ထို့နောက် မောရှေကျမ်းတွင်ရေးသားထားသည့်အတိုင်း ထာဝရဘုရားထံယဇ်ပူဇော်ရန် ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အုပ်စုခွဲထားသောပြည်သူပြည်သားတို့အား မီးရှို့ရာယဇ်ကို ခွဲဝေပေးကြ၏။ နွားများကိုလည်း ထိုနည်းတူပြုကြ၏။
တောလည် 28:31 - မြန်မာ့စံမီသမ္မာကျမ်း ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာအပြင် အပြစ်အနာအဆာကင်းသောယဇ်ကောင်များနှင့် ထိုယဇ်ကောင်များအတွက် သွန်းလောင်းရာပူဇော်သက္ကာတို့ကို ပူဇော်ရမည်။ Common Language Bible နေ့စဉ်မီးရှို့ရာသကာနှင့်ဘောဇဉ်သကာအပြင် ဤသကာများနှင့်စပျစ်ရည်သကာကိုပူဇော် ရမည်။ Garrad Bible ဆက် မြဲ မီး ရှို့ ရာ သ က္ကာ၊ ဆိုင် ရာ ဘော ဇဉ် သ က္ကာ နှင့် သွန်း လောင်း ရာ သ က္ကာ များ ပြင် ထာ ဝ ရ ဘု ရား ထံ ဆက် ကပ် ပူ ဇော် ကြ လော့။ Judson Bible ထိုသို့အစဉ်အမြဲပူဇော်သော မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာမှတစ်ပါး၊ သွန်းလောင်းရာပူဇော်သကာနှင့်တကွ၊ အပြစ်မပါသော ယဇ်ကောင်များတို့ကို ထပ်၍ပူဇော်ရမည်။ |
ထို့နောက် မောရှေကျမ်းတွင်ရေးသားထားသည့်အတိုင်း ထာဝရဘုရားထံယဇ်ပူဇော်ရန် ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အုပ်စုခွဲထားသောပြည်သူပြည်သားတို့အား မီးရှို့ရာယဇ်ကို ခွဲဝေပေးကြ၏။ နွားများကိုလည်း ထိုနည်းတူပြုကြ၏။
သူသည် နွားကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောနွားထီးကို ပူဇော်ရမည်။ ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်။
အပြစ်အနာအဆာကင်းသော နွားထီးပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်ခုနစ်ကောင်ကို မီးဖြင့်ပူဇော်သော မီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ရမည်။
တစ်ဖန် သူတို့အား ‘ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကား အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်သိုးသငယ်နှစ်ကောင်ကို မီးရှို့ရာယဇ်အဖြစ် နေ့စဉ်မပြတ်ပူဇော်ရမည်။
သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း ပူဇော်ရမည်။