သူတို့သည် ယောသပ်၏သင်တိုင်းကိုယူ၍ ဆိတ်သငယ်အထီးတစ်ကောင်ကိုသတ်ပြီးလျှင် ဆိတ်သွေးထဲ၌ ထိုသင်တိုင်းကိုနှစ်လေ၏။
တောလည် 28:30 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း ပူဇော်ရမည်။ Common Language Bible ထို့အပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီး တစ်ကောင်ကိုလည်းပူဇော်ရမည်။ ဤနည်းအား ဖြင့်လူတို့အတွက်သန့်စင်မှုဝတ်ကိုပြုရမည်။- Garrad Bible သင် တို့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ရန် ဆိတ် ထီး တစ် ကောင် ကို လည်း ကောင်း၊ Judson Bible အပြစ်ဖြေခြင်းကိုပြုအံ့သောငှာ၊ ဆိတ်သငယ်တစ်ကောင်ကိုလည်း ပူဇော်ရမည်။ |
သူတို့သည် ယောသပ်၏သင်တိုင်းကိုယူ၍ ဆိတ်သငယ်အထီးတစ်ကောင်ကိုသတ်ပြီးလျှင် ဆိတ်သွေးထဲ၌ ထိုသင်တိုင်းကိုနှစ်လေ၏။
အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်တစ်ကောင်၊ မိတ်သဟာယယဇ်အတွက် တစ်နှစ်သားအရွယ် သိုးသငယ်နှစ်ကောင်ကို ပူဇော်ရမည်။
လူမမြင်ကွယ်ရာတွင် မရည်ရွယ်ဘဲကျူးလွန်မိမည်ဆိုလျှင် လူထုအပေါင်းတို့သည် စီရင်ထုံးဖွဲ့ချက်နှင့်အညီ မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှနွားထီးပျိုတစ်ကောင်ကို မွှေးကြိုင်သောရနံ့အဖြစ် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်အတူ ထာဝရဘုရားအား ပူဇော်ရမည်။ ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် သွန်းလောင်းရာပူဇော်သက္ကာအပြင် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ရမည်။
သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
သိုးသငယ်ခုနစ်ကောင်တွင် တစ်ကောင်လျှင် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာအပြင် အပြစ်အနာအဆာကင်းသောယဇ်ကောင်များနှင့် ထိုယဇ်ကောင်များအတွက် သွန်းလောင်းရာပူဇော်သက္ကာတို့ကို ပူဇော်ရမည်။
ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။
ခရစ်တော်သည် ငါတို့အတွက် ကျိန်ခြင်းခံရသူဖြစ်ပြီး ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် “သစ်တိုင်ပေါ်၌ဆွဲထားခြင်းခံရသူတိုင်း ကျိန်ခြင်းကိုခံရသူဖြစ်၏”ဟု ရေးထား၏။
ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်