချင်း​စု​သည် ဂိ​လဒ်​ပြည်​ကို​ဝင်​ရောက်​တိုက်​ခိုက်​ပြီး​လျှင် ထို​ပြည်​တွင်​နေ​ထိုင်​သော​အာ​မော​ရိ​အ​မျိုး သား​တို့​ကို​မောင်း​ထုတ်​၍​ပြည်​ကို​သိမ်း​ပိုက် လေ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

မ နာ ရှေ့ သား မာ ခိ ရ၏ အ ဆက် အ နွယ် သား တို့ သည် ဂိ လဒ် နယ် သို့ ချီ၍ သိမ်း ယူ လျက် နေ ရင်း အာ မော ရိ လူ မျိုး တို့ ကို နှင် ထုတ် သ ဖြင့်၊

အခန်းကိုကြည့်ပါ။

Judson Bible

မ​နာ​ရှေ​မှ​ဆင်း​သက်​သော မာ​ခိ​ရ​အ​မျိုး​သား​တို့​သည်၊ ဂိ​လဒ်​မြို့​သို့ သွား၍​သိမ်း​ယူ​ပြီး​လျှင်၊ အ​ရင်​မြို့​သား အာ​မော​ရိ​လူ​တို့​ကို နှင်​ထုတ်​ကြ၏။

အခန်းကိုကြည့်ပါ။



တော​လည် 32:39
7 ပူးပေါင်းရင်းမြစ်များ  

ဧဖရိမ်​၏​သားသမီး​တို့​ကို တတိယ​မျိုးဆက်​အထိ မြင်​ရ​၏​။ မနာရှေ​၏​မြေး​၊ မာခိရ​၏​သားသမီး​တို့​သည်​လည်း ယောသပ်​၏​ဒူး​ပေါ်မှာ မွေးဖွား​ကြ​၏​။


ထိုမှ ဂိလဒ်​ပြည်​၊ တက်တိမ်ဟော​ရှိ​ပြည်​တို့​သို့ သွား​ပြီး ဒန်ယန်​ပြည်​နှင့် ဆီဒုန်​ပြည်​ဘက်​သို့ ပတ်သွား​ကြ​၏​။


မနာရှေ​အမျိုးအနွယ်​များ​ကား မာခိရ​မှ​ဆင်းသက်​သော မာခိရ​မျိုးနွယ်စု​၊ မာခိရ​သား ဂိလဒ်​မှ​ဆင်းသက်​သော ဂိလဒ်​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။


ဂိလဒ်​မြို့​ကို မာခိရ​အမျိုး​အား ငါ​ပေး​၏​။


ယောသပ်​၏​သားဦး​မနာရှေ​အမျိုးအနွယ်​တို့ မဲချ​၍​ရရှိ​သော​အမွေမြေ​မှာ ဤသို့​ဖြစ်​၏​။ မနာရှေ​၏​သားဦး​၊ ဂိလဒ်​၏​ဖခင် မာခိရ​သည် စစ်သူရဲ​ဖြစ်​၍ ဗာရှန်​ပြည်​နှင့် ဂိလဒ်​ပြည်​ကို အမွေ​ရ​၏​။


ထို​အချိန်​မှစ၍ သူ​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၊ အာမောရိ​လူမျိုး​တို့​၏​နေရာ​ဂိလဒ်​ပြည်​ရှိ အစ္စရေး​အမျိုးသား​တို့​ကို တစ်ဆယ့်​ရှစ်​နှစ်​ဖိနှိပ်​ညှဉ်းဆဲ​ကြ​၏​။


အို ဗင်္ယာမိန်​၊ အာမလက်​ပြည်​၌ အခြေချ​နေထိုင်​သော ဧဖရိမ်​အမျိုး​တို့​သည် သင်​၏​လူ​တို့​နှင့်အတူ သင့်​နောက်သို့​လိုက်​ကြ​ပြီ​။ မာခိရ​အမျိုး​ထဲမှ ခေါင်းဆောင်​များ​ဆင်းလာ​ကြ​ပြီ​။ ဇာဗုလုန်​အမျိုး​ထဲမှ စစ်သူကြီး​များ ဆင်းလာ​ကြ​ပြီ​။